အိန္ဒိယတွင် lockdown အမိန့်ကိုချိုးဖောက်ကာ လှည့်လည်သွားလာနေသည့် ကမ္ဘာလှည့်ခရီးသည် ၁၀ ဦးကို “တောင်းပန်ပါတယ်” ဟူသော စာကြောင်း အကြိမ် ၅၀၀ ရေးခိုင်းကာ ပြစ်ဒဏ်ပေး
အိန္ဒိယတွင် lockdown အမိန့်ကိုချိုးဖောက်ကာ လှည့်လည်သွားလာနေသည့် ကမ္ဘာလှည့်ခရီးသည် ၁၀ ဦးကို “တောင်းပန်ပါတယ်” ဟူသော စာကြောင်း အကြိမ် ၅၀၀ ရေးခိုင်းကာ ပြစ်ဒဏ်ပေး - Property News in Myanmar from iMyanmarHouse.com
14 Apr 2020 12:52 pm တွင် တင်ခဲ့သည်
1845 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဟိမဝန္တာတောင်ခြေ၊ ဂင်္ဂ ါမြစ်ကမ်းနံဘေးရှိ Rishikesh အမည်ရှိ မြို့ကလေးတွင် lockdown အမိန့်ကိုချိုးဖောက်ကာ လှည့်လည်သွားလာနေသည့် ကမ္ဘာလှည့်ခရီးသည် ၁၀ ဦးကို “တောင်းပန်ပါတယ်” ဟူသော စာကြောင်း အကြိမ် ၅၀၀ ရေးခိုင်းကာ ပြစ်ဒဏ်ပေးခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့မှ အရာရှိတို့က ပြောကြားသည်ဟု အင်္ဂလန်အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြသည်။
Rishikesh မြို့ကလေးသည် ကမ္ဘာကျော်ဗြိတိန်တေးဂီတအဖွဲ့ကြီး The Beatles မှ အဖွဲ့သားများက ၁၉၆၈ ခုနှစ်တွင် လာရောက် တရားအားထုတ်ခြင်း၊ တေးသီချင်းတစ်ခွေစာ ရေးခဲ့ခြင်းတို့ ပြုလုပ်ခဲ့ရာမှ ကမ္ဘာကျော်လာသည့် မြို့ကလေးတစ်ခု ဖြစ်သည်။ အိန္ဒိယတွင် တစ်နိုင်ငံလုံးအတိုင်းအတာ lockdown ချမှတ်မှုကို မတ်လကုန်ပိုင်းတွင် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစားအသောက်နှင့် ဆေးဝါးဝယ်ယူရန်အတွက်သာ အိမ်ပြင်ထွက်ခွင့်ပေးခဲ့သည်။
အစ္စရေး၊ မက္ကဆီကို၊ သြစတေးလျနှင့် သြစထရီးယားနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်တို့သည် Rishikesh မြို့ကလေးတွင် လမ်းလျှောက်နေစဉ် ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
The Beatles အဖွဲ့ကြီးသည် Rishikesh မြို့ကလေးရှိ တရားအားထုတ်ရာနေရာတစ်ခုတွင် ၁၉၆၈ ခုနှစ်က လာရောက်နေထိုင်ခဲ့ဖူးသည်။
ဒေသတွင်း ရဲအရာရှိ ဗီနော့ရှားမားက ပြောကြားရာတွင် အဆိုပါ ကမ္ဘာလှည့်ခရီးသည်များကို “lockdown ချထားသည့် စည်းကမ်းများကို ကျွနု်ပ် မလိုက်နာခဲ့မိပါ။ ထို့ကြောင့် ကျွန်ုပ်တောင်းပန်ပါသည်” ဟူသော စာကြောင်းကို အကြိမ် ၅၀၀ ရေးသားစေကာ အပြစ်ပေးခဲ့ ကြောင်း ပြောကြားသည်။
ယင်းဒေသတွင် ရောက်ရှိနေသော အမေရိကန်၊ သြစတေးလျ၊ မက္ကဆီကိုနှင့် အစ္စရေးတို့မှ ကမ္ဘာလှည့်ခရီးသည် ၇၀၀ ကျော်သည် lockdown စည်းမျဉ်းများကို မထီမဲ့မြင်ပြုနေကြောင်း၊ ၎င်းတို့ကို သင်ခန်းစာပေးရန်အတွက် သမားရိုးကျမဟုတ်သော နည်းလမ်းများ အသုံးပြုခဲ့ကြောင်း ဗီနော့ရှားမားက ပြောကြားသည်။
၎င်းတို့ကို နိုင်ငံခြားသားများ တည်းခိုရန် ခွင့်ပြုထားသည့် ဒေသတွင်းဟိုတယ်များသို့ တိုက်ရိုက်ပို့ဆောင်ပေးခဲ့ကြောင်း၊ အဆိုပါ ဟိုတယ်များတွင် နေထိုင်ရာတွင်လည်း ဒေသခံအကူအညီပေးမည့်သူများ လိုက်ပါ၍သာ အပြင်ထွက်ခွင့်ပေးထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
အဆိုပါအမိန့်ကို မလိုက်နာသူသည် ဥပဒေအရ အရေးယူခြင်းကို ခံရမည်ဖြစ်ကြောင်းလည်း ဗီနော့ရှားမားက ပြောကြားသည်။
ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကို ထိန်းချုပ်ရန်အတွက် အိန္ဒိယရဲတပ်ဖွဲ့သည် သမားရိုးကျမဟုတ်သော နည်းလမ်းများ အသုံးပြုရာ ကိုရိုနာဗိုင်းရပ်စ်ပုံ ပုံဖော်ပြုလုပ်ထားသည့် ဦးထုပ်များဆောင်းကာ ကင်းလှည့်ခြင်းမျိုးလည်း ပါဝင်သည်။
အချို့သော ပြည်နယ်များတွင်မူ ယာဉ်မောင်းများကို အပြင်ထွက်စေကာ ရိုက်နှက်ခြင်း၊ ထိုင်ထလုပ်စေခြင်းနှင့် ဖားခုန်ခုန်စေခြင်းများ ပြုလုပ်ခိုင်းသည်ကိုလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့လာသောဗွီဒီယိုဖိုင်များအရ တွေ့ရသည်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက lockdown ကာလကို ရက်သတ္တ ၂ ပတ် တိုးမြှင့်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။
အိန္ဒိယတွင် လက်ရှိအချိန်အထိ စုစုပေါင်း ရောဂါကူးစက်ခံရသူ ၁၀၄၅၃ ဦးရှိပြီး ၃၅၈ ဦး သေဆုံးကာ ၁၁၉၃ ဦးမှာ သက်သာပျောက်ကင်း သွားခဲ့ပြီး ဖြစ်သည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Get Back (inside): Indian officials force 10 tourists to write 'sorry' 500 times after being caught wandering through ancient city where The Beatles sought spirituality in 1968 (dailymail)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
CarsDB
The Crest
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service