ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode]
COVID-19 ကြောင့် ဆန်နှင့် စားသုံးဆီ များ သိုလှောင်ထားရန် အစိုးရက သီးသန့်ရန်ပုံငွေ ကျပ် ၃၈ ဘီလီယံ ချထားပေးသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်လွင်က ပြောသည်။
ဆန်တန်ချိန် ၅၀,၀၀၀ နှင့် စားအုန်းဆီတန်ချိန် ၁၂,၀၀၀ ကို ဝယ်ယူ သိုလှောင်ထားနိုင်ရေးဖြစ်ပြီး အရန်ဆန်ကို ပြည်ပ ဆန်တင်ပို့သူများထံမှ ဝယ်ယူမည်ဖြစ်သည်။
မေလတွင် ပြည်ပသို့ ဆန်တင်ပို့ရန် ပြန်လည်ခွင့်ပြု မည်ဆိုပါက တင်ပို့မည့်ဆန်၏ ၁၀ ရာခိုင်နှုန်းကို နိုင်ငံတော်အရန် ဆန်အဖြစ် ဈေးသတ်မှတ်ပြီး ရောင်းချပေးရမည်ဖြစ်သည်။
အဆိုပါဆန်များကို စားနပ်ရိက္ခာ ဖူလုံရေးအတွက် နိုင်ငံတော်အရန် ဆန်အဖြစ် သိုလှောင်ရုံများတွင် ထားရှိသွားမည်ဖြစ် သည်။
ပြည်တွင်းရိက္ခာ ဖူလုံရေးရန် ပြည်ပတင်ပို့မှု ၏ ၁၀ ရာခိုင်နှုန်းကို အရန်ဆန် အဖြစ်ထားရှိရန် ဆန်စပါးအသင်းချုပ်က အစိုးရကို အကြံပြုထားသည်။
COVID-19 ရောဂါဖြစ်ပွား နေချိန်ကာလအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း ဆန် အဓိက တင်ပို့နေသော ဗီယက်နမ် နိုင်ငံကလည်း ပြည်ပတင်ပို့မှု၏ ရာခိုင်နှုန်းအချို့ကို အရန်ဆန် အဖြစ်ထားရှိသည့်စနစ်ကို ဆောင်ရွက်နေသည်။
မြန်မာနိုင်ငံသည် နှစ်စဉ် စပါးဧက သန်း ၂၀ စိုက်ပျိုးထုတ် လုပ်ခြင်းကြောင့် ဆန်အတွက် ပူစရာမလိုသော်လည်း ပြည်တွင်း အခြေခံလူတန်းစားများ စားသုံးသည့် ဆီအတွက် သိုလှောင်ထားရန် ပြင်ဆင်နေသည်။ ပြည်ပမှ ဆီတင်သွင်းရောင်းချသူများသည် တင်သွင်းလာသည့် ဆီများကို သိုလှောင်ကန်စုစုပေါင်းတွင် အနည်းဆုံး တန်ချိန် ၁၂,၀၀၀ ချန်ထားပြီးမှ ရောင်းချရန် မြန်မာ နိုင်ငံဆီလုပ်ငန်းရှင်များ အသင်း နှင့် ညှိနှိုင်းထားကြောင်း ဦးခင်မောင်လွင်က ဆိုသည်။
မြန်မာနိုင်ငံသည် စားအုန်း ဆီကို မလေးရှားနိုင်ငံမှ အဓိက တင်သွင်းပြီး ယခုလတွင် သင်္ကြန် ကာလအထိ ဆီတန်ချိန် ၃၀,၀၀၀ ကျော်နှင့် သင်္ကြန်အပြီးတွင် ဆီ တန်ချိန် ၅၀,၀၀၀ ကျော် တင်သွင်းသွားမည်ဖြစ်သည်။ မြန်မာ နိုင်ငံ၏ တစ်လ စားအုန်းဆီတင်သွင်းမှုက စားသုံးမှုထက် ပိုများ ကြောင်း မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းကဆိုထားသည်။ မြန်မာနိုင်ငံတွင် စာအုန်းဆီသို လှောင်နိုင်မှုက တန်ချိန် ၇၂,၀၀၀ ရှိသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
COVID-19 ေၾကာင့္ က်ပ္ ၃၈ ဘီလီယံဖိုး အရန္ဆန္ႏွင့္ဆီထားရွိမည္
COVID-19 ေၾကာင့္ ဆန္ႏွင့္ စားသုံးဆီ မ်ား သိုေလွာင္ထားရန္ အစိုးရက သီးသန႔္ရန္ပုံေငြ က်ပ္ ၃၈ ဘီလီယံ ခ်ထားေပးသည္ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ဦးခင္ေမာင္လြင္က ေျပာသည္။
ဆန္တန္ခ်ိန္ ၅၀,၀၀၀ ႏွင့္ စားအုန္းဆီတန္ခ်ိန္ ၁၂,၀၀၀ ကို ၀ယ္ယူ သိုေလွာင္ထားႏိုင္ေရးျဖစ္ၿပီး အရန္ဆန္ကို ျပည္ပ ဆန္တင္ပို႔သူမ်ားထံမွ ဝယ္ယူမည္ျဖစ္သည္။
ေမလတြင္ ျပည္ပသို႔ ဆန္တင္ပို႔ရန္ ျပန္လည္ခြင့္ျပဳ မည္ဆိုပါက တင္ပို႔မည့္ဆန္၏ ၁၀ ရာခိုင္ႏႈန္းကို ႏိုင္ငံေတာ္အရန္ ဆန္အျဖစ္ ေဈးသတ္မွတ္ၿပီး ေရာင္းခ်ေပးရမည္ျဖစ္သည္။
အဆိုပါဆန္မ်ားကို စားနပ္ရိကၡာ ဖူလုံေရးအတြက္ ႏိုင္ငံေတာ္အရန္ ဆန္အျဖစ္ သိုေလွာင္႐ုံမ်ားတြင္ ထားရွိသြားမည္ျဖစ္ သည္။
ျပည္တြင္းရိကၡာ ဖူလုံေရးရန္ ျပည္ပတင္ပို႔မႈ ၏ ၁၀ ရာခိုင္ႏႈန္းကို အရန္ဆန္ အျဖစ္ထားရွိရန္ ဆန္စပါးအသင္းခ်ဳပ္က အစိုးရကို အႀကံျပဳထားသည္။
COVID-19 ေရာဂါျဖစ္ပြား ေနခ်ိန္ကာလအတြင္း အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားအတြင္း ဆန္ အဓိက တင္ပို႔ေနေသာ ဗီယက္နမ္ ႏိုင္ငံကလည္း ျပည္ပတင္ပို႔မႈ၏ ရာခိုင္ႏႈန္းအခ်ိဳ႕ကို အရန္ဆန္ အျဖစ္ထားရွိသည့္စနစ္ကို ေဆာင္႐ြက္ေနသည္။
ျမန္မာႏိုင္ငံသည္ ႏွစ္စဥ္ စပါးဧက သန္း ၂၀ စိုက္ပ်ိဳးထုတ္ လုပ္ျခင္းေၾကာင့္ ဆန္အတြက္ ပူစရာမလိုေသာ္လည္း ျပည္တြင္း အေျခခံလူတန္းစားမ်ား စားသုံးသည့္ ဆီအတြက္ သိုေလွာင္ထားရန္ ျပင္ဆင္ေနသည္။ ျပည္ပမွ ဆီတင္သြင္းေရာင္းခ်သူမ်ားသည္ တင္သြင္းလာသည့္ ဆီမ်ားကို သိုေလွာင္ကန္စုစုေပါင္းတြင္ အနည္းဆုံး တန္ခ်ိန္ ၁၂,၀၀၀ ခ်န္ထားၿပီးမွ ေရာင္းခ်ရန္ ျမန္မာ ႏိုင္ငံဆီလုပ္ငန္းရွင္မ်ား အသင္း ႏွင့္ ညႇိႏႈိင္းထားေၾကာင္း ဦးခင္ေမာင္လြင္က ဆိုသည္။
ျမန္မာႏိုင္ငံသည္ စားအုန္း ဆီကို မေလးရွားႏိုင္ငံမွ အဓိက တင္သြင္းၿပီး ယခုလတြင္ သၾကၤန္ ကာလအထိ ဆီတန္ခ်ိန္ ၃၀,၀၀၀ ေက်ာ္ႏွင့္ သၾကၤန္အၿပီးတြင္ ဆီ တန္ခ်ိန္ ၅၀,၀၀၀ ေက်ာ္ တင္သြင္းသြားမည္ျဖစ္သည္။ ျမန္မာ ႏိုင္ငံ၏ တစ္လ စားအုန္းဆီတင္သြင္းမႈက စားသုံးမႈထက္ ပိုမ်ား ေၾကာင္း ျမန္မာႏိုင္ငံဆီလုပ္ငန္းရွင္မ်ားအသင္းကဆိုထားသည္။ ျမန္မာႏိုင္ငံတြင္ စာအုန္းဆီသို ေလွာင္ႏိုင္မႈက တန္ခ်ိန္ ၇၂,၀၀၀ ရွိသည္။
ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။
iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။
စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com