ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
[Unicode]
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင် (ပသက) သက်တမ်းကုန်ဆုံးတဲ့ ကုမ္ပဏီတွေကို အွန်လိုင်းကနေ သက်တမ်းတိုးမြှင့်ပေးမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနကနေသိရပါတယ်။
ဒီလို သက်တမ်းတိုးခြင်းကို ဒီကနေ့ ဧပြီ ၂၇ ကနေ ဇူလိုင်လကုန်အထိ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ကုန်သွယ်ရေးဦးစီးဌာနကို လာစရာမလိုတော့ဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် လက်ရှိဆောင်ရွက်ပေးထားတဲ့ ကာလကို ကျော်လွန်ရင်တော့ မူလကုန်ဆုံးရက်ကနေ ပြန်လည်မှတ်ပုံတင်ခြင်းကို လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
အခုလိုဆောင်ရွက်ပေးရတာဟာလည်း COVID-19 ဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ ကာလအတွင်း ကုန်သွယ်မှုလုပ်ငန်းတွေ အဆင်ပြေချောမွေ့စေဖို့ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဆေးဝါးနဲ့ ဆေးပစ္စည်းတွေအတွက် သွင်းကုန်လိုင်စင်လျှောက်ထားခြင်းကိုလည်း အွန်လိုင်းကနေ ဆောင်ရွက်ခွင့်ကို ဧပြီ ၆ ရက်နေ့ကစတင်ပြီး ခွင့်ပြုပေးထားပါတယ်။
လက်ရှိ COVID-19 ဗိုင်းရပ်စ်ရောဂါကြောင့် ရောဂါကာကွယ်တားဆီးရေးမှာ လိုအပ်တဲ့ ဆေးတွေနဲ့ ဆေးပစ္စည်းတွေ လုံလောက်မှုမရှိဖြစ်နေပြီး ပြည်ပကနေ တင်သွင်းရာမှာလည်း ခက်ခဲမှုတွေရှိနေတာကို တွေ့နေရတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဦးစီးဌာနရဲ့ သတ်မှတ်ချက်တွေနဲ့ အညီ သွင်းကုန်လိုင်စင်ခွင့်ပြုထုတ်ပေးနိုင်ဖို့ အွန်လိုင်းစနစ်နဲ့ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ပို့ကုန်သွင်းကုန်မှတ်ပုံတင် သက်တမ်းကုန်ဆုံးတဲ့ ကုမ္ပဏီတွေ အွန်လိုင်းကနေ သက်တမ်းတိုးလျှောက်နိုင်