ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode]
Covid -19 positive လူနာအမှတ် ၈၅ အဖြစ်တွေ့ရှိခဲ့ရသည့် တောင်ဒဂုံမြို့နယ်၊ ၁၈ ရပ်ကွက် ၊ ဇင်ယော်လမ်းကို LOCK DOWN ချခြင်းကို ဧပြီ ၁၆ ရက် နေ့လည်ပိုင်းတွင်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောဆိုသည်။
ထို့ပြင် အဆိုပါလမ်းအတွင်းပိုးသတ်ဆေးဖြန်းခြင်းများလည်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းလည်း သိရသည်။ လူနာနှင့် ထိတွေ့မှုများရှိခဲ့သည့် CP-Contact Person တွေကိုလည်း မြို့နယ် COVID-19 ကော်မတီကစုံစမ်းနေပြီဖြစ်ကြောင်း ဦးညီညီက ပြောဆိုသည်။ ''' ယခုလက်ရှိ C.P က၂၃ ယောက်ရှိပါတယ်။
ဆက်ပြီးလည်းစုံစမ်းနေပါတယ်။ အိမ်သားတွေကို Quarantine ထားရှိပို့ဆောင်ရေးအတွက်ကိုလည်း တိုင်းကျန်းမာရေးဦးစီးဌာနနှင့်ချိတ်ဆက်ဆောင်ရွက်နေပါပြီ။ LOCK DOWN ချထားတဲ့လမ်းရှိလမ်းသူ/သားများစားဝတ်နေရေးအခက်အခဲရှိရင်လည်းချိတ်ဆက်ပြီး ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ် '''ဟု ဦးညီညီကပြောဆိုထားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ေတာင္ဒဂုံၿမိဳ႕နယ္ အမွတ္(၁၈)ရပ္ကြက္ ဇင္ေယာ္လမ္းကို LOCK DOWN ခ်
Covid -19 positive လူနာအမွတ္ ၈၅ အျဖစ္ေတြ႕ရွိခဲ့ရသည့္ ေတာင္ဒဂုံၿမိဳ႕နယ္၊ ၁၈ ရပ္ကြက္ ၊ ဇင္ေယာ္လမ္းကို LOCK DOWN ခ်ျခင္းကို ဧၿပီ ၁၆ ရက္ ေန႔လည္ပိုင္းတြင္ျပဳလုပ္ခဲ့ၿပီးျဖစ္ေၾကာင္း ေတာင္ဒဂုံၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီညီက ေျပာဆိုသည္။
ထို႔ျပင္ အဆိုပါလမ္းအတြင္းပိုးသတ္ေဆးျဖန္းျခင္းမ်ားလည္းေဆာင္႐ြက္ၿပီးစီးၿပီျဖစ္ေၾကာင္းလည္း သိရသည္။ လူနာႏွင့္ ထိေတြ႕မႈမ်ားရွိခဲ့သည့္ CP-Contact Person ေတြကိုလည္း ၿမိဳ႕နယ္ COVID-19 ေကာ္မတီကစုံစမ္းေနၿပီျဖစ္ေၾကာင္း ဦးညီညီက ေျပာဆိုသည္။ ''' ယခုလက္ရွိ C.P က၂၃ ေယာက္ရွိပါတယ္။
ဆက္ၿပီးလည္းစုံစမ္းေနပါတယ္။ အိမ္သားေတြကို Quarantine ထားရွိပို႔ေဆာင္ေရးအတြက္ကိုလည္း တိုင္းက်န္းမာေရးဦးစီးဌာနႏွင့္ခ်ိတ္ဆက္ေဆာင္႐ြက္ေနပါၿပီ။ LOCK DOWN ခ်ထားတဲ့လမ္းရွိလမ္းသူ/သားမ်ားစားဝတ္ေနေရးအခက္အခဲရွိရင္လည္းခ်ိတ္ဆက္ၿပီး ကူညီေဆာင္႐ြက္ေပးသြားမွာျဖစ္ပါတယ္ '''ဟု ဦးညီညီကေျပာဆိုထားသည္။
ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။
iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com