ဘဏ်တိုးနှုန်းများကို တတိယအကြိမ် ၁ ဒသမ ၅ ရာခိုင်နှုန်းထပ်မံလျော့ချမည်

ဘဏ်တိုးနှုန်းများကို တတိယအကြိမ် ၁ ဒသမ ၅ ရာခိုင်နှုန်းထပ်မံလျော့ချမည် - Property News in Myanmar from iMyanmarHouse.com
28 Apr 2020 11:35 am တွင် တင်ခဲ့သည်
764 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗဟိုဘဏ်က ဘဏ်အတိုးနှုန်းများကို ၃ ရာခိုင်နှုန်းလျော့ချပေးပြီးဖြစ်ကြောင်း ဗဟိုဘဏ် ဥက္ကဌ ဦးကျော်ကျော်မောင်က ပြောသည်။

ထိုကြောင့် ဘဏ်များတွင် အပ်ငွေများ အနည်းဆုံး အတိုးနှုန်း ၅ ရာခိုင်နှုန်းနှင့် အာမခံပစ္စည်း ရယူသည့် ထုတ်ချေးငွေများကို ၁၀ ရာခိုင်နှုန်းအထိ ဗဟိုဘဏ်က လျော့ချပေးလိုက်ပြီဟု ဗဟိုဘဏ် ဥက္ကဌက ပြောသည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် အာဆီယံ ဗဟိုဘဏ်ဥက္ကဌများ၊ ဘဏ္ဍာရေး ဝန်ကြီးများ အစည်းအဝေးတွင် ဗဟိုဘဏ်ဥက္ကဌက ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်က ဘဏ်တိုးနှုန်းများကို ၁ ဒသမ ၅ ရာခိုင်နှုန်းကို မတ်လအတွင်း နှစ်ကြိမ်ခွဲ၍ လျော့ချပေးခဲ့ပြီးဖြစ်သည်။ ယခုတတိယအကြိမ် ၁ ဒသမ ၅ ရာခိုင်နှုန်း ထပ်မံလျော့ချရန် ဗဟိုဘဏ်က စီစဉ်နေခြင်းဖြစ်သည်။

ဗဟိုဘဏ်က မတ်လအတွင်း၌ ဗဟိုဘဏ်အတိုးနှုန်းကို ၁၀ ရာခိုင်နှုန်းမှ ၈ ဒသမ ၅ ရာခိုင်နှုန်း အထိ လျော့ချခဲ့ခြင်းဖြစ်သည်။ ယခုထပ်မံလျော့ချပါက ဗဟိုဘဏ်အတိုးနှုန်းသည် ၇ ရာခိုင်နှုန်းသို့ ရောက်ရှိသွားမည်ဖြစ်သည်။

ထိုကြောင့် ဘဏ်များသို့ အပ်ငွေသည် ၅ ရာခိုင်နှုန်းအထိဖြစ်လာမည်ဖြစ်သည်။ ဘဏ်ထုတ်ချေးများသည် ၁၀ ရာခိုင်နှုန်းဖြစ်လာမည်ဖြစ်သည်။

တတိယအကြိမ် အတိုးနှုန်းလျော့ချခြင်းနှင့်ပတ်သတ်ပြီး ညွန့်ကြားချက်မရောက်သေး ကြောင်း ဘဏ်တစ်ခု၏ အမှုဆောင်အရာရှိချုပ် တစ်ဦးကပြောသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]











နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...

ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service