ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
[Unicode]
COVID-19 ဖြစ်ပွားမှုအရေး ကိုင်တွယ်မှုနှင့်ပတ်သက်၍ တရုတ်အစိုးရအား ဝေဖန်မှုအဆင့်မြှင့်လိုက်မှုအဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်အား ၎င်းကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအတွက် တာဝန်ရှိသည်ဟု သဘောပေါက်ပါက အကျိုးဆက်ကို ရင်ဆိုင်ရသင့်သည်ဟု ဧပြီ ၁၈ တွင် သတိပေးလိုက်သည်။
“တရုတ်မှာပဲ အဆုံးသတ်လို့ရနိုင်ခဲ့တဲ့ဟာကို အဆုံးမသတ်ခဲ့လို့ အခုတော့ တစ်ကမ္ဘာလုံး ဒုက္ခရောက်ကြရပြီ။” ဟု ထရန့်က အိမ်ဖြူတော်နေ့စဥ်အစည်းအဝေးအတွင်း ပြောကြားခဲ့သည်။
“အဲ့ဒါက အမှားဆိုရင်လည်း အမှားက အမှားပဲ။ အဲ့အမှားအတွက် တာဝန်ရှိမှန်းနားလည်တယ်ဆိုရင် အကျိုးဆက်ရှိသင့်တယ်။” ဟု ထရန့်က ပြောကြားခဲ့သည်။ အမေရိကန်မှအရေးယူနိုင်သည့် တစ်စုံတစ်ရာနှင့်ပတ်သက်၍မူ မပြောကြားခဲ့ပေ။
အထက်ဖော်ပြပါစကားများသည် ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံနှစ်ခုအကြား ပြိုင်တရစပ်ပစ်သည့်စကားကျည်ဆန်များတွင် အမေရိကန်၏ ယခုနောက်ဆုံးပစ်ခတ်လိုက်မှုဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကို ကိုင်တွယ်ရန် မကြုံစဖူးပူးပေါင်းဆောင်ရွက်မှုအဆင့်တစ်ခုကို လိုအပ်ကြောင်း ပညာရှင်များက ပြောကြားလိုက်ချိန်တွင် ထွက်ပေါ်လာသော ထိုစကားများက နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတင်းမာလာသည်ကို ပြသလိုက်ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ယမန်နှစ်နှောင်းပိုင်းက ကိုရိုနာဗိုင်းရပ်စ်ရုတ်တရက်ဖြစ်ပွားပြီးနောက် ထရန့်နှင့် အကြီးတန်းလက်ထောက်များက တရုတ်သည် ပွင့်လင်းမြင်သာမှုမရှိဟု စွပ်စွဲထားခဲ့ကြသည်။
ယခုသီတင်းပတ်အတွင်းကလည်း ထရန့်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO သည် တရုတ်ကို ဗဟိုပြုနေသည်ဟု စွပ်စွဲကာ ထောက်ပံ့မှုရပ်ဆိုင်းခဲ့သည်။
အမေရိကန်အစိုးရနှင့် တရုတ်အစိုးရတို့သည် ၎င်းဗိုင်းရပ်စ်နှင့်ပတ်သက်၍ လူသိရှင်ကြား အကြိမ်ကြိမ်စကားနိုင်လုလာကြသည်။ ထရန့်က တရုတ်နိုင်ငံနှင့် တရုတ်သမ္မတ ရှီကျင်ဖင်းတို့ကို ကနဦးက ချီးကျူးခဲ့သော်လည်း နောက်ပိုင်းတွင် ထိုဗိုင်းရပ်စ်အား “တရုတ်ဗိုင်းရပ်စ်” ဟု ရည်ညွှန်းလာခဲ့ကာ မကြာသေးမီရက်များအတွင်း စွပ်စွဲချက်များ ပြင်းထန်လာခဲ့သည်။
တရုတ်အစိုးရတာဝန်ရှိသူအချို့ကလည်း ထိုဗိုင်းရပ်စ်သည် အမေရိကန်စစ်တပ်မှစတင်ခဲ့သည်ဟု မှ ပြစ်တင်ရန် အစောပိုင်းကကြိုးပမ်းခဲ့ဖူးပြီး ယင်းအား အမေရိကန်အစိုးရက စိတ်ဆိုးမာန်ဆိုးဖြင့် ပယ်ချခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Trump warns China could face consequences for virus outbreak (Reuters)
[Zawgyi]
COVID-19 ျဖစ္ပြားမႈအတြက္ အက်ိဳးဆက္ကို တ႐ုတ္ရင္ဆိုင္ရႏိုင္ေၾကာင္း ထရန႔္သတိေပး
COVID-19 ျဖစ္ပြားမႈအေရး ကိုင္တြယ္မႈႏွင့္ပတ္သက္၍ တ႐ုတ္အစိုးရအား ေဝဖန္မႈအဆင့္ျမႇင့္လိုက္မႈအျဖစ္ အေမရိကန္သမၼတ ေဒၚနယ္ထရန႔္က တ႐ုတ္အား ၎ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါအတြက္ တာဝန္ရွိသည္ဟု သေဘာေပါက္ပါက အက်ိဳးဆက္ကို ရင္ဆိုင္ရသင့္သည္ဟု ဧၿပီ ၁၈ တြင္ သတိေပးလိုက္သည္။
“တ႐ုတ္မွာပဲ အဆုံးသတ္လို႔ရႏိုင္ခဲ့တဲ့ဟာကို အဆုံးမသတ္ခဲ့လို႔ အခုေတာ့ တစ္ကမာၻလုံး ဒုကၡေရာက္ၾကရၿပီ။” ဟု ထရန႔္က အိမ္ျဖဴေတာ္ေန႔စဥ္အစည္းအေဝးအတြင္း ေျပာၾကားခဲ့သည္။
“အဲ့ဒါက အမွားဆိုရင္လည္း အမွားက အမွားပဲ။ အဲ့အမွားအတြက္ တာဝန္ရွိမွန္းနားလည္တယ္ဆိုရင္ အက်ိဳးဆက္ရွိသင့္တယ္။” ဟု ထရန႔္က ေျပာၾကားခဲ့သည္။ အေမရိကန္မွအေရးယူႏိုင္သည့္ တစ္စုံတစ္ရာႏွင့္ပတ္သက္၍မူ မေျပာၾကားခဲ့ေပ။
အထက္ေဖာ္ျပပါစကားမ်ားသည္ ကမာၻ႔အင္အားအႀကီးဆုံးႏိုင္ငံႏွစ္ခုအၾကား ၿပိဳင္တရစပ္ပစ္သည့္စကားက်ည္ဆန္မ်ားတြင္ အေမရိကန္၏ ယခုေနာက္ဆုံးပစ္ခတ္လိုက္မႈျဖစ္သည္။
ကို႐ိုနာဗိုင္းရပ္စ္အက်ပ္အတည္းကို ကိုင္တြယ္ရန္ မႀကဳံစဖူးပူးေပါင္းေဆာင္႐ြက္မႈအဆင့္တစ္ခုကို လိုအပ္ေၾကာင္း ပညာရွင္မ်ားက ေျပာၾကားလိုက္ခ်ိန္တြင္ ထြက္ေပၚလာေသာ ထိုစကားမ်ားက ႏွစ္ႏိုင္ငံဆက္ဆံေရး ပိုမိုတင္းမာလာသည္ကို ျပသလိုက္ျခင္းျဖစ္သည္။
တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕တြင္ ယမန္ႏွစ္ေႏွာင္းပိုင္းက ကို႐ိုနာဗိုင္းရပ္စ္႐ုတ္တရက္ျဖစ္ပြားၿပီးေနာက္ ထရန႔္ႏွင့္ အႀကီးတန္းလက္ေထာက္မ်ားက တ႐ုတ္သည္ ပြင့္လင္းျမင္သာမႈမရွိဟု စြပ္စြဲထားခဲ့ၾကသည္။
ယခုသီတင္းပတ္အတြင္းကလည္း ထရန္႔က ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO သည္ တ႐ုတ္ကို ဗဟိုျပဳေနသည္ဟု စြပ္စြဲကာ ေထာက္ပံ့မႈရပ္ဆိုင္းခဲ့သည္။
အေမရိကန္အစိုးရႏွင့္ တ႐ုတ္အစိုးရတို႔သည္ ၎ဗိုင္းရပ္စ္ႏွင့္ပတ္သက္၍ လူသိရွင္ၾကား အႀကိမ္ႀကိမ္စကားႏိုင္လုလာၾကသည္။ ထရန႔္က တ႐ုတ္ႏိုင္ငံႏွင့္ တ႐ုတ္သမၼတ ရွီက်င္ဖင္းတို႔ကို ကနဦးက ခ်ီးက်ဴးခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ထိုဗိုင္းရပ္စ္အား “တ႐ုတ္ဗိုင္းရပ္စ္” ဟု ရည္ၫႊန္းလာခဲ့ကာ မၾကာေသးမီရက္မ်ားအတြင္း စြပ္စြဲခ်က္မ်ား ျပင္းထန္လာခဲ့သည္။
တ႐ုတ္အစိုးရတာဝန္ရွိသူအခ်ိဳ႕ကလည္း ထိုဗိုင္းရပ္စ္သည္ အေမရိကန္စစ္တပ္မွစတင္ခဲ့သည္ဟု မွ ျပစ္တင္ရန္ အေစာပိုင္းကႀကိဳးပမ္းခဲ့ဖူးၿပီး ယင္းအား အေမရိကန္အစိုးရက စိတ္ဆိုးမာန္ဆိုးျဖင့္ ပယ္ခ်ခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။
iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Trump warns China could face consequences for virus outbreak (Reuters)