အစိုးရထောက်ပံ့ငွေ ဒေါ်လာ ၁၇၀၀ သွားထုတ်စဉ် ပြေစာတွင် ငွေလက်ကျန် ဒေါ်လာ ၈ ဒသမ ၂ သန်းကို ရရှိလိုက်သည့် အမျိုးသား
အစိုးရထောက်ပံ့ငွေ ဒေါ်လာ ၁၇၀၀ သွားထုတ်စဉ် ပြေစာတွင် ငွေလက်ကျန် ဒေါ်လာ ၈ ဒသမ ၂ သန်းကို ရရှိလိုက်သည့် အမျိုးသား - Property News in Myanmar from iMyanmarHouse.com
18 Apr 2020 10:38 am တွင် တင်ခဲ့သည်
60671 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်တွင် ချားလ်ကယ်လ်ဗင်အမည်ရှိ အမျိုးသားတစ်ဦးသည် ပြီးခဲ့သည့်စနေနေ့က အေတီအမ်စက်သို့ သွားရောက်ခဲ့သောအခါ အိမ်ခန်းငှားခပေးရန် ငွေအချို့ထုတ်ရန် ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။
အင်ဒီယာနာပြည်နယ် နယူးချီကာဂိုမြို့တွင် စေတနာ့ဝန်ထမ်းမီးသတ်သမားတစ်ဦးအဖြစ် လုပ်ကိုင်နေသည့် ကယ်လ်ဗင်သည် အစိုးရ၏ “အသုံးစရိတ်ပံ့ပိုးမှုထောက်ပံ့ငွေအစီအစဉ်” တစ်စိတ်တစ်ပိုင်းအရ သူ၏အကောင့်ထဲသို့ ဒေါ်လာ ၁,၇၀၀ တိုက်ရိုက်ထည့်သွင်းပေးခံထားရပြီးဖြစ်ကြောင်းကို ဖုန်းမှတစ်ဆင့် အကြောင်းကြားခံထားခဲ့ရပြီးဖြစ်သည်။
ထို့ကြောင့် အသက် ၄၅ နှစ်ရှိ ကယ်လ်ဗင်သည် သူ၏ MetaBank ကတ်အား အေတီအမ်စက်ထဲသို့ ထည့်သွင်းခဲ့ပြီး အများဆုံးထုတ်ယူနိုင်သည့်ပမာဏဖြစ်သော ဒေါ်လာ ၂၀၀ ထုတ်ယူခဲ့သည်။ ထို့နောက် ပြေစာအား ဆွဲထုတ်လိုက်သောအခါ လက်ကျန်ငွေနေရာတွင် ဒေါ်လာ ၈,၂၀၀,၀၀၀.၀၀ ကို တွေ့မြင်ခဲ့ရခြင်းဖြစ်သည်။
“ကမ္ဘာကြီး ဘာတွေဖြစ်ကုန်တာလဲဗျို့? တစ်ခုခုတော့ မှားနေပြီထင်တယ်နော်။” ဟု ကယ်လ်ဗင်က စီအင်န်အင်န်သတင်းဌာနသို့ ပြောကြားခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူသည် အိမ်ငှားခအတွက် ဒေါ်လာ ၈၀၀ လိုအပ်နေခဲ့သည်ဖြစ်သဖြင့် နောက်ထပ်ငွေထုတ်ယူမှုအနည်းငယ်ကိုပြုလုပ်ခဲ့သည်။
“ထပ်ထုတ်တော့လည်း ဒေါ်လာ ၈ ဒသမ ၂ သန်း ကျန်နေတုန်းပဲ။” ဟု သူက ဆိုသည်။
အေတီအမ်စက် တစ်စုံတစ်ခုမှားယွင်းနေပြီကို သတိပြုမိရင်း သူက အေတီအမ်စက်ရှိရာ Family Express ဂတ်စ်ဆိုင်ရှိ ဝန်ထမ်းတစ်ဦးအား ထိုစက်နှင့်ပတ်သက်၍ အဆင်မပြေမှုတစ်စုံတစ်ရာကြားမိခြင်းရှိမရှိ မေးမြန်းခဲ့သည်။ ဝန်ထမ်းအမျိုးသမီးက မကြားမိကြောင်း ဖြေကြားခဲ့ပြီး ထိုသို့မေးမြန်းရသည့်အကြောင်းရင်းအား ပြန်လည်မေးမြန်းခဲ့သည်။
ကယ်လ်ဗင်က သူမအား ပြေစာကို ပြသလိုက်ရာ သူမက ပြေစာကိုတစ်လှည့် ကယ်လ်ဗင်ကိုတစ်လှည့် အထပ်ထပ်ကြည့်ရှုပြီး “ရှင်က မီလျံနာလား?” ဟု ကယ်လ်ဗင်အား မေးခွန်းထုတ်လိုက်သည်။
ထိုအခါ ကယ်လ်ဗင်က “အစ်မရယ် ကျွန်တော်သာ မီလျံနာဆို အိမ်ငှားခအတွက် ဒေါ်လာ ၂၀၀ ထုတ်ဖို့ ဒီမှာ ရောက်နေမယ်လို့ ခင်ဗျားထင်လား?” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ယင်းနောက် ကယ်လ်ဗင်က ရဲကြပ်ကြီးတစ်ဦးဖြစ်သော သူငယ်ချင်းတစ်ဦးအား ဆက်သွယ်ခဲ့ရာ သူငယ်ချင်းဖြစ်သူက သူ့အား ထိုငွေကို စိုးစဉ်းမျှ အသုံးမပြုဘဲ တနင်္လာနေ့တွင် သက်ဆိုင်ရာဘဏ်သို့ အကြောင်းကြားရန် သူ့အား အကြံပေးခဲ့သည်။
ထို့နောက် MetaBank ဘဏ်မှပြန်လည်ဖြေရှင်းချက်အရ ဘဏ်စာရင်းတွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ ထည့်ပေးသောငွေ ဒေါ်လာ ၁၇၀၀ သာ ပြကြောင်းနှင့် အေတီအမ်စနစ်တွင် ချို့ယွင်းမှုဖြစ်သွားခဲ့ခြင်းဖြစ်နိုင်ကြောင်း သိရသည်။
သူ၏ ဘဏ်စာရင်းတွင် ငွေလက်ကျန်သည် ၁၃ ဒသမ ၆၉ ဒေါ်လာ ဖြစ်ပြီး ငွေလက်ကျန်အား ထို ၈ ဒသမ ၂ သန်းသာ အမှန်တကယ်ဖြစ်လိုက်ချင်သည်ဟု သူက ပြောကြားခဲ့ကြောင်းလည်း သိရသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: A man goes to withdraw his $1,700 stimulus money and gets a receipt for $8.2 million (CNN)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
CarsDB
Ponnami Estate
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service