ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
[Unicode]
အမေရိကန်ပြည်ထောင်စု၊ ကွန်နက်တီကပ်ပြည်နယ်ရဲတပ်ဖွဲ့သည် ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကာလအတွင်း အသုံးပြုရန်အတွက် မောင်းသူမဲ့လေယာဉ်တစ်မျိုးကို စမ်းသပ်လျက်ရှိရာ လူတို့၏ ကိုယ်ပူချိန်၊ နှလုံးခုန်နှုန်း၊ နှာချေခြင်းနှင့် ချောင်းဆိုးခြင်းတို့ကို ထောက်လှမ်းနိုင်စွမ်းရှိသည်ဟု ဆိုသည်။
ကွန်နက်တီကပ်ပြည်နယ်၊ westport မြို့ရှိ ရဲတပ်ဖွဲ့က ကနေဒါ မောင်းသူမဲ့လေယာဉ်ကုမ္ပဏီ Draganfly နှင့် ပူးပေါင်းကာ စမ်းသပ်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။
လူတို့၏ ကိုယ်ပူချိန်ကို ပေ ၁၉၀ အကွာမှ ထောက်လှမ်းစောင့်ကြည့်နိုင်သည့်အပြင် ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ နှလုံးခုန်နှုန်းနှင့် အသက်ရှူနှုန်းတို့ကိုလည်း အာရုံခံကိရိယာများဖြင့်ထောက်လှမ်းနိုင်စွမ်းရှိသည်။
ကနေဒါ မောင်းသူမဲ့လေယာဉ်ကုမ္ပဏီ Draganfly သည် ပြီးခဲ့သော မတ်လအတွင်း ကြေညာခဲ့သည်မှာ ၎င်းတို့ကုမ္ပဏီသည် University of South Australia (UniSA) နှင့်ပူးပေါင်းကာ ကပ်ရောဂါထောက်လှမ်းရေးမောင်းသူမဲ့လေယာဉ်များ ထုတ်လုပ်ရန် ကြိုးပမ်းနေကြောင်း ကြေညာခဲ့သည်။
ရောဂါကူးစက်ခံရရန် အန္တရာယ်များသည့် အုပ်စုများကို ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်မှု ပြုလုပ်ရန် ရည်ရွယ်သည့်အနေဖြင့် ယခုနည်းပညာကို အသုံးပြုရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
Covid -19 ပျံ့ပွားရာဗဟိုချက်ဖြစ်နေသော နယူးယောက်မြို့အနီးတွင် ပထမဆုံး စမ်းသပ်ပျံသန်းမှုများ ပြုလုပ်ခဲ့ပြီး လူတို့၏နေထိုင်ပုံ အကွာအဝေး (social distancing) နှင့် ရောဂါလက္ခဏာတို့ကို ထောက်လှမ်းခဲ့သည်။
လူတစ်ဦးချင်း၏ နေအိမ်ခြံဝန်းများကိုမူ ထောက်လှမ်းခြင်းပြုလုပ်မည်မဟုတ်သည့်အပြင် မျက်နှာမှတ်သားသည့်နည်းပညာ (facial recognition) ကိုလည်း အသုံးပြုမည်မဟုတ်ကြောင်း၊ မည်သူမည်ဝါဖြစ်သည်ဆိုခြင်းနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို မှတ်တမ်းတင်း ပြုလုပ်မည်မဟုတ်ကြောင်း Draganfly က ပြောကြားသည်။
လူစုလူဝေးများ၊ ရုံးများ၊ လေဆိပ်များ၊ သင်္ဘောများ၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာများနှင့် အခြားသော လူအုပ်စုလိုက် အလုပ်လုပ်ရသည့်နေရာများတွင် ချောင်းဆိုး၊ နှာချေသူများကို ထောက်လှမ်းရာတွင် အသုံးပြုသွားမည် ဖြစ်သည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Connecticut cops are testing a 'pandemic drone' to monitor people's temperatures and detect sneezing and coughing (dailymail)
[Zawgyi]
အေမရိကန္ရဲတပ္ဖြဲ႔က လူတို႔၏ ကိုယ္ပူခ်ိန္၊ ႏွလံုးခုန္ႏႈန္း၊ အသက္ရွဴႏႈန္း၊ ႏွာေခ်ျခင္းႏွင့္ ေခ်ာင္းဆိုးျခင္းတို႔ကို ေထာက္လွမ္းႏိုင္သည့္ ေမာင္းသူမဲ့ေလယာဥ္ စမ္းသပ္လ်က္ရွိ
အေမရိကန္ျပည္ေထာင္စု၊ ကြန္နက္တီကပ္ျပည္နယ္ရဲတပ္ဖြဲ႔သည္ ကိုရိုနာဗိုင္းရပ္စ္ပ်ံ ႔ပြားမႈကာလအတြင္း အသံုးျပဳရန္အတြက္ ေမာင္းသူမဲ့ေလယာဥ္တစ္မ်ဳိးကို စမ္းသပ္လ်က္ရွိရာ လူတို႔၏ ကိုယ္ပူခ်ိန္၊ ႏွလံုးခုန္ႏႈန္း၊ ႏွာေခ်ျခင္းႏွင့္ ေခ်ာင္းဆိုးျခင္းတို႔ကို ေထာက္လွမ္းႏိုင္စြမ္းရွိသည္ဟု ဆိုသည္။
ကြန္နက္တီကပ္ျပည္နယ္၊ westport ျမိဳ ႔ရွိ ရဲတပ္ဖြဲ႔က ကေနဒါ ေမာင္းသူမဲ့ေလယာဥ္ကုမၸဏီ Draganfly ႏွင့္ ပူးေပါင္းကာ စမ္းသပ္မႈမ်ား ျပဳလုပ္ေနျခင္း ျဖစ္သည္။
လူတို႔၏ ကိုယ္ပူခ်ိန္ကို ေပ ၁၉၀ အကြာမွ ေထာက္လွမ္းေစာင့္ၾကည့္ႏိုင္သည့္အျပင္ ေခ်ာင္းဆိုးျခင္း၊ ႏွာေခ်ျခင္း၊ ႏွလံုးခုန္ႏႈန္းႏွင့္ အသက္ရွဴႏႈန္းတို႔ကိုလည္း အာရံုခံကိရိယာမ်ားျဖင့္ေထာက္လွမ္းႏိုင္စြမ္းရွိသည္။
ကေနဒါ ေမာင္းသူမဲ့ေလယာဥ္ကုမၸဏီ Draganfly သည္ ျပီးခဲ့ေသာ မတ္လအတြင္း ေၾကညာခဲ့သည္မွာ ၎တို႔ကုမၸဏီသည္ University of South Australia (UniSA) ႏွင့္ပူးေပါင္းကာ ကပ္ေရာဂါေထာက္လွမ္းေရးေမာင္းသူမဲ့ေလယာဥ္မ်ား ထုတ္လုပ္ရန္ ၾကိဳးပမ္းေနေၾကာင္း ေၾကညာခဲ့သည္။
ေရာဂါကူးစက္ခံရရန္ အႏၱရာယ္မ်ားသည့္ အုပ္စုမ်ားကို က်န္းမာေရးဆိုင္ရာ ေစာင့္ၾကည့္မႈ ျပဳလုပ္ရန္ ရည္ရြယ္သည့္အေနျဖင့္ ယခုနည္းပညာကို အသံုးျပဳရန္ စီစဥ္ခဲ့ျခင္း ျဖစ္သည္။
Covid -19 ပ်ံ ႔ပြားရာဗဟိုခ်က္ျဖစ္ေနေသာ နယူးေယာက္ျမိဳ ႔အနီးတြင္ ပထမဆံုး စမ္းသပ္ပ်ံသန္းမႈမ်ား ျပဳလုပ္ခဲ့ျပီး လူတို႔၏ေနထိုင္ပံု အကြာအေဝး (social distancing) ႏွင့္ ေရာဂါလကၡဏာတို႔ကို ေထာက္လွမ္းခဲ့သည္။
လူတစ္ဦးခ်င္း၏ ေနအိမ္ျခံဝန္းမ်ားကိုမူ ေထာက္လွမ္းျခင္းျပဳလုပ္မည္မဟုတ္သည့္အျပင္ မ်က္ႏွာမွတ္သားသည့္နည္းပညာ (facial recognition) ကိုလည္း အသံုးျပဳမည္မဟုတ္ေၾကာင္း၊ မည္သူမည္ဝါျဖစ္သည္ဆိုျခင္းႏွင့္ ကုိယ္ေရးကိုယ္တာအခ်က္အလက္မ်ားကို မွတ္တမ္းတင္း ျပဳလုပ္မည္မဟုတ္ေၾကာင္း Draganfly က ေျပာၾကားသည္။
လူစုလူေဝးမ်ား၊ ရံုးမ်ား၊ ေလဆိပ္မ်ား၊ သေဘၤာမ်ား၊ သက္ၾကီးရြယ္အိုေစာင့္ေရွာက္ေရးေဂဟာမ်ားႏွင့္ အျခားေသာ လူအုပ္စုလိုက္ အလုပ္လုပ္ရသည့္ေနရာမ်ားတြင္ ေခ်ာင္းဆိုး၊ ႏွာေခ်သူမ်ားကို ေထာက္လွမ္းရာတြင္ အသံုးျပဳသြားမည္ ျဖစ္သည္။
ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။
iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Connecticut cops are testing a 'pandemic drone' to monitor people's temperatures and detect sneezing and coughing (dailymail)