ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
[Unicode]
COVID-19 ရောဂါကူးစက်မှုများ လျော့ကျလာသသည့် စင်္ကာပူတွင် ထိုရောဂါနှင့်ပတ်သက်၍ ချမှတ်ထားသည့် ဘေးကင်လုံခြုံရေးအကာကွယ်စီမံချက်များ တဖြည်းဖြည်းဖြေလျှော့မှုကို စတင်ပြီဖြစ်ကြောင်း စင်္ကာပူအစိုးရက မေ ၂ တွင် ကြေညာလိုက်သည်။
စင်္ကာပူတွင် ပိုမိုတင်းကျပ်သောစီမံချက်များကို သီတင်းပတ်နှစ်ပတ်ကြာ ချမှတ်ခဲ့ပြီးနောက် ရောဂါကူးစက်မှုများ ကျဆင်းလာခဲ့ကြောင်း စင်္ကာပူကျန်းမာရေးဝန်ကြီး ဂမ်ကင်ယုံက အွန်လိုင်းသတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
အချို့စီးပွားရေးလုပ်ငန်းများသည် မေ ၁၂ တွင် စတင်ပြန်လည်လည်ပတ်မည်ဖြစ်ကာ သီတင်းပတ်အနည်းငယ်အတွင်း သတ်မှတ်လုပ်ငန်းများနှင့်ဝန်ဆောင်မှုများ တဖြည်းဖြည်းပြန်လည်စတင်မည်ဖြစ်ကြောင်းလည်း သူက ပြောကြားခဲ့သည်။
မေ ၁၂ ၌ စတင်မည့်လုပ်ငန်းများတွင် နေအိမ်အခြေစိုက် လုပ်ငန်းများ၊ သတ်မှတ်အစားအစာလက်လီအရောင်းဆိုင်ငယ်များနှင့် အစားအသောက်ထုတ်လုပ်ရေးလုပ်ငန်းများ ပါဝင်မည်ဖြစ်ကြောင်း အမျိုးသားအဆင့်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး လောရင့်စ်ဝုန်က ပြောကြားခဲ့သည်။
ထို့အပြင် ကနဦးအဆင့်အနေဖြင့် အစိုးရစစ်စာမေးပွဲများ ဖြေဆိုမည့် ကျောင်းသားများကို အဓိကထား၍ ၎င်းတို့အား တစ်ဦးနှင့်တစ်ဦး ဘေးကင်းသောအကွာအဝေးဖြင့် အုပ်စုငယ်များဖွဲ့ကာ မျက်နှာချင်းဆိုင်စာသင်ကြားစေ၊ ကျောင်းပြန်တက်စေမည်ဖြစ်ကြောင်း လည်း သူက ပြောကြားခဲ့သည်။
လက်မှတ်ရ တရုတ်တိုင်းရင်းဆေးဆရာများသည်လည်း အပ်စိုက်ကုဝန်ဆောင်မှုများနှင့် လက်လီဝန်ဆောင်မှုများကို မေ ၅ တွင် ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျန် COVId-19 ဘေးကင်းလုံခြုံရေးအကာကွယ်စီမံချက်များမှာ ဆက်လက်အရေးကြီးဆဲဖြစ်ကာ ဇွန် ၁ အထိ ဆက်လက်အသက်ဝင်မည်ဖြစ်သည်။
COVID-19 ရောဂါကူးစက်မှုများ ကျဆင်းလာသောအခါ စင်္ကာပူစီးပွားရေးကို တစ်ဆင့်ပြီးတစ်ဆင့်ဖွင့်မည်ဖြစ်ကြောင်း စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက မေ ၁ က အလုပ်သမားနေ့မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
စင်္ကာပူတွင် ထိုကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ဘေးကင်းလုံခြုံရေးစီမံချက်ကာလချမှတ်ထားသည်မှာ စတုတ္ထသီတင်းပတ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
တစ်ဦးနှင့်တစ်ဦး ဘေးကင်းသောအကွာအဝေးခြား၍ နေရမည့် စီမံချက်များကို တင်းကျပ်ထားပြီး အဆိုပါစီမံချက်ကို ဇွန် ၁ အထိ နောက်ထပ်သီတင်းပတ်လေးပတ်တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Singapore to start gradual easing of circuit breaker measures as COVID-19 community cases decline (CNA)
[Zawgyi]
စကၤာပူတြင္ ေက်ာင္းသားအခ်ိဳ႕ေက်ာင္းျပန္တက္ႏိုင္ခြင့္အပါအဝင္ COVID-19 စီမံခ်က္ေျဖေလွ်ာ့မႈမ်ား စတင္
COVID-19 ေရာဂါကူးစက္မႈမ်ား ေလ်ာ့က်လာသည့္ စကၤာပူတြင္ ထိုေရာဂါႏွင့္ပတ္သက္၍ ခ်မွတ္ထားသည့္ ေဘးကင္လုံၿခဳံေရးအကာကြယ္စီမံခ်က္မ်ား တျဖည္းျဖည္းေျဖေလွ်ာ့မႈကို စတင္ၿပီျဖစ္ေၾကာင္း စကၤာပူအစိုးရက ေမ ၂ တြင္ ေၾကညာလိုက္သည္။
စကၤာပူတြင္ ပိုမိုတင္းက်ပ္ေသာစီမံခ်က္မ်ားကို သီတင္းပတ္ႏွစ္ပတ္ၾကာ ခ်မွတ္ခဲ့ၿပီးေနာက္ ေရာဂါကူးစက္မႈမ်ား က်ဆင္းလာခဲ့ေၾကာင္း စကၤာပူက်န္းမာေရးဝန္ႀကီး ဂမ္ကင္ယုံက အြန္လိုင္းသတင္းစာရွင္းလင္းပြဲတစ္ခုတြင္ ေျပာၾကားခဲ့သည္။
အခ်ိဳ႕စီးပြားေရးလုပ္ငန္းမ်ားသည္ ေမ ၁၂ တြင္ စတင္ျပန္လည္လည္ပတ္မည္ျဖစ္ကာ သီတင္းပတ္အနည္းငယ္အတြင္း သတ္မွတ္လုပ္ငန္းမ်ားႏွင့္ဝန္ေဆာင္မႈမ်ား တျဖည္းျဖည္းျပန္လည္စတင္မည္ျဖစ္ေၾကာင္းလည္း သူက ေျပာၾကားခဲ့သည္။
ေမ ၁၂ ၌ စတင္မည့္လုပ္ငန္းမ်ားတြင္ ေနအိမ္အေျခစိုက္ လုပ္ငန္းမ်ား၊ သတ္မွတ္အစားအစာလက္လီအေရာင္းဆိုင္ငယ္မ်ားႏွင့္ အစားအေသာက္ထုတ္လုပ္ေရးလုပ္ငန္းမ်ား ပါဝင္မည္ျဖစ္ေၾကာင္း အမ်ိဳးသားအဆင့္ဖြံ႕ၿဖိဳးတိုးတက္ေရးဝန္ႀကီး ေလာရင့္စ္ဝုန္က ေျပာၾကားခဲ့သည္။
ထို႔အျပင္ ကနဦးအဆင့္အေနျဖင့္ အစိုးရစစ္စာေမးပြဲမ်ား ေျဖဆိုမည့္ ေက်ာင္းသားမ်ားကို အဓိကထား၍ ၎တို႔အား တစ္ဦးႏွင့္တစ္ဦး ေဘးကင္းေသာအကြာအေဝးျဖင့္ အုပ္စုငယ္မ်ားဖြဲ႕ကာ မ်က္ႏွာခ်င္းဆိုင္စာသင္ၾကားေစ၊ ေက်ာင္းျပန္တက္ေစမည္ျဖစ္ေၾကာင္း လည္း သူက ေျပာၾကားခဲ့သည္။
လက္မွတ္ရ တ႐ုတ္တိုင္းရင္းေဆးဆရာမ်ားသည္လည္း အပ္စိုက္ကုဝန္ေဆာင္မႈမ်ားႏွင့္ လက္လီဝန္ေဆာင္မႈမ်ားကို ေမ ၅ တြင္ ျပန္လည္စတင္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
က်န္ COVId-19 ေဘးကင္းလုံၿခဳံေရးအကာကြယ္စီမံခ်က္မ်ားမွာ ဆက္လက္အေရးႀကီးဆဲျဖစ္ကာ ဇြန္ ၁ အထိ ဆက္လက္အသက္ဝင္မည္ျဖစ္သည္။
COVID-19 ေရာဂါကူးစက္မႈမ်ား က်ဆင္းလာေသာအခါ စကၤာပူစီးပြားေရးကို တစ္ဆင့္ၿပီးတစ္ဆင့္ဖြင့္မည္ျဖစ္ေၾကာင္း စကၤာပူဝန္ႀကီးခ်ဳပ္ လီရွန္လြန္းက ေမ ၁ က အလုပ္သမားေန႔မိန္႔ခြန္းတြင္ ေျပာၾကားခဲ့သည္။
စကၤာပူတြင္ ထိုကို႐ိုနာဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ရန္ ေဘးကင္းလုံၿခဳံေရးစီမံခ်က္ကာလခ်မွတ္ထားသည္မွာ စတုတၳသီတင္းပတ္သို႔ ေရာက္ရွိလာခဲ့ၿပီျဖစ္သည္။
တစ္ဦးႏွင့္တစ္ဦး ေဘးကင္းေသာအကြာအေဝးျခား၍ ေနရမည့္ စီမံခ်က္မ်ားကို တင္းက်ပ္ထားၿပီး အဆိုပါစီမံခ်က္ကို ဇြန္ ၁ အထိ ေနာက္ထပ္သီတင္းပတ္ေလးပတ္တိုးျမႇင့္သတ္မွတ္လိုက္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။
iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Singapore to start gradual easing of circuit breaker measures as COVID-19 community cases decline (CNA)