ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
[Unicode]
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပိုးသတ်ဆေးကို အသုံးပြု၍ ကိုရိုနာဗိုင်းရပ်စ် ကုသနိုင်ဖွယ်ရှိ၊ မရှိ စမ်းသပ်ကြည့်ရန် သုတေသန ပညာရှင်များကို အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲတွင် အကြံပြုလိုက်ရာ ကမ္ဘာကျော်ပိုးသတ်ဆေးကုမ္ပဏီများဖြစ်သော Dettol နှင့် Lysol တို့က ထရမ့်ပြောသည့်အတိုင်း မလုပ်ရန် ပြည်သူများကို သတိပေးချက်ထုတ်ပြန်လိုက်ရသည်။
“ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ပိုးသတ်ဆေးထုတ်ကုန်တွေကို လူ့ကိုယ်ခန္ဓာထဲ ဆေးထိုးတာ၊ သောက်သုံးတာ (ဒါမှမဟုတ်) ဘယ်လိုလမ်းကြောင်းမျိုးနဲ့ပဲဖြစ်ဖြစ် အသုံးမပြုသင့်ပါဘူး” ဟု Reckitt Benckiser ကုမ္ပဏီက ထုတ်ပြန်သည်။
“ကျွန်တော်တို့ရဲ့ ပိုးသတ်ဆေးနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး ထုတ်ကုန်တွေအားလုံးကို အသုံးပြုပုံလမ်းညွှန်ချက်တွေအတိုင်း ရည်ရွယ်ထားတဲ့အတိုင်းသာ အသုံးပြုသင့်ပါတယ်” ဒေါ်နယ်ထရမ့်က ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ အိမ်ဖြူတော်တွင်ကျင်းပသည့် နေ့စဉ်ရှင်းလင်းပြောကြားပွဲတွင် ထိုသို့ ပြောကြားလိုက်ပြီး နာရီပိုင်းအတွင်း ပိုးသတ်ဆေး ကုမ္ပဏီက သတိပေးချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ပိုးသတ်ဆေးထိုးခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်စွမ်း ရှိ၊ မရှိ စမ်းသပ်ကြည့်ရန် စိတ်ဝင်စားဖွယ်ကောင်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက်ပိုင်း ထရမ့်မှာ ပြင်းထန်သည့်တုန့်ပြန်မှုများနှင့် ရင်ဆိုင်နေရပြီး လူမှုကွန်ရက်များတွင်လည်း လှောင်ပြောင်ခြင်းများ ခံနေရသည်။
သုတေသနပညာရှင်များအနေဖြင့် ၎င်းတို့၏ ရှာဖွေတွေ့ရှိချက်များကို လက်တွေ့စမ်းသပ်ကြည့်သင့်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်လူနာများ၏ ခန္ဓာကိုယ်အတွင်း အလင်းပေးခြင်း (နေရောင်ခြည်သည် ကိုရိုနာဗိုင်းရပ်စ်ကို အချိန်ခဏတာအတွင်း သေစေနိုင်ကြောင်း မကြာသေးမီက တွေ့ရှိခဲ့မှုအပေါ် ထရမ့်က ရည်ညွှန်းခြင်းဖြစ်သည်) နှင့် ခန္ဓာကိုယ်အတွင်း ပိုးသတ်ဆေးထိုးခြင်းများဖြင့် စမ်းသပ်ကြည့်သင့်ကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
Lysol ပိုးသတ်ဆေးကုမ္ပဏီက ပြောကြားရာတွင် ထရမ့်၏ ပြောကြားချက် လူမှုကွန်ရက်တွင် ဂယက်ရိုက်ခဲ့ပြီးနောက်ပိုင်း ပိုးသတ်ဆေးများကို ကိုယ်တွင်းတွင် စမ်းသပ်အသုံးပြုရန် (သို့မဟုတ်) ကိုရိုနာဗိုင်းရပ်စ် ကုသန်ရန်အတွက် အသုံးပြုနိုင်ခြင်းရှိ၊ မရှိ ကုမ္ပဏီထံ စုံစမ်းမေးမြန်းလာမှုများရှိနေကြောင်း ပြောကြားသည်။
ထရမ့်၏ ပြောကြားချက်နှင့် စပ်လျဉ်းပြီး အမိမြေလုံခြုံရေးဌာန (DHS) ၏ သိပ္ပံနှင့်နည်းပညာဌာနမှ William Bryan က ပြောကြားရာတွင် ကျန်းမာရေးနယ်မှပုဂ္ဂိုလ်များသည် ယင်းသို့သောကုသမှုမျိုးကို မစဉ်းစားကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Lysol maker urges people not to drink or inject disinfectants to treat coronavirus after Trump suggests using it as a possible treatment (Dailymail)
[Zawgyi]
ေဒၚနယ္ထရမ့္က ပိုးသတ္ေဆးထိုးကာ ကို႐ိုနာဗိုင္းရပ္စ္ ကုသႏိုင္ဖြယ္ရွိ၊ မရွိစမ္းၾကည့္ရန္ အႀကံျပဳလိုက္ရာ ပိုးသတ္ေဆးကုမၸဏီမ်ားက ထရမ့္ေျပာသည့္အတိုင္းမလုပ္ရန္ ျပည္သူမ်ားကို သတိေပးခ်က္ထုတ္ျပန္ရ
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ပိုးသတ္ေဆးကို အသုံးျပဳ၍ ကို႐ိုနာဗိုင္းရပ္စ္ ကုသႏိုင္ဖြယ္ရွိ၊ မရွိ စမ္းသပ္ၾကည့္ရန္ သုေတသန ပညာရွင္မ်ားကို အိမ္ျဖဴေတာ္ သတင္းစာ ရွင္းလင္းပြဲတြင္ အႀကံျပဳလိုက္ရာ ကမာၻေက်ာ္ပိုးသတ္ေဆးကုမၸဏီမ်ားျဖစ္ေသာ Dettol ႏွင့္ Lysol တို႔က ထရမ့္ေျပာသည့္အတိုင္း မလုပ္ရန္ ျပည္သူမ်ားကို သတိေပးခ်က္ထုတ္ျပန္လိုက္ရသည္။
“ဘယ္လိုအေၾကာင္းနဲ႔ျဖစ္ျဖစ္ ကြၽန္ေတာ္တို႔ရဲ႕ ပိုးသတ္ေဆးထုတ္ကုန္ေတြကို လူ႔ကိုယ္ခႏၶာထဲ ေဆးထိုးတာ၊ ေသာက္သုံးတာ (ဒါမွမဟုတ္) ဘယ္လိုလမ္းေၾကာင္းမ်ိဳးနဲ႔ပဲျဖစ္ျဖစ္ အသုံးမျပဳသင့္ပါဘူး” ဟု Reckitt Benckiser ကုမၸဏီက ထုတ္ျပန္သည္။
“ကြၽန္ေတာ္တို႔ရဲ႕ ပိုးသတ္ေဆးနဲ႔ တစ္ကိုယ္ရည္သန႔္ရွင္းေရး ထုတ္ကုန္ေတြအားလုံးကို အသုံးျပဳပုံလမ္းၫႊန္ခ်က္ေတြအတိုင္း ရည္႐ြယ္ထားတဲ့အတိုင္းသာ အသုံးျပဳသင့္ပါတယ္” ေဒၚနယ္ထရမ့္က ကို႐ိုနာဗိုင္းရပ္စ္ႏွင့္ပတ္သက္၍ အိမ္ျဖဴေတာ္တြင္က်င္းပသည့္ ေန႔စဥ္ရွင္းလင္းေျပာၾကားပြဲတြင္ ထိုသို႔ ေျပာၾကားလိုက္ၿပီး နာရီပိုင္းအတြင္း ပိုးသတ္ေဆး ကုမၸဏီက သတိေပးခ်က္ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။
ပိုးသတ္ေဆးထိုးျခင္းသည္ ကို႐ိုနာဗိုင္းရပ္စ္ကို တိုက္ဖ်က္ႏိုင္စြမ္း ရွိ၊ မရွိ စမ္းသပ္ၾကည့္ရန္ စိတ္ဝင္စားဖြယ္ေကာင္းမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ၿပီးေနာက္ပိုင္း ထရမ့္မွာ ျပင္းထန္သည့္တုန႔္ျပန္မႈမ်ားႏွင့္ ရင္ဆိုင္ေနရၿပီး လူမႈကြန္ရက္မ်ားတြင္လည္း ေလွာင္ေျပာင္ျခင္းမ်ား ခံေနရသည္။
သုေတသနပညာရွင္မ်ားအေနျဖင့္ ၎တို႔၏ ရွာေဖြေတြ႕ရွိခ်က္မ်ားကို လက္ေတြ႕စမ္းသပ္ၾကည့္သင့္ေၾကာင္း၊ ကို႐ိုနာဗိုင္းရပ္စ္လူနာမ်ား၏ ခႏၶာကိုယ္အတြင္း အလင္းေပးျခင္း (ေနေရာင္ျခည္သည္ ကို႐ိုနာဗိုင္းရပ္စ္ကို အခ်ိန္ခဏတာအတြင္း ေသေစႏိုင္ေၾကာင္း မၾကာေသးမီက ေတြ႕ရွိခဲ့မႈအေပၚ ထရမ့္က ရည္ၫႊန္းျခင္းျဖစ္သည္) ႏွင့္ ခႏၶာကိုယ္အတြင္း ပိုးသတ္ေဆးထိုးျခင္းမ်ားျဖင့္ စမ္းသပ္ၾကည့္သင့္ေၾကာင္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့သည္။
Lysol ပိုးသတ္ေဆးကုမၸဏီက ေျပာၾကားရာတြင္ ထရမ့္၏ ေျပာၾကားခ်က္ လူမႈကြန္ရက္တြင္ ဂယက္႐ိုက္ခဲ့ၿပီးေနာက္ပိုင္း ပိုးသတ္ေဆးမ်ားကို ကိုယ္တြင္းတြင္ စမ္းသပ္အသုံးျပဳရန္ (သို႔မဟုတ္) ကို႐ိုနာဗိုင္းရပ္စ္ ကုသန္ရန္အတြက္ အသုံးျပဳႏိုင္ျခင္းရွိ၊ မရွိ ကုမၸဏီထံ စုံစမ္းေမးျမန္းလာမႈမ်ားရွိေနေၾကာင္း ေျပာၾကားသည္။
ထရမ့္၏ ေျပာၾကားခ်က္ႏွင့္ စပ္လ်ဥ္းၿပီး အမိေျမလုံၿခဳံေရးဌာန (DHS) ၏ သိပၸံႏွင့္နည္းပညာဌာနမွ William Bryan က ေျပာၾကားရာတြင္ က်န္းမာေရးနယ္မွပုဂၢိဳလ္မ်ားသည္ ယင္းသို႔ေသာကုသမႈမ်ိဳးကို မစဥ္းစားေၾကာင္း ေျပာၾကားသည္။
ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။
iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Lysol maker urges people not to drink or inject disinfectants to treat coronavirus after Trump suggests using it as a possible treatment (Dailymail)