ဗြိတိန်ရှိ Jota လေကြောင်းကုမ္ပဏီပိုင်ရှင်သူဌေးကြီးက ကိုရိုနာဗိုင်းရပ်စ် lockdown ချမှုကြောင့် စီးပွားရေးထိခိုက်မှုအတွက် အစိုးရကို တရားစွဲ

ဗြိတိန်ရှိ Jota လေကြောင်းကုမ္ပဏီပိုင်ရှင်သူဌေးကြီးက ကိုရိုနာဗိုင်းရပ်စ် lockdown ချမှုကြောင့် စီးပွားရေးထိခိုက်မှုအတွက် အစိုးရကို တရားစွဲ - Property News in Myanmar from iMyanmarHouse.com
3 May 2020 12:35 pm တွင် တင်ခဲ့သည်
676 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗြိတိန်ရှိ Jota လေကြောင်းကုမ္ပဏီပိုင်ရှင်သူဌေးကြီးက ကိုရိုနာဗိုင်းရပ်စ်ကာလ lockdown ချမှတ်မှုများသည် ပြင်းထန်လွန်းပြီး စီးပွားရေးကို ထိခိုက်စေကြောင်း ပြောကြားကာ အစိုးရအား တရားစွဲထားသည်။

Jota Aviation လေကြောင်းကုမ္ပဏီပိုင်ရှင် အသက် ၅၀ အရွယ်ရှိ ဆိုင်မွန် ဒိုလန်သည် အစိုးရအား တရားစွဲရသည့် ရည်ရွယ်ချက်ကို ဗြိတိန် ကျန်းမာရေးဝန်ကြီး မက်ထ် ဟန်းကွပ်ခ်ထံ အသိပေးအကြောင်းကြားခဲ့ပြီး lockdown ချမှတ်သည့် အစီအမံများသည် လူ့အခွင့်အရေးကို ချိုးဖောက်နေကြောင်း ပြောကြားသည်။

Jota Aviation သည် ဗြိတိန်အမျိုးသားကျန်းမာရေးစောင့်ရှောက်မှု (NHS) သို့ PPE များ တင်သွင်းပေးရန်လည်း ကန်ထရိုက်တစ်ခု ရရှိထားသည့် ကုမ္ပဏီဖြစ်ပြီး လန်ဒန်မြို့လယ်မှ ၃၆ မိုင်ကွာဝေးသည့် အက်ဆက်စ် (Essex) ခရိုင်တွင် တည်ရှိသည့် နိုင်ငံတကာ လေဆိပ်တစ်ခုဖြစ်သော Southend Airport တွင် အခြေစိုက်သည်။

Jota Aviation သည် ကုန်တင်လေကြောင်းခရီးစဉ်များအပြင် အထူးခရီးသည် (VIP) ခရီးစဉ်များနှင့် စင်းလုံးငှားခရီးစဉ်များ ပျံသန်း ပြေးဆွဲသည်။

အစိုးရက ဆက်လက်ချမှတ်ထားနေသည့် lockdown ချမှုသည် covid-19 ပျံ့နှံ့မှုကို အကာအကွယ်ပေးနိုင်သည်ထက် လူများသေဆုံးမှုကိုသာ ပိုမိုပေါ်ပေါက်စေမည်ဟု

အစိုးရ၏ lockdown ဆုံးဖြတ်ချက်ကို တရားရေးဆိုင်ရာ ပြန်လည်သုံးသပ်မှုများ ပြုလုပ်ရန် ဆိုင်မွန် ဒိုလန်က ကြိုးစားသွားမည် ဖြစ်သည်။

တရားစွဲဆိုခြင်းလုပ်ငန်းများကို စတင်ရန် မစ္စတာ ဒိုလန်က အိမ်ခြံမြေနှင့်ဥပဒေရေးရာ ဝန်ဆောင်မှုကုမ္ပဏီ Wedlake Bell အား ညွှန်ကြားခဲ့သည်။

Wedlake Bell မှတဆင့် ကျန်းမာရေးဝန်ကြီး မက်ထ် ဟန်းကွပ်ခ်ထံသို့ ပေးပို့ခဲ့သော စာမျက်နှာ ၂၂ မျက်နှာပါ တင်ပြစာတွင် “ကျွနု်ပ်တို့သည် ဆိုင်မွန်ဒိုလန်၏ ကိုယ်စားပြုခွင့်ရရှိထားသူ ဖြစ်ပါသည်။ ဆိုင်မွန်ဒိုလန်သည် ဗြိတိန်ရှိ လုပ်ငန်းပေါင်း ၁၀ ခုကို အပြည့်အဝ (သို့မဟုတ်) တစိတ်တပိုင်း ပိုင်ဆိုင်ထားပြီး အဆိုပါလုပ်ငန်းများတွင် ခန့်ထားသည့် စုစုပေါင်း ဝန်ထမ်းဦးရေမှာ ၆၀၀ ဝန်းကျင်ရှိပါသည်။ သူ၏ ကုမ္ပဏီ Jota Aviation သည် မကြာသေးမီ သီတင်းပတ်များအတွင်း NHS မှ ကျန်းမာရေးဝန်ထမ်းများအတွက် PPE ဝတ်စုံများ သယ်ယူပို့ဆောင်ပေးရန် များပြားလှသော လေကြောင်းခရီးစဉ်များ ပျံသန်းပေးခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင် ပြည်ပတွင် သောင်တင်နေသည့် ဗြိတိန်နိုင်ငံသားတို့ကို ပြန်လည်ခေါ်ယူပေးသည့် ခရီးစဉ်များလည်း ပျံသန်းပေးခဲ့ပါသည်” ဟု ရေးသားထားသည်။

မစ္စတာဒိုလန်က The Guardian သို့ ပြောကြားရာတွင် “lockdown ချတယ်ဆိုတာက သေခြင်းတရားကို ရှောင်ရှားနိုင်ဖို့အတွက် ရှင်သန်မှုတွေ ရပ်ဆိုင်းရမယ်လို့ ပြောလိုက်တာပါပဲ။ လူတွေကို အိမ်ထဲမှာ အကျဉ်းချထားဖို့ ဆုံးဖြတ်တာက တကယ့်ကို အံ့သြဖွယ် ဆုံးဖြတ်ချက်ပါ” ဟု ဆိုသည်။

“လူပေါင်းများစွာ အလုပ်တွေ ပြုတ်ကုန်ကြတယ်။ ကင်ဆာကုထုံးခံယူရမယ့်သုူကလည်း ဆေးမကုရဘူး။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတွေ၊ အိမ်တွင်းညှင်းပန်းနှိပ်စက်မှုတွေရှိလာတယ်။ ဘာကြောင့် မလိမ့်တပတ်လုပ်နေကြတာလဲ။ အရင်ဆုံးဖြတ်ချက်က မှန်ကန်ကြောင်း ပြဖို့အတွက် အစိုးရက ဒါကိုဆက်လုပ်နေသလို ဖြစ်နေတယ်။ သူတို့ လုပ်သင့်တာက ငါတို့တော့ ဒါလုပ်ခဲ့တယ်။ အခု ငါတို့ ကွဲပြားခြားနားတဲ့ဟာကို လုပ်မယ်လို့ ပြောသင့်တယ်” ဟု ဆိုင်မွန်ဒိုလန်က ပြောကြားသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: One of Britain’s richest businessmen worth £141million launches legal challenge to the coronavirus lockdown in bid to end ‘draconian’ quarantine that is ‘wrecking’ the economy (Daily Mail)

[Zawgyi]

ျဗိတိန္ရွိ Jota ေလေၾကာင္းကုမၸဏီပိုင္ရွင္သူေဌးၾကီးက ကိုရိုနာဗိုင္းရပ္စ္ lockdown ခ်မႈေၾကာင့္ စီးပြားေရးထိခိုက္မႈအတြက္ အစိုးရကို တရားစြဲ

ျဗိတိန္ရွိ Jota ေလေၾကာင္းကုမၸဏီပိုင္ရွင္သူေဌးၾကီးက ကိုရိုနာဗိုင္းရပ္စ္ကာလ lockdown ခ်မွတ္မႈမ်ားသည္ ျပင္းထန္လြန္းျပီး စီးပြားေရးကို ထိခိုက္ေစေၾကာင္း ေျပာၾကားကာ အစိုးရအား တရားစြဲထားသည္။

Jota Aviation ေလေၾကာင္းကုမၸဏီပိုင္ရွင္ အသက္ ၅၀ အရြယ္ရွိ ဆိုင္မြန္ ဒိုလန္သည္ အစိုးရအား တရားစြဲရသည့္ ရည္ရြယ္ခ်က္ကို ျဗိတိန္ က်န္းမာေရးဝန္ၾကီး မက္ထ္ ဟန္းကြပ္ခ္ထံ အသိေပးအေၾကာင္းၾကားခဲ့ျပီး lockdown ခ်မွတ္သည့္ အစီအမံမ်ားသည္ လူ႔အခြင့္အေရးကို ခ်ဳိးေဖာက္ေနေၾကာင္း ေျပာၾကားသည္။

Jota Aviation သည္ ျဗိတိန္အမ်ဳိးသားက်န္းမာေရးေစာင့္ေရွာက္မႈ (NHS) သို႔ PPE မ်ား တင္သြင္းေပးရန္လည္း ကန္ထရိုက္တစ္ခု ရရွိထားသည့္ ကုမၸဏီျဖစ္ျပီး လန္ဒန္ျမိဳ ႔လယ္မွ ၃၆ မိုင္ကြာေဝးသည့္ အက္ဆက္စ္ (Essex) ခရိုင္တြင္ တည္ရွိသည့္ ႏိုင္ငံတကာ ေလဆိပ္တစ္ခုျဖစ္ေသာ Southend Airport တြင္ အေျခစိုက္သည္။

Jota Aviation သည္ ကုန္တင္ေလေၾကာင္းခရီးစဥ္မ်ားအျပင္ အထူးခရီးသည္ (VIP) ခရီးစဥ္မ်ားႏွင့္ စင္းလံုးငွားခရီးစဥ္မ်ား ပ်ံသန္း ေျပးဆြဲသည္။

အစိုးရက ဆက္လက္ခ်မွတ္ထားေနသည့္ lockdown ခ်မႈသည္ covid-19 ပ်ံ ႔ႏွံ႔မႈကို အကာအကြယ္ေပးႏိုင္သည္ထက္ လူမ်ားေသဆံုးမႈကိုသာ ပိုမိုေပၚေပါက္ေစမည္ဟု

အစိုးရ၏ lockdown ဆံုးျဖတ္ခ်က္ကို တရားေရးဆိုင္ရာ ျပန္လည္သံုးသပ္မႈမ်ား ျပဳလုပ္ရန္ ဆိုင္မြန္ ဒိုလန္က ၾကိဳးစားသြားမည္ ျဖစ္သည္။

တရားစြဲဆိုျခင္းလုပ္ငန္းမ်ားကို စတင္ရန္ မစၥတာ ဒိုလန္က အိမ္ျခံေျမႏွင့္ဥပေဒေရးရာ ဝန္ေဆာင္မႈကုမၸဏီ Wedlake Bell အား ညႊန္ၾကားခဲ့သည္။

Wedlake Bell မွတဆင့္ က်န္းမာေရးဝန္ၾကီး မက္ထ္ ဟန္းကြပ္ခ္ထံသို႔ ေပးပို႔ခဲ့ေသာ စာမ်က္ႏွာ ၂၂ မ်က္ႏွာပါ တင္ျပစာတြင္ “ကၽြႏု္ပ္တို႔သည္ ဆိုင္မြန္ဒိုလန္၏ ကိုယ္စားျပဳခြင့္ရရွိထားသူ ျဖစ္ပါသည္။ ဆိုင္မြန္ဒိုလန္သည္ ျဗိတိန္ရွိ လုပ္ငန္းေပါင္း ၁၀ ခုကို အျပည့္အဝ (သို႔မဟုတ္) တစိတ္တပိုင္း ပိုင္ဆိုင္ထားျပီး အဆိုပါလုပ္ငန္းမ်ားတြင္ ခန္႔ထားသည့္ စုစုေပါင္း ဝန္ထမ္းဦးေရမွာ ၆၀၀ ဝန္းက်င္ရွိပါသည္။ သူ၏ ကုမၸဏီ Jota Aviation သည္ မၾကာေသးမီ သီတင္းပတ္မ်ားအတြင္း NHS မွ က်န္းမာေရးဝန္ထမ္းမ်ားအတြက္ PPE ဝတ္စံုမ်ား သယ္ယူပို႔ေဆာင္ေပးရန္ မ်ားျပားလွေသာ ေလေၾကာင္းခရီးစဥ္မ်ား ပ်ံသန္းေပးခဲ့ျပီး ျဖစ္ပါသည္။ ထို႔အျပင္ ျပည္ပတြင္ ေသာင္တင္ေနသည့္ ျဗိတိန္ႏိုင္ငံသားတို႔ကို ျပန္လည္ေခၚယူေပးသည့္ ခရီးစဥ္မ်ားလည္း ပ်ံသန္းေပးခဲ့ပါသည္” ဟု ေရးသားထားသည္။

မစၥတာဒိုလန္က The Guardian သို႔ ေျပာၾကားရာတြင္ “lockdown ခ်တယ္ဆိုတာက ေသျခင္းတရားကို ေရွာင္ရွားႏိုင္ဖို႔အတြက္ ရွင္သန္မႈေတြ ရပ္ဆိုင္းရမယ္လို႔ ေျပာလိုက္တာပါပဲ။ လူေတြကို အိမ္ထဲမွာ အက်ဥ္းခ်ထားဖို႔ ဆံုးျဖတ္တာက တကယ့္ကို အံ့ၾသဖြယ္ ဆံုးျဖတ္ခ်က္ပါ” ဟု ဆိုသည္။

“လူေပါင္းမ်ားစြာ အလုပ္ေတြ ျပဳတ္ကုန္ၾကတယ္။ ကင္ဆာကုထံုးခံယူရမယ့္သုူကလည္း ေဆးမကုရဘူး။ ကိုယ့္ကိုယ္ကိုယ္ အဆံုးစီရင္မႈေတြ၊ အိမ္တြင္းညွင္းပန္းႏွိပ္စက္မႈေတြရွိလာတယ္။ ဘာေၾကာင့္ မလိမ့္တပတ္လုပ္ေနၾကတာလဲ။ အရင္ဆံုးျဖတ္ခ်က္က မွန္ကန္ေၾကာင္း ျပဖို႔အတြက္ အစိုးရက ဒါကိုဆက္လုပ္ေနသလို ျဖစ္ေနတယ္။ သူတို႔ လုပ္သင့္တာက ငါတို႔ေတာ့ ဒါလုပ္ခဲ့တယ္။ အခု ငါတို႔ ကြဲျပားျခားနားတဲ့ဟာကို လုပ္မယ္လို႔ ေျပာသင့္တယ္” ဟု ဆိုင္မြန္ဒိုလန္က ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: One of Britain’s richest businessmen worth £141million launches legal challenge to the coronavirus lockdown in bid to end ‘draconian’ quarantine that is ‘wrecking’ the economy (Daily Mail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service