တရုတ်ဓာတ်ခွဲခန်းမှ COVID-19 စတင်ခဲ့သည့်သက်သေ တွေ့ထားကြောင်း ထရန့်ပြောကြား

တရုတ်ဓာတ်ခွဲခန်းမှ COVID-19 စတင်ခဲ့သည့်သက်သေ တွေ့ထားကြောင်း ထရန့်ပြောကြား - Property News in Myanmar from iMyanmarHouse.com
1 May 2020 11:14 am တွင် တင်ခဲ့သည်
3411 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကိုရိုနာဗိုင်းရပ်စ်အသစ်သည် တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ ဓာတ်ခွဲစမ်းသပ်ခန်းတစ်ခုမှ အစပြုခဲ့ကြောင်း သူ့အား အတော်လေးယုံကြည်စေသည့် သက်သေကို တွေ့ရှိထားကြောင်း နိုင်ငံ့စုံစမ်းထောက်လှမ်းရေးအသိုက်အဝန်းတစ်ခုလုံးသို့ ဧပြီ ၃၀ တွင် လူသိရှင်ကြား ပြောကြားလိုက်သည်။

သို့သော်လည်း ထိုသက်သေနှင့်ပတ်သက်၍ အသေးစိတ်ကိုမူ မပြောကြားခဲ့ပေ။

ထိုဗိုင်းရပ်စ် ဓာတ်ခွဲခန်းမှ စတင်ခဲ့ကြောင်း သက်သေကို သူ့အနေဖြင့် တွေ့မြင်ထားခြင်း ရှိမရှိ မေးမြန်းခဲ့သောအခါ ထရန့်က “ဟုတ်ပါတယ်။ ကျွန်တော့်မှာ သက်သေရှိပါတယ်။” ဟု ပြောကြားခဲ့သည်။

သက်သေနှင့်ပတ်သက်၍ ထရန့်က “ကျွန်တော် အဲ့ဒါကို ပြောလို့မဖြစ်ဘူး။ ကျွန်တော့်မှာ ပြောခွင့်မရှိဘူး။” ဟု ပြောကြားခဲ့သည်။

“တရုတ်က ကျွန်တော်တို့ကို ပြောပြနိုင်မယ်ထင်တယ်” ဟုလည်း ထရန့်က ပြောကြားခဲ့သည်။

ထိုဗိုင်းရပ်စ်ကူးစက်မှုသည် ဝူဟန်မြို့ရှိ ဓာတ်ခွဲစမ်းသပ်ခန်းတစ်ခုမှ စတင်ခဲ့ခြင်းလား၊ ရောဂါပိုးကူးစက်ခံထားရသည့် တိရိစ္ဆာန်များနှင့် ထိတွေ့မိရာမှ စတင်ခဲ့ခြင်းလား သိရှိရရန် ၎င်းတို့စုံစမ်းစစ်ဆေးနေကြောင်းကို အမေရိကန်နိုင်ငံတော်အဆင့်စုံစမ်းထောက်လှမ်းရေးအဖွဲ့ညွှန်ကြားရေးမှူးရုံးမှ အတည်ပြုကြေညာခဲ့ပြီးနောက် နာရီအနည်းငယ်အကြာတွင် ထရန့်၏ မှတ်ချက်စကားများထွက်ရှိလာခဲ့ခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည် တရုတ်ရှိ ဓာတ်ခွဲခန်းမတ်ောတဆမှုတစ်ခုကြောင့် စတင်ခဲ့သည်ဟူသော ထင်မြင်ချက်တစ်ရပ်ကို ကိုင်စွဲကာ ထိုကပ်ဘေးအစပြုရာအတိအကျကို သိရှိရရန် ထရန့်အစိုးရတာဝန်ရှိသူများက စုံစမ်းထောက်လှမ်းရေးကို တွန်းအားပေးလာကြောင်း သတင်းရင်းမြစ်များစွာက အမေရိကန်သတင်းဌာန စီအင်န်အင်န်သို့ ပြောကြားထားသည်။

အဆိုပါ ဧပြီ ၃၀ တွင် အမေရိကန်နိုင်ငံတော်အဆင့်စုံစမ်းထောက်လှမ်းရေးအဖွဲ့ညွှန်ကြားရေးမှူးရုံးမှ အများပြည်သူသို့ ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ခြင်းသည် တိုတွန်းအားပေးမှုအား သိသာပေါ်လွင်စေသည့်လှုပ်ရှားမှုတစ်ခုဖြစ်ပေသည်။

စုံစမ်းထောက်လှမ်းရေးအဖွဲ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုသည် ဝူဟန်မြို့ရှိ ဓာတ်ခွဲစမ်းသပ်ခန်းတစ်ခုတွင် မတော်တဆမှုတစ်ခု၏ ရလဒ်လား သို့မဟုတ် ဗိုင်းရပ်စ်ကူးစက်ခံထားရသည့်တိရိစ္ဆာန်များနှင့် ထိတွေ့ရာမှ စတင်ခဲ့ခြင်းလား ဆိုသည်ကို စုံစမ်းရှာဖွေလျက်ရှိကြောင်းနှင့် ယခုထက်ထိ အကဲဖြတ်ဆုံးဖြတ်နိုင်ခြင်း မရှိ‌သေးကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုထုတ်ပြန်ချက်သည် အများပြည်သူသို့ မကြုံစဖူးထုတ်ပြန်ချက်တစ်ရပ်လည်း ဖြစ်သည်။ အမေရိကန်စုံစမ်းထောက်လှမ်းရေးသည် တရားဝင်အကဲဖြတ်ဆုံးဖြတ်ချက်မချမှတ်မီတွင် အကဲဖြတ်နေမှုနှင့်ပတ်သက်၍ ထိုကဲ့သို့လူသိရှင်ကြားထုတ်ဖော်ကြေညာခြင်း ပြုလုပ်လေ့မရှိကြောင်း သိရသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Trump contradicts US intel community by claiming he's seen evidence coronavirus originated in Chinese lab (CNN)

[Zawgyi]

တ႐ုတ္ဓာတ္ခြဲခန္းမွ COVID-19 စတင္ခဲ့သည့္သက္ေသ ေတြ႕ထားေၾကာင္း ထရန႔္ေျပာၾကား

အေမရိကန္သမၼတ ေဒၚနယ္ထရန႔္က ကို႐ိုနာဗိုင္းရပ္စ္အသစ္သည္ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕ရွိ ဓာတ္ခြဲစမ္းသပ္ခန္းတစ္ခုမွ အစျပဳခဲ့ေၾကာင္း သူ႔အား အေတာ္ေလးယုံၾကည္ေစသည့္ သက္ေသကို ေတြ႕ရွိထားေၾကာင္း ႏိုင္ငံ့စုံစမ္းေထာက္လွမ္းေရးအသိုက္အဝန္းတစ္ခုလုံးသို႔ ဧၿပီ ၃၀ တြင္ လူသိရွင္ၾကား ေျပာၾကားလိုက္သည္။

သို႔ေသာ္လည္း ထိုသက္ေသႏွင့္ပတ္သက္၍ အေသးစိတ္ကိုမူ မေျပာၾကားခဲ့ေပ။

ထိုဗိုင္းရပ္စ္ ဓာတ္ခြဲခန္းမွ စတင္ခဲ့ေၾကာင္း သက္ေသကို သူ႔အေနျဖင့္ ေတြ႕ျမင္ထားျခင္း ရွိမရွိ ေမးျမန္းခဲ့ေသာအခါ ထရန႔္က “ဟုတ္ပါတယ္။ ကြၽန္ေတာ့္မွာ သက္ေသရွိပါတယ္။” ဟု ေျပာၾကားခဲ့သည္။

သက္ေသႏွင့္ပတ္သက္၍ ထရန႔္က “ကြၽန္ေတာ္ အဲ့ဒါကို ေျပာလို႔မျဖစ္ဘူး။ ကြၽန္ေတာ့္မွာ ေျပာခြင့္မရွိဘူး။” ဟု ေျပာၾကားခဲ့သည္။

“တ႐ုတ္က ကြၽန္ေတာ္တို႔ကို ေျပာျပႏိုင္မယ္ထင္တယ္” ဟုလည္း ထရန႔္က ေျပာၾကားခဲ့သည္။

ထိုဗိုင္းရပ္စ္ကူးစက္မႈသည္ ဝူဟန္ၿမိဳ႕ရွိ ဓာတ္ခြဲစမ္းသပ္ခန္းတစ္ခုမွ စတင္ခဲ့ျခင္းလား၊ ေရာဂါပိုးကူးစက္ခံထားရသည့္ တိရိစာၦန္မ်ားႏွင့္ ထိေတြ႕မိရာမွ စတင္ခဲ့ျခင္းလား သိရွိရရန္ ၎တို႔စုံစမ္းစစ္ေဆးေနေၾကာင္းကို အေမရိကန္ႏိုင္ငံေတာ္အဆင့္စုံစမ္းေထာက္လွမ္းေရးအဖြဲ႕ၫႊန္ၾကားေရးမႉး႐ုံးမွ အတည္ျပဳေၾကညာခဲ့ၿပီးေနာက္ နာရီအနည္းငယ္အၾကာတြင္ ထရန႔္၏ မွတ္ခ်က္စကားမ်ားထြက္ရွိလာခဲ့ျခင္းျဖစ္သည္။

ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါသည္ တ႐ုတ္ရွိ ဓာတ္ခြဲခန္းမတ္ောတဆမႈတစ္ခုေၾကာင့္ စတင္ခဲ့သည္ဟူေသာ ထင္ျမင္ခ်က္တစ္ရပ္ကို ကိုင္စြဲကာ ထိုကပ္ေဘးအစျပဳရာအတိအက်ကို သိရွိရရန္ ထရန႔္အစိုးရတာဝန္ရွိသူမ်ားက စုံစမ္းေထာက္လွမ္းေရးကို တြန္းအားေပးလာေၾကာင္း သတင္းရင္းျမစ္မ်ားစြာက အေမရိကန္သတင္းဌာန စီအင္န္အင္န္သို႔ ေျပာၾကားထားသည္။

အဆိုပါ ဧၿပီ ၃၀ တြင္ အေမရိကန္ႏိုင္ငံေတာ္အဆင့္စုံစမ္းေထာက္လွမ္းေရးအဖြဲ႕ၫႊန္ၾကားေရးမႉး႐ုံးမွ အမ်ားျပည္သူသို႔ ေၾကညာခ်က္တစ္ရပ္ထုတ္ျပန္ခဲ့ျခင္းသည္ တိုတြန္းအားေပးမႈအား သိသာေပၚလြင္ေစသည့္လႈပ္ရွားမႈတစ္ခုျဖစ္ေပသည္။

စုံစမ္းေထာက္လွမ္းေရးအဖြဲ႕က ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ျဖစ္ပြားမႈသည္ ဝူဟန္ၿမိဳ႕ရွိ ဓာတ္ခြဲစမ္းသပ္ခန္းတစ္ခုတြင္ မေတာ္တဆမႈတစ္ခု၏ ရလဒ္လား သို႔မဟုတ္ ဗိုင္းရပ္စ္ကူးစက္ခံထားရသည့္တိရိစာၦန္မ်ားႏွင့္ ထိေတြ႕ရာမွ စတင္ခဲ့ျခင္းလား ဆိုသည္ကို စုံစမ္းရွာေဖြလ်က္ရွိေၾကာင္းႏွင့္ ယခုထက္ထိ အကဲျဖတ္ဆုံးျဖတ္ႏိုင္ျခင္း မရွိ‌ေသးေၾကာင္း ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ထိုထုတ္ျပန္ခ်က္သည္ အမ်ားျပည္သူသို႔ မႀကဳံစဖူးထုတ္ျပန္ခ်က္တစ္ရပ္လည္း ျဖစ္သည္။ အေမရိကန္စုံစမ္းေထာက္လွမ္းေရးသည္ တရားဝင္အကဲျဖတ္ဆုံးျဖတ္ခ်က္မခ်မွတ္မီတြင္ အကဲျဖတ္ေနမႈႏွင့္ပတ္သက္၍ ထိုကဲ့သို႔လူသိရွင္ၾကားထုတ္ေဖာ္ေၾကညာျခင္း ျပဳလုပ္ေလ့မရွိေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Trump contradicts US intel community by claiming he's seen evidence coronavirus originated in Chinese lab (CNN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service