ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
[Unicode]
မြန်မာ အမျိူးသားလေကြောင်းလိုင်းက ပြည်တွင်းပြည်ပခရီးစဉ်တွေအားလုံးကို ဧပြီ ၃၀ ရက်နေ့အထိ ပျံသန်းပြေးဆွဲမှုကို ရပ်ဆိုင်းသွားမယ် လို့ လေကြောင်းလိုင်းကကြေညာလိုက်ပါတယ်။
ပြည်ပခရီးစဉ်တွေကတော့ပြီးခဲ့တဲ့မတ်လနောက်ဆုံးပတ်က ရပ်နားထားတာဖြစ်လို့ လက်ရှိမှာCovid-19 ဂယက်ကြောင့် ပြည်တွင်းခရီးစဉ်တွေ ပျံသန်းပြေးဆွဲနေတာကိုပါ ရပ်နားလိုက်တာဖြစ်ပါတယ်။
မြန်မာ အမျိူးသားလေကြောင်းလိုင်းဟာ စုစုပေါင်းလေယာဉ်အစီးရေ ၂၀ကျော် နဲ့ ပြည်တွင်းပြည်ပကို ပျံသန်းပြေးဆွဲနေတဲ့ လေကြောင်းလိုင်းပဲဖြစ်ပါတယ်။
ရပ်နားထားတဲ့ကာလတွေမှာ လေယာဉ်လက်မှတ်ဝယ်ယူထားမှုတွေရှိရင်တော့ငွေပြန်လည်အမ်းပေးတာ ၊ရက်ချိန်းတာမျိူးတွေပြုလုပ်သွားဖို့ရှိတယ်လို့သိရပါတယ်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
COVID 19 ကြောင့် MNA လေကြောင်းလိုင်းပြေးဆွဲမှု ခေတ္တရပ်ဆိုင်း
မြန်မာ အမျိုးသားလေကြောင်းလိုင်းက ပြည်တွင်းပြည်ပခရီးစဉ်တွေအားလုံးကို ဧပြီ ၃၀ ရက်နေ့အထိ ပျံသန်းပြေးဆွဲမှုကို ရပ်ဆိုင်းသွားမယ် လို့ လေကြောင်းလိုင်းကကြေညာလိုက်ပါတယ်။
မြန်မာ အမျိုးသားလေကြောင်းလိုင်းဟာ စုစုပေါင်းလေယာဉ်အစီးရေ ၂၀ကျော် နဲ့ ပြည်တွင်းပြည်ပကို ပျံသန်းပြေးဆွဲနေတဲ့ လေကြောင်းလိုင်းပဲဖြစ်ပါတယ်။
ရပ်နားထားတဲ့ကာလတွေမှာ လေယာဉ်လက်မှတ်ဝယ်ယူထားမှုတွေရှိရင်တော့ငွေပြန်လည်အမ်းပေးတာ ၊ရက်ချိန်းတာမျိုးတွေပြုလုပ်သွားဖို့ရှိတယ်လို့သိရပါတယ်။