ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
ဗြိတိန်ထိပ်တန်းသိပ္ပံပညာရှင်တို့က လာမည့် ရက်သတ္တပတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးကို လူသားများတွင် စတင်စမ်းသပ်တော့ မည်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာလိုက်ရာ ယနေ့ကာလကူးစက်မှု မြင့်တက်နေသည့်ဗိုင်းရပ်စ်ကို ချေမှုန်းနိုင်မည့်မျှော်လင့်ချက် ပိုမိုအားကောင်းလာသည်။
ကုသ၍မရနိုင်သော အဆိုပါရောဂါအတွက် ကာကွယ်ဆေးကို လာမည့်ဆောင်းတွင်းတွင် လူသန်းပေါင်းများစွာ အသုံးပြုနိုင်အောင် ထုတ်လုပ်နိုင်မည်ဟု အောက်စ်ဖို့တက္ကသိုလ်သိပ္ပံပညာရှင်များက ယုံကြည်နေသည်။
အဆိုပါစမ်းသပ်ကာကွယ်ဆေးကို တိရ စ္ဆာန်အမျိုးမျိုးတွင် စမ်းသပ်ခဲ့ရာ ရလဒ်ကောင်းများ ရရှိခဲ့ပြီး နောက်တစ်ဆင့်မှာ လူသားများတွင် စမ်းသပ်ကာ ဘေးကင်းကြောင်း သက်သေပြနိုင်ရန် ဖြစ်သည်။
ကမ္ဘာပေါ်တွင် covid-19 ဆေးဝါးထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေသည့်အဖွဲ့ ရာနှင့်ချီ၍ ရှိနေပြီး ထိုအထဲတွင် အောက်စ်ဖို့ဒ်တက္ကသိုလ်မှ အဖွဲ့လည်း အပါအဝင်ဖြစ်သည်။ ကျွမ်းကျင်ပညာရှင်တို့ကမူ ကာကွယ်ဆေးထုတ်လုပ်မှုမှာ ၁၈ လခန့် ကြာမြင့်နိုင်သည်ဟု တွက်ဆစိုးရိမ်နေကြသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ၏ ထုတ်ပြန်ချက်အရ လက်ရှိအားဖြင့် ထုတ်လုပ်ရန် ကြိုးစားနေသည့် ကာကွယ်ဆေးပေါင်း ၇၀ ကျော် ရှိနေသည်ဟု ဆိုသည်။
အုပ်စု ၃ ခု ( တရုတ်နိုင်ငံမှ ၁ ခုနှင့် အမေရိကန်မှ ၂ ခု) တို့သည် လူသားများတွင် စတင်စမ်းသပ်နေပြီ ဖြစ်သည်။
အောက်စ်ဖို့ဒ်တက္ကသိုလ်သည် လူတို့နှင့် စမ်းသပ်မည့် ပထမဆင့်အတွက် စမ်းသပ်ခံမည့် လူပေါင်း ၅၁၀ ဦး ခေါ်ယူထားပြီးဖြစ်ကာ အသက်အားဖြင့် ၁၈ နှစ်မှ ၅၅ နှစ်ကြားရှိသည်။
စမ်းသပ်ခံမည့်သူတို့သည် အောက်စ်ဖို့ဒ်တက္ကသိုလ်တွင် ထုတ်လုပ်သည့် ChAdOx1 nCoV-19 ကာကွယ်ဆေး (သို့မဟုတ်) ထိန်းချုပ် ထိုးဆေးတစ်မျိုးဖြင့် စမ်းသပ်ခံမည်ဖြစ်ပြီး နှိုင်းယှဉ်လေ့လာမှုများ ပြုလုပ်သွားမည် ဖြစ်သည်။
ယခုသုတေသနကို ဦးဆောင်သူ ပါမောက္ခ Adrian Hill က ပြောကြားရာတွင် “လာမယ့်အပတ်မှာ ကျွန်တော်တို့ဟာ လူသားတွေနဲ့ စမ်းသပ်မှု စတင်ပြုလုပ်ပါတော့မယ်။ ကျွန်တော်တို့ဟာ ဒီကာကွယ်ဆေးကို တိရ စ္ဆာန်မျိုးစိတ်အမျိုးမျိုးနဲ့ စမ်းသပ်ခဲ့ပြီး ဖြစ်ပါတယ်” ဟု ပြောကြားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Oxford University to begin tests of its coronavirus vaccine on humans NEXT WEEK in hope of having a jab ready for autumn (Dailymail)
[Zawgyi]
ေအာက္စ္ဖို႔ဒ္ တကၠသိုလ္က လာမည့္ရက္သတၱပတ္တြင္ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးကို လူသားမ်ားတြင္ စတင္စမ္းသပ္မည္ျဖစ္ၿပီး ေဆာင္းတြင္းတြင္ ေဆးထုတ္လုပ္ႏိုင္မည္ဟု ေမွ်ာ္မွန္း
ၿဗိတိန္ထိပ္တန္းသိပၸံပညာရွင္တို႔က လာမည့္ ရက္သတၱပတ္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေရးကို လူသားမ်ားတြင္ စတင္စမ္းသပ္ေတာ့ မည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေၾကညာလိုက္ရာ ယေန႔ကာလကူးစက္မႈ ျမင့္တက္ေနသည့္ဗိုင္းရပ္စ္ကို ေခ်မႈန္းႏိုင္မည့္ေမွ်ာ္လင့္ခ်က္ ပိုမိုအားေကာင္းလာသည္။
ကုသ၍မရႏိုင္ေသာ အဆိုပါေရာဂါအတြက္ ကာကြယ္ေဆးကို လာမည့္ေဆာင္းတြင္းတြင္ လူသန္းေပါင္းမ်ားစြာ အသုံးျပဳႏိုင္ေအာင္ ထုတ္လုပ္ႏိုင္မည္ဟု ေအာက္စ္ဖို႔တကၠသိုလ္သိပၸံပညာရွင္မ်ားက ယုံၾကည္ေနသည္။
အဆိုပါစမ္းသပ္ကာကြယ္ေဆးကို တိရ စာၦန္အမ်ိဳးမ်ိဳးတြင္ စမ္းသပ္ခဲ့ရာ ရလဒ္ေကာင္းမ်ား ရရွိခဲ့ၿပီး ေနာက္တစ္ဆင့္မွာ လူသားမ်ားတြင္ စမ္းသပ္ကာ ေဘးကင္းေၾကာင္း သက္ေသျပႏိုင္ရန္ ျဖစ္သည္။
ကမာၻေပၚတြင္ covid-19 ေဆးဝါးထုတ္လုပ္ႏိုင္ရန္ ႀကိဳးပမ္းေနသည့္အဖြဲ႕ ရာႏွင့္ခ်ီ၍ ရွိေနၿပီး ထိုအထဲတြင္ ေအာက္စ္ဖို႔ဒ္တကၠသိုလ္မွ အဖြဲ႕လည္း အပါအဝင္ျဖစ္သည္။ ကြၽမ္းက်င္ပညာရွင္တို႔ကမူ ကာကြယ္ေဆးထုတ္လုပ္မႈမွာ ၁၈ လခန႔္ ၾကာျမင့္ႏိုင္သည္ဟု တြက္ဆစိုးရိမ္ေနၾကသည္။
ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး (WHO) ၏ ထုတ္ျပန္ခ်က္အရ လက္ရွိအားျဖင့္ ထုတ္လုပ္ရန္ ႀကိဳးစားေနသည့္ ကာကြယ္ေဆးေပါင္း ၇၀ ေက်ာ္ ရွိေနသည္ဟု ဆိုသည္။
အုပ္စု ၃ ခု ( တ႐ုတ္ႏိုင္ငံမွ ၁ ခုႏွင့္ အေမရိကန္မွ ၂ ခု) တို႔သည္ လူသားမ်ားတြင္ စတင္စမ္းသပ္ေနၿပီ ျဖစ္သည္။
ေအာက္စ္ဖို႔ဒ္တကၠသိုလ္သည္ လူတို႔ႏွင့္ စမ္းသပ္မည့္ ပထမဆင့္အတြက္ စမ္းသပ္ခံမည့္ လူေပါင္း ၅၁၀ ဦး ေခၚယူထားၿပီးျဖစ္ကာ အသက္အားျဖင့္ ၁၈ ႏွစ္မွ ၅၅ ႏွစ္ၾကားရွိသည္။
စမ္းသပ္ခံမည့္သူတို႔သည္ ေအာက္စ္ဖို႔ဒ္တကၠသိုလ္တြင္ ထုတ္လုပ္သည့္ ChAdOx1 nCoV-19 ကာကြယ္ေဆး (သို႔မဟုတ္) ထိန္းခ်ဳပ္ ထိုးေဆးတစ္မ်ိဳးျဖင့္ စမ္းသပ္ခံမည္ျဖစ္ၿပီး ႏႈိင္းယွဥ္ေလ့လာမႈမ်ား ျပဳလုပ္သြားမည္ ျဖစ္သည္။
ယခုသုေတသနကို ဦးေဆာင္သူ ပါေမာကၡ Adrian Hill က ေျပာၾကားရာတြင္ “လာမယ့္အပတ္မွာ ကြၽန္ေတာ္တို႔ဟာ လူသားေတြနဲ႔ စမ္းသပ္မႈ စတင္ျပဳလုပ္ပါေတာ့မယ္။ ကြၽန္ေတာ္တို႔ဟာ ဒီကာကြယ္ေဆးကို တိရ စာၦန္မ်ိဳးစိတ္အမ်ိဳးမ်ိဳးနဲ႔ စမ္းသပ္ခဲ့ၿပီး ျဖစ္ပါတယ္” ဟု ေျပာၾကားသည္။
ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။
iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Oxford University to begin tests of its coronavirus vaccine on humans NEXT WEEK in hope of having a jab ready for autumn (Dailymail)