ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
[Unicode]
မီတာခပေးဆောင်ရန်ကာလကို ရက်တိုးမြှင့်ပေလိုက်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးဝေရေးကော်ပိုရေးရှင်းက ထုတ်ပြန်ထားကြောင်းသိရသည်။
Covid-19 ရောဂါကြောင့် မီတာခ ပေးဆောင်သူများ အခက်အခဲမဖြစ်ပေါ်စေရန် မတ်လအတွက် မီတာခပေးဆောင်ခြင်းကို ဧပြီလသင်္ကြန်အပြီးတွင် ပေးဆောင်ရန် ရက်သတ်မှတ်ထားသော်လည်း မေလ (၂၀) ရက် ထိ ရက်ထပ်တိုး၍ နောက်ဆုံးထားပေးနိုင်ကြောင်း သိရသည်။
ဧပြီ ၂၀ ရက်မှ မေ ၂၀ ရက်အတွင်း ကာလများတွင် သက်ဆိုင်ရာမြို့နယ်များတွင် ငွေပေးဆောင်နိုင်ပြီး ငွေကောက်ခံကောင်တာများဖွင့်ထားမည်ဖြစ်ကာ ၊ ရက်လွန်ဒဏ်ကြေးနှင့်မီးဖြတ်တောက်မှုကိုလည်း လုပ်ဆောင်မှာမဟုတ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
မီတာခဆောင်ရန် ရက်တိုးမြှင့်ပေး