ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်ဝန်ကြီး လေးဦးနှင့် ပြည်နယ် လွှတ်တော် ဥက္ကဌတို့သည် COVID-19 ပိုးရှိသူဖြင့် ထိတွေ့မိ၍ Facility Quarantine ဝင်နေရကြောင်း ရှမ်းပြည်နယ် အစိုးရထံမှ သိရသည်။
ရှမ်းပြည်နယ် အတွင်း ခရီးစဉ်တစ်ခုအပြန်တွင် လွှတ်တော်ဥက္ကဌ၏ ယဉ်မောင်းနှင့် ရဲမှူးချုပ်၏ ကိုယ်ရေးအရာရှိတွင် COVID-19 ပိုးရှိကြောင်း ပြသသောကြောင့် ပြည်နယ်အစိုးရ တာဝန်ရှိသူများ ကပြောသည်။
ခရီးစဉ်မှ အပြန် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ကို ရောက်ရှိချိန်တွင် ပြည်နယ်အစိုးရအသုံးပြုရန်လှူဒါန်းထားသည့် ဓာတ်ခွဲစမ်းသပ်ပစ္စည်း Rapid Test Kit စမ်းသပ်အသုံးပြုကြည့်ရာတွင် ၎င်းတို့နှစ်ဦးတွင် ပိုးရှိ (positive) ပြသခဲ့ခြင်းဖြစ်သည်။
ထိုကြောင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးလေးဦးနှင့်လွှတ်တော် ဥက္ကဌတို့က ဧပြီ ၂၀ ရက်တွင် အစိုးရဧည့်ရိပ်သာ၌ Facility Quarantine ဝင်နေခြင်းဖြစ်သည်ဟု ဝန်ကြီးချုပ်က ပြောသည်။
ကျန်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများကို ဟိုတယ်တခုတွင် အသွားအလာစောင့်ကြည့်ထားသည်ဟုဆိုသည်။ စမ်းသပ်ရာတွင် ပိုးရှိကြောင်းပြသခဲ့သူ နှစ်ဦး၏ နှာခေါင်းတို့ဖတ် နမူနာများကို ရန်ကုန်သို့ ပို့ဆောင်ထားသည်ဟုဆိုသည်။
အဆိုပါ Rapid Test Kid များသည် ပြည်နယ်အစိုးရ အသုံးပြုရန်လှုဒါန်းခြင်းဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အသိအမှတ်မပြုသေးကြောင်း နှင့် ထိုပစ္စည်းများဖြင့် လူ ၃၀ ခန့်ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ရှမ်းပြည်နယ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်ကပြောသည်။
Facility Quarantine တွင် ဝန်ကြီးချုပ်နှင့်အတူ စည်ပင်သာယာရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လူမှုရေးဝန်ကြီးနှင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးတို့ပါဝင်သည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္၊လႊတ္ေတာ္ဥကၠဌႏွင့္ ျပည္နယ္ဝန္ႀကီးအခ်ိဳ႕ COVID-19 ပိုးရွိသူႏွင့္ထိေတြ႕မိ၍ facility Quarantine ဝင္
ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္၊ျပည္နယ္ဝန္ႀကီး ေလးဦးႏွင့္ ျပည္နယ္ လႊတ္ေတာ္ ဥကၠဌတို႔သည္ COVID-19 ပိုးရှိသူျဖင့္ ထိေတြ႕မိ၍ Facility Quarantine ဝင္ေနရေၾကာင္း ရွမ္းျပည္နယ္ အစိုးရထံမွ သိရသည္။
ရွမ္းျပည္နယ္ အတြင္း ခရီးစဥ္တစ္ခုအျပန္တြင္ လႊတ္ေတာ္ဥကၠဌ၏ ယဥ္ေမာင္းႏွင့္ ရဲမႉးခ်ဳပ္၏ ကိုယ္ေရးအရာရွိတြင္ COVID-19 ပိုးရွိေၾကာင္း ျပသေသာေၾကာင့္ ျပည္နယ္အစိုးရ တာဝန္ရွိသူမ်ား ကေျပာသည္။
ခရီးစဥ္မွ အျပန္ ရွမ္းျပည္နယ္ အေရွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕ကို ေရာက္ရွိခ်ိန္တြင္ ျပည္နယ္အစိုးရအသုံးျပဳရန္လႉဒါန္းထားသည့္ ဓာတ္ခြဲစမ္းသပ္ပစၥည္း Rapid Test Kit စမ္းသပ္အသုံးျပဳၾကည့္ရာတြင္ ၎တို႔ႏွစ္ဦးတြင္ ပိုးရွိ (positive) ျပသခဲ့ျခင္းျဖစ္သည္။
ထိုေၾကာင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးေလးဦးႏွင့္လႊတ္ေတာ္ ဥကၠဌတို႔က ဧၿပီ ၂၀ ရက္တြင္ အစိုးရဧည့္ရိပ္သာ၌ Facility Quarantine ဝင္ေနျခင္းျဖစ္သည္ဟု ဝန္ႀကီးခ်ဳပ္က ေျပာသည္။
က်န္ရွိသည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ အုပ္ခ်ဳပ္ေရးပိုင္းတာဝန္ရွိသူမ်ားကို ဟိုတယ္တခုတြင္ အသြားအလာေစာင့္ၾကည့္ထားသည္ဟုဆိုသည္။ စမ္းသပ္ရာတြင္ ပိုးရွိေၾကာင္းျပသခဲ့သူ ႏွစ္ဦး၏ ႏွာေခါင္းတို႔ဖတ္ နမူနာမ်ားကို ရန္ကုန္သို႔ ပို႔ေဆာင္ထားသည္ဟုဆိုသည္။
အဆိုပါ Rapid Test Kid မ်ားသည္ ျပည္နယ္အစိုးရ အသုံးျပဳရန္လႈဒါန္းျခင္းျဖစ္ၿပီး က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက အသိအမွတ္မျပဳေသးေၾကာင္း ႏွင့္ ထိုပစၥည္းမ်ားျဖင့္ လူ ၃၀ ခန႔္ကို စစ္ေဆးခဲ့ျခင္းျဖစ္သည္ဟု ရွမ္းျပည္နယ္၊ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဦးစိုးၫြန႔္လြင္ကေျပာသည္။
Facility Quarantine တြင္ ဝန္ႀကီးခ်ဳပ္ႏွင့္အတူ စည္ပင္သာယာေရးဝန္ႀကီး၊ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး၊ လူမႈေရးဝန္ႀကီးႏွင့္ ဗမာတိုင္းရင္းသားေရးရာဝန္ႀကီးတို႔ပါဝင္သည္။
ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။
iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။
စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com