Covid- 19 ကာလအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အမှုဖွင့်ခံရသူ ၁၂ ဦးအထိရှိ

Covid- 19 ကာလအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အမှုဖွင့်ခံရသူ ၁၂ ဦးအထိရှိ - Property News in Myanmar from iMyanmarHouse.com
13 Apr 2020 1:36 pm တွင် တင်ခဲ့သည်
922 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Covid - 19 ရောဂါဖြစ်ပွါးနေသည့် ကာလအတွင်း ဧပြီ ၁၂ ရက်ထိ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အမှုဖွင့်ခံရသူ ၁၂ ဦးအထိရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်းဇယားများအရ သိရှိရသည်။

၁၂ ဦးအနက် ၅ ဦး၏ဖြစ်စဉ်များမှာ ကန့်ဘလူမြို့နယ် ၊ မြစ်သားမြို့နယ် ၊ ကျိုင်းတုံမြို့နယ်၊ ပဲခူးမြို့တို့တွင် ဖြစ်ပွါးခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါလူများအားလုံးသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ စောင့်ကြည့် လူနာများထားရှိသည့်နေရာများသို့ ကျော်လွန်ဝင်ရောက်ခြင်း ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများလှည့်လည်သတိပေးမှုများပြုလုပ်စဉ် အကြမ်းဖက်ရန်ပြုခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်ဖြစ်စဉ်မှာ ဧပြီ ၁၀ ရက်နေ့ ၊ ကိုးတောင်ဘို့ ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ စောင့်ကြည့် လူနာများထားရှိသည့် အ.ထ.က(ကိုးတောင်ဘို့)၌ လုံခြုံရေးဆောင်ရွက်နေစဉ် သန်းဝင်း(ခ) သောင်းဝင်း(၄၅)နှစ်ပါ အမျိုးသား ၂ ဦး ရောက်ရှိလာပြီး ခွင့်ပြုချက်မရှိဘဲ ဓာတ်ပုံရိုက်ခြင်း၊ မချေမငံပြောဆို နှောင့်ယှက်ခြင်းများပြုလုပ်ခဲ့သဖြင့် သန်းဝင်း(ခ)သောင်းဝင်း ပါ ၂ ဦး(ဖမ်းမမိ)အား ကန့်ဘလူမြို့မရဲစခန်း (ပ)၅၈/၂၀၂၀၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။မြစ်သားမြို့နယ်ဖြစ်စဉ်မှာလည်း ယင်းနေ့တွင်ပင် ပြည်လုံးအံ့ ကျေးရွာနေ မျိုးမင်းသန်း(ခ) တက်ခါးသည် အရက်မူးယစ်ကာ စောင့်ကြည့်လူနာများထားရှိသည့် အ.လ.က(ပြည်လုံးအံ့) အတွင်းဝင်ရောက်မည်ပြုသဖြင့် ရာအိမ်မှူးနှင့်အဖွဲ့မှ တားမြစ်ခဲ့သော်လည်း မချေမငံပြောဆို ပြောဆိုကာ ကျောင်းအတွင်း ၂ ကြိမ် ဝင်ရောက်၍ စောင့်ကြည့်လူနာ ဖိုးဌေး(၂၄)နှစ်အား တွေ့ဆုံခဲ့သဖြင့် မျိုးမင်းသန်း(ခ)တက်ခါး(၃၅)နှစ်အား မြစ်သားမြို့မရဲစခန်း (ပ)၉၈/၂၀၂၀၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ကျိုင်းတုံမြို့နယ်ဖြစ်စဉ်မှာမူ ဟိုနားအောက်ကျေးရွာ နေ ဆယ်အိမ်မှူးမှ တိုင်တန်းသဖြင့် ဦးအောင်ဝင်း(၅၇)နှစ်(ဖမ်းမိ)အား ကျိုင်းတုံမြို့မရဲခန်း (ပ)၂၇၃/၂၀၂၀၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ပါသည်။ ဖြစ်စဉ်မှာ ၂၀၂၀ပြည့်နှစ်၊ မတ်လ ၃၀ ရက်နေ့ ၁၉၀၀ အချိန် ပြည့်ဖြိုးအောင်သည် ကျေးရွာအုပ်ချုပ်ရေးမှူးဦးအောင်မြင့်သန်းနှင့်အတူ ကျေးရွာအတွင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကာကွယ်သည့်အနေဖြင့် နေအိမ်များတွင် ဧည့်သည်များ ရောက်ရှိလာပါက သတင်းပို့ရန် လှည့်လည်ပြောကြားနေစဉ် ဦးအောင်ဝင်းမှ ဆဲဆိုနှောင့်ယှက်ပြီး ဓားဖြင့် လိုက်လံထိုးသဖြင့် အမှုဖွင့် တိုင်တန်းခြင်းဖြစ်ကြောင်း သိရသည်။

ပဲခူးမြို့ဖြစ်စဉ်မှာ ဧပြီ ၁၁ ရက်က ရုံးကြီးရပ်ကွက်ရှိ ရွှေကျင်ဘုန်းကြီးကျောင်းအနီး၌ ရုံးကြီးရပ်ကွက်အုပ်ချုပ်ရေးမှူးသည် အခြေခံလူတန်းစားများ အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးမှုအား ကျုံးရိုးကျူးကျော်ရပ်နေ အိမ်ထောင်စု ၃၁ စုထံ ဆန်/ဆီ/ဆား/ပဲ/ကြက်သွန်တို့‌ပေး ဝေ‌နေစဉ် ကျုံးရိုးကျူးကျော်ရပ်နေ ဦးမျိုးခိုင်(၅၅)နှစ်သည် အရက်မူးယစ်ကာရောက်ရှိလာပြီး ဆဲဆို၍ လူမှုကူညီရေးအသင်း အဖွဲ့ဝင်များအား လိုက်လံ တွန်းထုတ် နှောင့်ယှက်ခဲ့သဖြင့် ဦးမျိုးခိုင်(ဖမ်းမိ)အား ပဲခူးမြို့မရဲစခန်း (ပ)၇၅၂/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဧပြီလ ၁၂ ရက်က ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် စက်မှုဇုန်အတွင်းရှိ ETEC လျှပ်စစ်ပစ္စည်းများထုတ်လုပ်တပ်ဆင်သည့်စက်ရုံမှ အလုပ်သမားသပိတ်ခေါင်းဆောင် ငါးဦးနှင့် ကူညီဝန်းရံပေးသူ နှစ်ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က)ဖြင့် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း အမှုဖွင့်ခံရသူတစ်ဦးဖြစ်သည့် ကိုမြတ်ကျော်က ပြောဆိုထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]













နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service