ကလိုရိုကွင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ကုနိုင်ကြောင်း ထရမ့်ပြောသည်ကို ရုပ်သံတွင်ကြည့်လိုက်ရပြီးနောက် ငါးကန်သန့်စင်ဆေး ကလိုရိုကွင်းဖော့စ်ဖိတ် သောက်ခဲ့သောကြောင့် အမေရိကန်အင်ဂျင်နီယာ သေဆုံး
ကလိုရိုကွင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ကုနိုင်ကြောင်း ထရမ့်ပြောသည်ကို ရုပ်သံတွင်ကြည့်လိုက်ရပြီးနောက် ငါးကန်သန့်စင်ဆေး ကလိုရိုကွင်းဖော့စ်ဖိတ် သောက်ခဲ့သောကြောင့် အမေရိကန်အင်ဂျင်နီယာ သေဆုံး - Property News in Myanmar from iMyanmarHouse.com
26 Apr 2020 12:25 pm တွင် တင်ခဲ့သည်
6962 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ငါးမွေးကန် သန့်စင်သည့်ဆေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လမ်းညွှန်သည့် ကိုရိုနာဗိုင်းရပ်စ် ကုသနိုင်သည်ဆိုသောဆေး (ငှက်ဖျားပျောက်ဆေး) ဟု ယူဆကာ သောက်သုံးခဲ့သည့် အင်ဂျင်နီယာတစ်ဦး သေဆုံးခဲ့ပြီး ၎င်း၏ ဇနီးမှာ စိုးရိမ်ရသော အခြေအနေတွင် ရှိနေသည်။
ဒေါ်နယ်ထရမ့်က ငှက်ဖျားပျောက်ဆေး( Hydroxychloroquine) သည် covid-19 ကုသရာတွင် များစွာအကျိုးရှိစေနိုင်ကြောင်း လမ်းညွှန်ခဲ့ခြင်းဖြစ်သည်။
ဂယ်ရီ လီနီးယပ်စ်နှင့် သူ၏ဇနီး ဝမ်ဒါတို့သည် အသက် ၆၀ ကျော်အရွယ်များဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ၊ အရီဇိုးနားပြည်နယ်တွင် နေထိုင်ကြသူများ ဖြစ်ကြသည်။
၎င်းတို့ဇနီးမောင်နှံက ငါးကန်သန့်စင်သည့် ကလိုရိုကွင်း ဖော့စ်ဖိတ် (chloroquine phosphate) ကို ထရမ့်လမ်းညွှန်သည့် ငှက်ဖျားပျောက်ဆေး (hydroxychloroquine) နှင့် ရောထွေးသွားကြခြင်းဖြစ်သည်။
ငါးကန်သန့်ဆေးကို သောက်ခဲ့ပြီးနောက် ဂယ်ရီမှာ သေဆုံးသွားပြီး ဝမ်ဒါမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။
၎င်းတို့ဇနီးမောင်နှံ၏ မိတ်ဆွေများက ပြောကြားရာတွင် ဂယ်ရီသည် အလွန်ထက်မြက်သူတစ်ဦးဖြစ်ကြောင်း၊ မက္ကင်းနစ် အင်ဂျင်နီယာတစ်ဦးအဖြစ် အိုင်အိုဝါပြည်နယ်၊ John Deere မြို့တွင် ယခင်က လုပ်ကိုင်ခဲ့ကြောင်း ပြောကြားသည်။
ဂယ်ရီသည် ကြင်နာတတ်၊ ရိုးသား၊ သည်းခံ၊ ထက်မြက်၊ ကူညီတတ်၊ ပွင့်လင်း ဖော်ရွေသူတစ်ဦးဖြစ်ပြီး မြင်မြင်ချင်း လူတိုင်းနှစ်သက် ခင်မင်သွားတတ်ကြသူတစ်ဦးဖြစ်ကြောင်း ၎င်း၏မိတ်ဆွေက Washington Free Beacon သတင်းဌာနသို့ ပြောကြားသည်။
ဝမ်ဒါက ပြောကြားရာတွင် ထရမ့်၏ သတင်းစာရှင်းလင်းပွဲကို ကြည့်လိုက်ရကြောင်း၊ ဒီဆေးက ကုသရာမှာ အရမ်းကောင်းတယ်လို့ ထရမ့်က ပြောကြောင်း ပြောကြားသည်။ ထရမ့်က ပြောခဲ့သည်မှာ hydroxychloroquine ကို ရည်ညွှန်းခြင်း ဖြစ်သည်။
ဝမ်ဒါက ဆက်လက်ပြောကြားရာတွင် မိမိတွင် ရွှေငါးမွေးကန်ရှိသောကြောင့် ကလိုရိုကွင်း ဖော့စ်ဖိတ် (chloroquine phosphate) ရှိကြောင်း၊ အဆိုပါဆေးကို ယူကြည့်ပြီး “ဟေး…တီဗွီထဲမှာ ပြောနေကြတာ ဒီဆေးမဟုတ်လား” လို့ ပြောခဲ့ကြောင်း၊ ယင်းနောက် အဆိုပါဆေးကို ဆိုဒါနှင့် ရောစပ်ကာ လဘက်ရည်ဇွန်းတစ်ဇွန်းစီ သောက်ခဲ့ကြကြောင်း ပြောကြားသည်။
“သမ္မတနဲ့ သူ့လူတွေပြောသမျှ အရာရာကို မယုံပါနဲ့။ သတိထားပါ။ ဆရာဝန်ကိုပဲ ခေါ်ပါ” ဟုလည်း ဝမ်ဒါက ဆက်လက်ပြောကြားသည်။
လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်အတွက် အတည်ပြုပြီးသည့် ကုသဆေး (သို့မဟုတ်) ကာကွယ်ဆေး မရှိသေးချေ။
 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Man who died ingesting fish tank cleaner thinking it was malaria drug championed by Trump to beat coronavirus is remembered as a 'level-headed and intelligent' engineer (Dailymail)
 [Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
imyanmarmarket
The Crest
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service