ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
[Unicode]
ရုရှားတွင် COVID-19 ကူးစက်ခံရသူအရေအတွက် သိသိသာသာမြင့်တက်လာသဖြင့် ၎င်းကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကို တိုက်ဖျက်နိုင်ရန် စစ်တပ်ကို တပ်ဖြန့်ချထားနိုင်ကြောင်း သမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်သည်ဟု သိရသည်။
ရုရှားစစ်တပ်၏ လုပ်နိုင်စွမ်းအားလုံးကို အသုံးချနိုင်သည့်အပြင် အသုံးချသင့်ကြောင်း သူက အစိုးရအဖွဲ့ဝန်ကြီးများအား ပြောကြားခဲ့သည်။
ရုရှားတွင် ကူးစက်ခံရသူဦးရေ တစ်နေ့တည်း ၂,၅၅၈ ဦး ရှိခဲ့ကာ ကူးစက်ခံရသူဦးရေစုစုပေါင်း ၁၈,၃၂၈ သို့ မြင့်တက်စေခဲ့ပြီးနောက် သမ္မတပူတင်၏အဆိုပါမှတ်ချက်စကားများ ထွက်ရှိလာခဲ့ခြင်းဖြစ်သည်။
ရုရှားနိုင်ငံတွင် COVID-19 ကူးစက်ခံရသူအများစုမှာ မြို့တော်မော်စကိုမှ ဖြစ်သည်။
“အခြေအနေက နေ့စဉ်နီးပါး ပြောင်းလဲနေတာကို ကျွန်တော်တို့တွေ့မြင်ရပါတယ်။ ကံမကောင်းတာကတော့ အဲ့ဒီပြောင်းလဲမှုက အကောင်းဘက်ကို ပြောင်းလဲတဲ့အပြောင်းအလဲမဟုတ်တာပဲဖြစ်ပါတယ်။” ဟု ပူတင်က ဝန်ကြီးများနှင့် ဧပြီ ၁၃ တွင် ပြုလုပ်သည့် အွန်လိုင်းဗီဒီယိုအစည်းအဝေးတစ်ခုအတွင်း ပြောကြားခဲ့သည်။
“ရောဂါအခြေအနေပြင်းထန်တဲ့သူအရေအတွက် ပိုပိုများလာတာအပါဝင် နာမကျန်းဖြစ်တဲ့သူအရေအတွက်က မြင့်တက်လာနေပါတယ်။ ဒါကြောင့် လာမယ့်သီတင်းပတ်တွေမှာ ပြတ်ပြတ်သာသားဆုံးဖြတ်ရပါတော့မယ်” ဟု သူက ဖြည့်စွက်ပြောကြားခဲ့သည်။
သူက COVID-19 အကျပ်အတည်းတုံ့ပြန်မှုအဖြစ် စစ်တပ်ကို အသုံးပြုသည့် အီတလီကဲ့သို့သော အခြားဥရောပနိုင်ငံများအားလည်း ထောက်ပြခဲ့သည်။
“ကျွန်တော်တို့ ဒီနည်းကို အသုံးချဖို့လိုပါတယ်။ လိုအပ်ရင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ လုပ်နိုင်စွမ်းတွေကို ဒီမှာ အသုံးချနိုင်ပါတယ်၊ အသုံးချသင့်ပါတယ်။” ဟု ပူတင်က ပြေကြားခဲ့သည်။
ရုရှားတွင် COVID-19 ကြောင့် သေဆုံးသူဦးရေသည် ၁၄၈ ဦး ရှိပြီး အီတလီ၊ စပိန်နှင့် ပြင်သစ်တို့ကဲ့သို့သော အခြားဥရောပနိုင်ငံများအောက် အတော်လေးလျော့နည်းပေသည်။
သို့သော်လည်း ပညာရှင်များက ရုရှားသည် COVID-19 ကပ်ဘေးအစောပိုင်းအဆင့်တွင် ရှိနေခြင်းဖြစ်ကြောင်း သတိပေးထားသည်။
ရုရှား၌ အဆိုးရွားဆုံးထိခိုက်ရာ မြို့တော်မော်စကိုအပြင် အခြားဒေသအများအပြားတွင် lockdown (အရေးပေါ်အခြေအနေတစ်ရပ်တွင် လူများအား သက်ဆိုင်ရာသတ်မှတ်ဧရိယာမှ ထွက်ခွာခွင့်မပြုခြင်း ) ချထားသည်။ ထိုစဉ် နည်းပညာပိုင်းဆိုင်ရာ ပြဿနာများလည်း ပတ်ချာလည်ဝိုင်းနေသည်။ ယင်းနှင့်ပတ်သက်၍ တာဝန်ရှိသူများက ဆိုင်ဘာတိုက်ခိုက်သူများကို အပြစ်တင်ထားသည်။
ထို့အပြင် မော်စကိုရှိ ဆရာဝန်များကလည်း ဆေးရုံများတွင် လူနာများပြည့်လုနီးပါးဖြစ်လာပြီဖြစ်ကြောင်း သတိပေးထားကြပြီး လူနာပို့ဆောင်ရန် စောင့်ဆိုင်းနေသော လူနာတင်ဆေးရုံကားများစွာကို ရိုက်ပြထားသည့် ဗီဒီယိုများကိုလည်း လူမှုကွန်ရက်များတွင် တွေ့မြင်ခဲ့ရကြောင်း သိရသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Coronavirus: Russia's Putin may deploy army as cases surge (BBC)
[Zawgyi]
႐ုရွားတြင္ COVID-19 ကူးစက္မႈမ်ားျမင့္တက္လာသျဖင့္ စစ္တပ္ဖြဲ႕မ်ား တပ္ျဖန႔္ခ်ထားႏိုင္ဟု ပူတင္ေျပာၾကား
႐ုရွားတြင္ COVID-19 ကူးစက္ခံရသူအေရအတြက္ သိသိသာသာျမင့္တက္လာသျဖင့္ ၎ကို႐ိုနာဗိုင္းရပ္စ္ေရာဂါျဖစ္ပြားမႈကို တိုက္ဖ်က္ႏိုင္ရန္ စစ္တပ္ကို တပ္ျဖန႔္ခ်ထားႏိုင္ေၾကာင္း သမၼတ ဗလာဒီမာပူတင္က ေျပာၾကားလိုက္သည္ဟု သိရသည္။
႐ုရွားစစ္တပ္၏ လုပ္ႏိုင္စြမ္းအားလုံးကို အသုံးခ်ႏိုင္သည့္အျပင္ အသုံးခ်သင့္ေၾကာင္း သူက အစိုးရအဖြဲ႕ဝန္ႀကီးမ်ားအား ေျပာၾကားခဲ့သည္။
႐ုရွားတြင္ ကူးစက္ခံရသူဦးေရ တစ္ေန႔တည္း ၂,၅၅၈ ဦး ရွိခဲ့ကာ ကူးစက္ခံရသူဦးေရစုစုေပါင္း ၁၈,၃၂၈ သို႔ ျမင့္တက္ေစခဲ့ၿပီးေနာက္ သမၼတပူတင္၏အဆိုပါမွတ္ခ်က္စကားမ်ား ထြက္ရွိလာခဲ့ျခင္းျဖစ္သည္။
႐ုရွားႏိုင္ငံတြင္ COVID-19 ကူးစက္ခံရသူအမ်ားစုမွာ ၿမိဳ႕ေတာ္ေမာ္စကိုမွ ျဖစ္သည္။
“အေျခအေနက ေန႔စဥ္နီးပါး ေျပာင္းလဲေနတာကို ကြၽန္ေတာ္တို႔ေတြ႕ျမင္ရပါတယ္။ ကံမေကာင္းတာကေတာ့ အဲ့ဒီေျပာင္းလဲမႈက အေကာင္းဘက္ကို ေျပာင္းလဲတဲ့အေျပာင္းအလဲမဟုတ္တာပဲျဖစ္ပါတယ္။” ဟု ပူတင္က ဝန္ႀကီးမ်ားႏွင့္ ဧၿပီ ၁၃ တြင္ ျပဳလုပ္သည့္ အြန္လိုင္းဗီဒီယိုအစည္းအေဝးတစ္ခုအတြင္း ေျပာၾကားခဲ့သည္။
“ေရာဂါအေျခအေနျပင္းထန္တဲ့သူအေရအတြက္ ပိုပိုမ်ားလာတာအပါဝင္ နာမက်န္းျဖစ္တဲ့သူအေရအတြက္က ျမင့္တက္လာေနပါတယ္။ ဒါေၾကာင့္ လာမယ့္သီတင္းပတ္ေတြမွာ ျပတ္ျပတ္သာသားဆုံးျဖတ္ရပါေတာ့မယ္” ဟု သူက ျဖည့္စြက္ေျပာၾကားခဲ့သည္။
သူက COVID-19 အက်ပ္အတည္းတုံ႔ျပန္မႈအျဖစ္ စစ္တပ္ကို အသုံးျပဳသည့္ အီတလီကဲ့သို႔ေသာ အျခားဥေရာပႏိုင္ငံမ်ားအားလည္း ေထာက္ျပခဲ့သည္။
“ကြၽန္ေတာ္တို႔ ဒီနည္းကို အသုံးခ်ဖို႔လိုပါတယ္။ လိုအပ္ရင္ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ လုပ္ႏိုင္စြမ္းေတြကို ဒီမွာ အသုံးခ်ႏိုင္ပါတယ္၊ အသုံးခ်သင့္ပါတယ္။” ဟု ပူတင္က ေျပၾကားခဲ့သည္။
႐ုရွားတြင္ COVID-19 ေၾကာင့္ ေသဆုံးသူဦးေရသည္ ၁၄၈ ဦး ရွိၿပီး အီတလီ၊ စပိန္ႏွင့္ ျပင္သစ္တို႔ကဲ့သို႔ေသာ အျခားဥေရာပႏိုင္ငံမ်ားေအာက္ အေတာ္ေလးေလ်ာ့နည္းေပသည္။
သို႔ေသာ္လည္း ပညာရွင္မ်ားက ႐ုရွားသည္ COVID-19 ကပ္ေဘးအေစာပိုင္းအဆင့္တြင္ ရွိေနျခင္းျဖစ္ေၾကာင္း သတိေပးထားသည္။
႐ုရွား၌ အဆိုး႐ြားဆုံးထိခိုက္ရာ ၿမိဳ႕ေတာ္ေမာ္စကိုအျပင္ အျခားေဒသအမ်ားအျပားတြင္ lockdown (အေရးေပၚအေျခအေနတစ္ရပ္တြင္ လူမ်ားအား သက္ဆိုင္ရာသတ္မွတ္ဧရိယာမွ ထြက္ခြာခြင့္မျပဳျခင္း ) ခ်ထားသည္။ ထိုစဥ္ နည္းပညာပိုင္းဆိုင္ရာ ျပႆနာမ်ားလည္း ပတ္ခ်ာလည္ဝိုင္းေနသည္။ ယင္းႏွင့္ပတ္သက္၍ တာဝန္ရွိသူမ်ားက ဆိုင္ဘာတိုက္ခိုက္သူမ်ားကို အျပစ္တင္ထားသည္။
ထို႔အျပင္ ေမာ္စကိုရွိ ဆရာဝန္မ်ားကလည္း ေဆး႐ုံမ်ားတြင္ လူနာမ်ားျပည့္လုနီးပါးျဖစ္လာၿပီျဖစ္ေၾကာင္း သတိေပးထားၾကၿပီး လူနာပို႔ေဆာင္ရန္ ေစာင့္ဆိုင္းေနေသာ လူနာတင္ေဆး႐ုံကားမ်ားစြာကို ႐ိုက္ျပထားသည့္ ဗီဒီယိုမ်ားကိုလည္း လူမႈကြန္ရက္မ်ားတြင္ ေတြ႕ျမင္ခဲ့ရေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။
iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Coronavirus: Russia's Putin may deploy army as cases surge (BBC)