ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကာလအတွင်း အမျိုးသားများကိုသာ ဈေးသွားခွင့်ပေးသင့်ကြောင်း၊ မိန်းကလေးများမှာ ဈေးဝယ်လျှင် အလွန်ကြာကြောင်း ဂျပန်မြို့တော်ဝန်ပြောကြား

ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကာလအတွင်း အမျိုးသားများကိုသာ ဈေးသွားခွင့်ပေးသင့်ကြောင်း၊ မိန်းကလေးများမှာ ဈေးဝယ်လျှင် အလွန်ကြာကြောင်း ဂျပန်မြို့တော်ဝန်ပြောကြား - Property News in Myanmar from iMyanmarHouse.com
25 Apr 2020 12:47 pm တွင် တင်ခဲ့သည်
4575 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုများကို ထိန်းချုပ်ဟန့်တားနိုင်ရန်နှင့် social distancing ကို အထောက်အကူဖြစ်စေရန်အတွက် အမျိုးသားများကိုသာ ဈေးသွားခွင့်ပေးသင့်ကြောင်းနှင့် မိန်းကလေးများမှာ ဈေးဝယ်လျှင် အလွန်ကြာကြောင်း ပြောကြားခဲ့သော ဂျပန်   မြို့တော်ဝန်မှာ ဝေဖန်မှုများနှင့် ရင်ဆိုင်ရလျက်ရှိသည်။

ဂျပန်နိုင်ငံအိုဆာကာမြို့၏ မြို့တော်ဝန် Ichiro Matsui က သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ဖြစ်သော ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ်နည်းပါးစေရန်အတွက် ဈေးဝယ်စင်တာများသို့ ဈေးဝယ်လာသူများ လျှော့ချနိုင်မည့် ဖြစ်နိုင်ချေနှင့် စပ်လျဉ်းပြီး မေးမြန်းခဲ့ရာတွင် ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အမျိုးသမီးတွေ ဈေးဝယ်သွားရင် အချိန်အရမ်းကြာပါတယ်။ မင်းသာဆိုရင်….တကယ်လို့ မင်းကို ဟိုဟာဝယ်ခဲ့ပေး…ဒီဟာဝယ်ခဲ့ပေးလို့ ခိုင်းလိုက်မယ်ဆိုရင် မင်းက အဲဒါကိုပဲ တိုက်ရိုက်သွားဝယ်ပြီး အိမ်တန်းပြန်မှာပါပဲ။ ထိတွေ့မှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် ယောကျ်ားတွေ ဈေးဝယ်သွားတာ ကောင်းပါတယ်” ဟု Ichiro Matsui က ပြောကြားသည်။

ဇနီးမောင်နှံများ အတူတူဈေးဝယ်ထွက်ခြင်းမျိုးလည်း ရှောင်ကြဉ်သင့်ကြောင်း မြို့တော်ဝန်က ပြောကြားခဲ့သည်။

မြို့တော်ဝန်၏ ပြောကြားချက်များမှာ ဂျပန်နိုင်ငံရှိ တွစ်တာ အသုံးပြုသူများအကြား ဝေဖန်မှုများ မြင့်တက်လျက်ရှိနေသည်။

ဂျပန်သတင်းထောက် ရှိုကို အီဂါဝါက “နေ့စဉ်ဘဝအကြောင်း ဘာမှမသိတဲ့သူက ထင်မြင်ချက်တွေ မပေးသင့်ဘူး” ဟု သူ၏ တွစ်တာအကောင့်တွင် ရေးသားခဲ့ရာ ပြန်လည်ဝေမျှသူ ၃၀၀၀ ကျော်ရှိခဲ့သည်။

တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားရာတွင် မြို့တော်ဝန်သည် ၎င်းကိုယ်တိုင်ကား တစ်ခါမျှ ဈေးဝယ်ထွက်ဖူးပုံမရှိကြောင်း ရေးသားခဲ့သည်။

အိုဆာကာမြို့ကြီးသည် ဧပြီလ ၇ ရက်မှစတင်ပြီး အရေးပေါ်အခြေအနေကြေညာထားရပြီး ဖြစ်သည်။

သောကြာနေ့အချက်အလက်များအရ ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၁၃၁၀၀ ဦးရှိပြီး ၃၃၀ ဦး သေဆုံးခဲ့ရပြီးဖြစ်ကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိအားဖြင့် အိုဆာကာတွင် covid-19 ကူးစက်ခံရသူ ၁၅၀၀ ခန့်ရှိပြီး တိုကျိုပြီးလျှင် အမြင့်မားဆုံး ကူးစက်ခံရသည့်မြို့ကြီးလည်း ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Japanese mayor says only men should be allowed to go grocery shopping during coronavirus crisis because women take too long (CNN, Dailymail)

[Zawgyi]

ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ပြားမႈကာလအတြင္း အမ်ိဳးသားမ်ားကိုသာ ေဈးသြားခြင့္ေပးသင့္ေၾကာင္း၊ မိန္းကေလးမ်ားမွာ ေဈးဝယ္လွ်င္ အလြန္ၾကာေၾကာင္း ဂ်ပန္ၿမိဳ႕ေတာ္ဝန္ေျပာၾကား

ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ပြားမႈမ်ားကို ထိန္းခ်ဳပ္ဟန႔္တားႏိုင္ရန္ႏွင့္ social distancing ကို အေထာက္အကူျဖစ္ေစရန္အတြက္ အမ်ိဳးသားမ်ားကိုသာ ေဈးသြားခြင့္ေပးသင့္ေၾကာင္းႏွင့္ မိန္းကေလးမ်ားမွာ ေဈးဝယ္လွ်င္ အလြန္ၾကာေၾကာင္း ေျပာၾကားခဲ့ေသာ ဂ်ပန္ ၿမိဳ႕ေတာ္ဝန္မွာ ေဝဖန္မႈမ်ားႏွင့္ ရင္ဆိုင္ရလ်က္ရွိသည္။

ဂ်ပန္ႏိုင္ငံအိုဆာကာၿမိဳ႕၏ ၿမိဳ႕ေတာ္ဝန္ Ichiro Matsui က သတင္းေထာက္တစ္ဦး၏ ေမးျမန္းခ်က္ျဖစ္ေသာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ အႏၲရာယ္နည္းပါးေစရန္အတြက္ ေဈးဝယ္စင္တာမ်ားသို႔ ေဈးဝယ္လာသူမ်ား ေလွ်ာ့ခ်ႏိုင္မည့္ ျဖစ္ႏိုင္ေခ်ႏွင့္ စပ္လ်ဥ္းၿပီး ေမးျမန္းခဲ့ရာတြင္ ယင္းသို႔ ျပန္လည္ ေျဖၾကားခဲ့ျခင္း ျဖစ္သည္။

“အမ်ိဳးသမီးေတြ ေဈးဝယ္သြားရင္ အခ်ိန္အရမ္းၾကာပါတယ္။ မင္းသာဆိုရင္….တကယ္လို႔ မင္းကို ဟိုဟာဝယ္ခဲ့ေပး…ဒီဟာဝယ္ခဲ့ေပးလို႔ ခိုင္းလိုက္မယ္ဆိုရင္ မင္းက အဲဒါကိုပဲ တိုက္႐ိုက္သြားဝယ္ၿပီး အိမ္တန္းျပန္မွာပါပဲ။ ထိေတြ႕မႈေတြကို ေရွာင္ရွားႏိုင္ဖို႔အတြက္ ေယာက်္ားေတြ ေဈးဝယ္သြားတာ ေကာင္းပါတယ္” ဟု Ichiro Matsui က ေျပာၾကားသည္။

ဇနီးေမာင္ႏွံမ်ား အတူတူေဈးဝယ္ထြက္ျခင္းမ်ိဳးလည္း ေရွာင္ၾကဥ္သင့္ေၾကာင္း ၿမိဳ႕ေတာ္ဝန္က ေျပာၾကားခဲ့သည္။

ၿမိဳ႕ေတာ္ဝန္၏ ေျပာၾကားခ်က္မ်ားမွာ ဂ်ပန္ႏိုင္ငံရွိ တြစ္တာ အသုံးျပဳသူမ်ားအၾကား ေဝဖန္မႈမ်ား ျမင့္တက္လ်က္ရွိေနသည္။

ဂ်ပန္သတင္းေထာက္ ရႈိကို အီဂါဝါက “ေန႔စဥ္ဘဝအေၾကာင္း ဘာမွမသိတဲ့သူက ထင္ျမင္ခ်က္ေတြ မေပးသင့္ဘူး” ဟု သူ၏ တြစ္တာအေကာင့္တြင္ ေရးသားခဲ့ရာ ျပန္လည္ေဝမွ်သူ ၃၀၀၀ ေက်ာ္ရွိခဲ့သည္။

တြစ္တာအသုံးျပဳသူတစ္ဦးက ေရးသားရာတြင္ ၿမိဳ႕ေတာ္ဝန္သည္ ၎ကိုယ္တိုင္ကား တစ္ခါမွ် ေဈးဝယ္ထြက္ဖူးပုံမရွိေၾကာင္း ေရးသားခဲ့သည္။

အိုဆာကာၿမိဳ႕ႀကီးသည္ ဧၿပီလ ၇ ရက္မွစတင္ၿပီး အေရးေပၚအေျခအေနေၾကညာထားရၿပီး ျဖစ္သည္။

ေသာၾကာေန႔အခ်က္အလက္မ်ားအရ ဂ်ပန္ႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ အတည္ျပဳလူနာ ၁၃၁၀၀ ဦးရွိၿပီး ၃၃၀ ဦး ေသဆုံးခဲ့ရၿပီးျဖစ္ေၾကာင္း ဂ်ပန္က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

လက္ရွိအားျဖင့္ အိုဆာကာတြင္ covid-19 ကူးစက္ခံရသူ ၁၅၀၀ ခန႔္ရွိၿပီး တိုက်ိဳၿပီးလွ်င္ အျမင့္မားဆုံး ကူးစက္ခံရသည့္ၿမိဳ႕ႀကီးလည္း ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Japanese mayor says only men should be allowed to go grocery shopping during coronavirus crisis because women take too long (CNN, Dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service