ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
COVID-19 ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ သိပ္ပံပညာရှင်များက ၎င်းဗိုင်းရပ်စ်သည် ခန္ဓာကိုယ်ထဲ မည်သို့နေရာယူသည်မှအစ လူများအကြား မည်သို့ကူးစက်ပျံ့နှံ့သည်အထိ ဗိုင်းရပ်စ်၏ အပြုအမူများအား သူတို့သိနိုင်သမျှ သိရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြသည်။
ထိုသိပ္ပံနည်းကျသုတေသနပြုမှုပမာဏကြီးသည် ကမ္ဘာ့မကြုံစဖူးထူးကဲများပြားလှကြောင်း ခန္ဓာကိုယ်၏ ခုခံစွမ်းအားစနစ်ကို လေ့လာသော ပညာရှင် ပါမောက္ခ လုခ်အိုနေးလ်က Euronews ရုပ်သံသတင်းဌာနသို့ ပြောကြားခဲ့သည်။
၎င်းဗိုင်းရပ်စ်နှင့်ပတ်သက်၍ ဆွေးနွေးမှုများတွင် အလွှမ်းမိုးဆုံးအဓိကမေးခွန်းတစ်ခုမှာ လူတစ်ဦးသည် ထိုဗိုင်းရပ်စ်ကို တစ်ကြိမ်ထက်ပို၍ ကူးစက်နိုင်ခြင်း ရှိ၊ မရှိ ဟူသော မေးခွန်းဖြစ်သည်။
ထိုမေးခွန်းအတွက် အဖြေမှာ မည်သူမျှ သေသေချာချာ မသိရှိကြသေးဘူးဟူ၍ဖြစ်သည်။
“အဲ့ဒါအရမ်းကို အရေးပါတဲ့မေးခွန်းပါပဲ။ အဖြေကတော့ ကျွန်တော်တို့ တိတိပပမသိကြသေးပါဘူး။ ဒါအမှန်ပါပဲ။” ဟု ပါမောက္ခ အိုနေးလ်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တောင်ကိုရီးယားတွင် ရောဂါပိုးမရှိတော့ကြောင်း စစ်ဆေးတွေ့ရှိကာ ပြန်လည်ကောင်းမွန်လာခဲ့ပြီးမှ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် မောပန်းနွမ်းနယ်ခြင်းကဲ့သို့သော လက္ခဏာများထပ်မံခံစားရပြီး ရောဂါပိုးပြန်လည်တွေ့ရှိရသည့် လူနာအရေအတွက် သိသိသာသာမြင့်တက်ခဲ့သည်။
တောင်ကိုရီးယားကျန်းမာရေးအာဏာပိုင်များကတော့ ထိုသူများတွင် ရောဂါပိုးပြန်လည်တွေ့ရှိခြင်းသည် ဒုတိယအကြိမ်ကူးစက်ခံရခြင်းမဖြစ်နိုင်ဘဲ ရောဂါပိုးအရှင်းမသေသေးဘဲ ပြန်လည်ရှင်သန်လာကြခြင်းသာ ဖြစ်နိုင်သည်ဟု ဆိုထားသည်။
အမေရိကန်ကျန်းမာရေးပညာရှင်များကမူ ယခင်ကပေါ်ပေါက်ခဲ့ပြီးဖြစ်သော အခြားကိုရိုနာဗိုင်းရပ်စ်များတွင် ထိုသို့ပြန်လည်ရှင်သန်မှုမျိုး မရှိခဲ့သဖြင့် တောင်ကိုရီးယားကျန်းမာရေးအာဏာပိုင်များ၏ အဆိုကို မထောက်ခံထားပေ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က “လူအချို့ ပြန်ကောင်းလာပြီးမှ ဘာလို့ ရောဂါပြန်ဖြစ်နိုင်တာဆိုတာကို နားလည်သဘောပေါက်ဖို့ လုံလောက်တဲ့သက်သေအထောက်အထားတွေ ကျွန်တော်တို့မှာ မရှိသေးပါဘူး။ အဲ့ဒီအတွက်ဆုံးဖြတ်ဖို့ရာ အချက်အလက်တွေ လိုပါတယ်။ ဒါပေမဲ့ လူတစ်ဦးစီရဲ့ ကိုယ်ခံအားစနစ်အလုပ်လုပ်နိုင်စွမ်းနဲ့ ဆက်စပ်တာကိုပဲ တွေ့ရနိုင်ပါတယ်။” ဟု ထုတ်ပြန်ထားသည်။
ပညာရှင်အချို့ကလည်း ထိုလူနာများရှိ ဗိုင်းရပ်စ်သည် ပြန်လည်ရှင်သန်ခြင်းမဖြစ်နိုင်သော်လည်း ဆေးရုံမှဆင်းချိန်တွင် သူတို့၏ခန္ဓာကိုယ်ထဲ ရှိနေဆဲဖြစ်ကာ ထို့နောက်မှ ရောဂါပြန်ပေါ်လာခြင်းဖြစ်နိုင်သည်ဟု ယူဆနေကြကြောင်းလည်း သိရသည်။
ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။
iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Coronavirus: Can you catch COVID-19 twice?+ Can You Develop COVID-19 Twice? Here’s What We Know( euronews+healthline )
[Zawgyi]
သင္ COVID-19 ႏွစ္ခါျပန္ ကူးစက္ႏိုင္သလား?
COVID-19 ကို႐ိုနာဗိုင္းရပ္စ္ႏွင့္ပတ္သက္၍ သိပၸံပညာရွင္မ်ားက ၎ဗိုင္းရပ္စ္သည္ ခႏၶာကိုယ္ထဲ မည္သို႔ေနရာယူသည္မွအစ လူမ်ားအၾကား မည္သို႔ကူးစက္ပ်ံ႕ႏွံ႔သည္အထိ ဗိုင္းရပ္စ္၏ အျပဳအမူမ်ားအား သူတို႔သိႏိုင္သမွ် သိရွိႏိုင္ရန္ ႀကိဳးပမ္းေဆာင္႐ြက္ေနၾကသည္။
ထိုသိပၸံနည္းက်သုေတသနျပဳမႈပမာဏႀကီးသည္ ကမာၻ႔မႀကဳံစဖူးထူးကဲမ်ားျပားလွေၾကာင္း ခႏၶာကိုယ္၏ ခုခံစြမ္းအားစနစ္ကို ေလ့လာေသာ ပညာရွင္ ပါေမာကၡ လုခ္အိုေနးလ္က Euronews ႐ုပ္သံသတင္းဌာနသို႔ ေျပာၾကားခဲ့သည္။
၎ဗိုင္းရပ္စ္ႏွင့္ပတ္သက္၍ ေဆြးေႏြးမႈမ်ားတြင္ အလႊမ္းမိုးဆုံးအဓိကေမးခြန္းတစ္ခုမွာ လူတစ္ဦးသည္ ထိုဗိုင္းရပ္စ္ကို တစ္ႀကိမ္ထက္ပို၍ ကူးစက္ႏိုင္ျခင္း ရွိ၊ မရွိ ဟူေသာ ေမးခြန္းျဖစ္သည္။
ထိုေမးခြန္းအတြက္ အေျဖမွာ မည္သူမွ် ေသေသခ်ာခ်ာ မသိရွိၾကေသးဘူးဟူ၍ျဖစ္သည္။
“အဲ့ဒါအရမ္းကို အေရးပါတဲ့ေမးခြန္းပါပဲ။ အေျဖကေတာ့ ကြၽန္ေတာ္တို႔ တိတိပပမသိၾကေသးပါဘူး။ ဒါအမွန္ပါပဲ။” ဟု ပါေမာကၡ အိုေနးလ္က ေျပာၾကားခဲ့သည္။
ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း ေတာင္ကိုရီးယားတြင္ ေရာဂါပိုးမရွိေတာ့ေၾကာင္း စစ္ေဆးေတြ႕ရွိကာ ျပန္လည္ေကာင္းမြန္လာခဲ့ၿပီးမွ ကိုယ္ပူျခင္း၊ ေခ်ာင္းဆိုးျခင္း၊ လည္ေခ်ာင္းနာျခင္းႏွင့္ ေမာပန္းႏြမ္းနယ္ျခင္းကဲ့သို႔ေသာ လကၡဏာမ်ားထပ္မံခံစားရၿပီး ေရာဂါပိုးျပန္လည္ေတြ႕ရွိရသည့္ လူနာအေရအတြက္ သိသိသာသာျမင့္တက္ခဲ့သည္။
ေတာင္ကိုရီးယားက်န္းမာေရးအာဏာပိုင္မ်ားကေတာ့ ထိုသူမ်ားတြင္ ေရာဂါပိုးျပန္လည္ေတြ႕ရွိျခင္းသည္ ဒုတိယအႀကိမ္ကူးစက္ခံရျခင္းမျဖစ္ႏိုင္ဘဲ ေရာဂါပိုးအရွင္းမေသေသးဘဲ ျပန္လည္ရွင္သန္လာၾကျခင္းသာ ျဖစ္ႏိုင္သည္ဟု ဆိုထားသည္။
အေမရိကန္က်န္းမာေရးပညာရွင္မ်ားကမူ ယခင္ကေပၚေပါက္ခဲ့ၿပီးျဖစ္ေသာ အျခားကို႐ိုနာဗိုင္းရပ္စ္မ်ားတြင္ ထိုသို႔ျပန္လည္ရွင္သန္မႈမ်ိဳး မရွိခဲ့သျဖင့္ ေတာင္ကိုရီးယားက်န္းမာေရးအာဏာပိုင္မ်ား၏ အဆိုကို မေထာက္ခံထားေပ။
ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က “လူအခ်ိဳ႕ ျပန္ေကာင္းလာၿပီးမွ ဘာလို႔ ေရာဂါျပန္ျဖစ္ႏိုင္တာဆိုတာကို နားလည္သေဘာေပါက္ဖို႔ လုံေလာက္တဲ့သက္ေသအေထာက္အထားေတြ ကြၽန္ေတာ္တို႔မွာ မရွိေသးပါဘူး။ အဲ့ဒီအတြက္ဆုံးျဖတ္ဖို႔ရာ အခ်က္အလက္ေတြ လိုပါတယ္။ ဒါေပမဲ့ လူတစ္ဦးစီရဲ႕ ကိုယ္ခံအားစနစ္အလုပ္လုပ္ႏိုင္စြမ္းနဲ႔ ဆက္စပ္တာကိုပဲ ေတြ႕ရႏိုင္ပါတယ္။” ဟု ထုတ္ျပန္ထားသည္။
ပညာရွင္အခ်ိဳ႕ကလည္း ထိုလူနာမ်ားရွိ ဗိုင္းရပ္စ္သည္ ျပန္လည္ရွင္သန္ျခင္းမျဖစ္ႏိုင္ေသာ္လည္း ေဆး႐ုံမွဆင္းခ်ိန္တြင္ သူတို႔၏ခႏၶာကိုယ္ထဲ ရွိေနဆဲျဖစ္ကာ ထို႔ေနာက္မွ ေရာဂါျပန္ေပၚလာျခင္းျဖစ္ႏိုင္သည္ဟု ယူဆေနၾကေၾကာင္းလည္း သိရသည္။
ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။
iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Coronavirus: Can you catch COVID-19 twice?+ Can You Develop COVID-19 Twice? Here’s What We Know( euronews+healthline )