ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode]
ဆေးဝါး နဲ့ ဆေးဝါးတွေကို ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းတွေ အားလုံး တင်သွင်းမှုအပေါ် သွင်းကုန်လိုင်စင်ကြေးကင်းလွတ်ခွင့်ပြုတယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက နေသိရပါတယ်။
COVID-19 ကြောင့် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်မှု လျော့နည်း သက်သာစေရေးအတွက် ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်သူ့ကျန်းမာရေးတိုးတက် အထောက်အကူပြုရေး၊ ဆေးဝါးနဲ့ ဆေးဝါးကုန်ကြမ်းတွေကို ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးနဲ့ ပြည်တွင်းဆေးဝါးထုတ်လုပ်မှုကို အားပေးမြှင့်တင်နိုင်ရေးအတွက်လည်း ပါဝင်တယ်လို့ သိရပါတယ်။
ဧပြီလ ၁၁ ရက်နေ့ က စတင်ပြီး ကင်းလွတ်ခွင့်ပြုတာဖြစ်တယ်လို့ သိရပါတယ်။
ဆေးဝါးနဲ့ ဆေးပစ္စည်းတွေ သွင်းကုန်လိုင်စင်လျှောက်ထားမှုကို အွန်လိုင်းစနစ်နဲ့ အပြည့်အဝ ဆောင်ရွက်နိုင်ပြီလို့ ဧပြီ ၆ ရက်နေ့က ကုန်သွယ်ရေးဦးစီးဌာန ကပြောကြားထားပါသေးတယ်။
လက်ရှိ COVID-19 ဗိုင်းရပ်စ်ရောဂါကြောင့် ရောဂါကာကွယ်တားဆီးရေးမှာ လိုအပ်တဲ့ ဆေးတွေနဲ့ ဆေးပစ္စည်းတွေ လုံလောက်မှုမရှိဖြစ်နေပြီး ပြည်ပကနေ တင်သွင်းရာမှာလည်း ခက်ခဲမှုတွေရှိနေတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဦးစီးဌာနရဲ့ သတ်မှတ်ချက်တွေနဲ့ အညီ သွင်းကုန်လိုင်စင်ခွင့်ပြုထုတ်ပေးနိုင်ဖို့ အွန်လိုင်းစနစ်နဲ့ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
ဒီလိုဆောင်ရွက်ပေးတာဟာ ပြည်တွင်းမှာလိုအပ်နေတဲ့ ဆေးဝါးနဲ့ ဆေးပစ္စည်းတွေကို အလျင်အမြန် တင်သွင်းနိုင်ရေးအတွက်ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ဆေးဝါးကုန်ကြမ်းအားလုံးကို သွင်းကုန်လိုင်စင်ကြေး ကင်းလွတ်ခွင့်ပြု