ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
[Unicode]
ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးများသည် COVID-19 ကူးစက်မြန်ရောဂါကြောင့် ထိခိုက်ခံစားနေရသည့် ကမ္ဘာ့နေရာအသီသီးမှ သန်းနှင့်ချီသောလူများကို ကူညီနိုင်ရန်အတွက် ၎င်းတို့၏သုံးမကုန်နိုင်သော ကြွယ်ဝချမ်းသာမှုများမှ “မည်မည်ရရ” လှူဒါန်းကြရန် တောင်းဆိုခံနေရကြောင်း သိရသည်။
ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးများသည် COVID-19 ကူးစက်မြန်ရောဂါကြောင့် ထိခိုက်ခံစားနေရသည့် ကမ္ဘာ့နေရာအသီသီးမှ သန်းနှင့်ချီသောလူများကို ကူညီနိုင်ရန်အတွက် ၎င်းတို့၏သုံးမကုန်နိုင်သော ကြွယ်ဝချမ်းသာမှုများမှ “မည်မည်ရရ” လှူဒါန်းကြရန် တောင်းဆိုခံနေရကြောင်း သိရသည်။
မိုက်ခရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် နှင့် တွစ်တာတည်ထောင်သူ ဂျက်ဒေါ်ဆေး အပါအဝင် အချို့သောဘီလီယံနာများက ကိုဗစ်နိုင်တီးတိုက်ဖျက်တားဆီးရေးအတွက် သူတို့ပိုင်ဆိုင်မှုမှငွေပမာဏအများအပြား လှူဒါန်းထားကြပြီးဖြစ်သည်။
သို့သော်လည်း ၁၉၃၀ ပြည့်နှစ်များတွင် ကြုံတွေ့ခဲ့ရသည့် စီးပွားရေးပျက်ကပ်ကြီးနည်းတူ စီးပွားရေးအကျပ်အတည်းများစွာဖြစ်ပေါ်စေနိုင်သည့် လက်ရှိတွေ့ကြုံနေရသည့် ကမ္ဘာ့အဆိုးအဝါးဆုံးကျန်းမာရေးအရေးပေါ်အခြေအနေအတွက် နည်းပါးစွာလှူဒါန်းကြသည့် ကျန်လူချမ်းသာအသိုင်းအဝိုင်းမှာမူ ဝေဖန်မှုများနှင့်ကြုံတွေ့နေရသည်။
ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် အမေဇုံတည်ထောင်သူ ဂျက်ဖ်ဘက်ဇိုသည် စားနပ်ရိက္ခာထောက်ပံ့သည့်အဖွဲ့အစည်း Feeding America သို့ အမေရိကန်ဒေါ်လာသန်း ၁၀၀ (ပေါင် သန်း ၈၀ ) လှူဒါန်းထားသော်လည်း ဝေဖန်သူများက အဆိုပါပမာဏသည် ၎င်း၏ ကြွယ်ဝချမ်းသာမှု ၁၂၃ ဘီလီယံ၏ ၀ ဒသမ ၁ ရာခိုင်နှုန်းသာရှိကြောင်း ထောက်ပြခဲ့ကြသည်။
“ဂျက်ဖ်ဘက်ဇိုလိုမျိုး ဘီလျံနာတွေအနေနဲ့ ဒီအချိန်မှာ လူအဖွဲ့အစည်းအတွက် ပြန်လည်လှူဒါန်းဖို့လိုပါတယ်” ဟု နာမည်ကြီးပရဟိတဒါနရှင် လော့ဒ်ဆွန်းစ်ဘူရီ၏ သမီးဖြစ်သူ ဖရန်ပါရင်း မှပြောကြားခဲ့သည်။
“လှူနိုင်တန်းနိုင်တဲ့သူတွေအတွက် လက်ရှိအချိန်ဟာ လှူနိုင်သလောက်လှူရမယ့်အချိန်ပါပဲ၊ သူတို့ဘာကြောင့် ဒီ့ထပ်ပိုမလှူနိုင်ကြတာလဲ” ဟု သူမက ဘီလျံနာများအား ဝေဖန်ပြောကြားခဲ့သည်။ ဖရန်ပါရင်းသည် Lockdown (အရေးပေါ်အခြေအနေတစ်ရပ်တွင် လူများအား သက်ဆိုင်ရာသတ်မှတ်ဧရိယာမှ ထွက်ခွာခွင့်မပြုခြင်း ) ကာလအတွင်း စီးပွားရေးထိခိုက်နစ်နာသူများကိုကူညီရန် သူမအမွေဆက်ခံရရှိသည့် ပိုင်ဆိုင်မှုပမာဏ ပေါင် ၂.၅သန်းကို ယခုအပတ်အတွင်းလှူဒါန်းခဲ့သည်။
လက်ရှိအချိန်တွင် ကိုဗစ်နိုင်တီးကူးစက်မြန်ရောဂါကာကွယ်တားဆီးရေး နှင့် ကုသရေးအတွက် ဘီလ်ဂိတ်ဖောင်ဒေးရှင်း The Bill and Melinda Gates Foundation မှ ဒေါ်လာသန်း ၁၀၀၊ တွစ်တာစီအီးအို ဂျက်ဒေါ်ဆေးမှ ၎င်းပိုင်ဆိုင်မှု၏ ၂၈ ရာခိုင်နှုန်းဖြစ်သည့် ဒေါ်လာ ၁ ဘီလျံ၊ ၆၇ ဘီလီယံကြွယ်ဝချမ်းသာသည့် ဖေ့စ်ဘွတ်တည်ထောင်သူ မက်ဇူကာဘတ်ခ်မှ ဒေါ်လာ သန်း ၃၀၊ ပိုင်ဆိုင်မှု ဒေါ်လာ ၄၄ ဘီလျံရှိသည့် အလီဘာဘာစီအီးအို ဂျက်မားက ၁၄ ဒသမ ၅ သန်း အသီသီး လှူဒါန်းရန်လည်း ကတိပြုထားကြကြောင်း သိရသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖောျပွသညျ။)
Credit: iMyanmarHouse.com
Ref: Call for super-rich to donate more to tackle coronavirus pandemic (Theguardian)
[Zawgyi]
COVID-19 ကပ္ေရာဂါကာကြယ္တိုက္ဖ်က္ေရးအတြက္ သန္းႂကြယ္သူေဌးမ်ား ပိုမိုလႉဒါန္းၾကရန္ေတာင္းဆိုခံေနရ
COVID-19 ကပ္ေရာဂါကာကြယ္တိုက္ဖ်က္ေရးအတြက္ သန္းႂကြယ္သူေဌးမ်ား ပိုမိုလႉဒါန္းၾကရန္ေတာင္းဆိုခံေနရ
ကမာၻ႔အခ်မ္းသာဆုံးသူေဌးႀကီးမ်ားသည္ COVID-19 ကူးစက္ျမန္ေရာဂါေၾကာင့္ ထိခိုက္ခံစားေနရသည့္ ကမာၻ႔ေနရာအသီသီးမွ သန္းႏွင့္ခ်ီေသာလူမ်ားကို ကူညီႏိုင္ရန္အတြက္ ၎တို႔၏သုံးမကုန္ႏိုင္ေသာ ႂကြယ္ဝခ်မ္းသာမႈမ်ားမွ “မည္မည္ရရ” လႉဒါန္းၾကရန္ ေတာင္းဆိုခံေနရေၾကာင္း သိရသည္။
ကမာၻ႔အခ်မ္းသာဆုံးသူေဌးႀကီးမ်ားသည္ COVID-19 ကူးစက္ျမန္ေရာဂါေၾကာင့္ ထိခိုက္ခံစားေနရသည့္ ကမာၻ႔ေနရာအသီသီးမွ သန္းႏွင့္ခ်ီေသာလူမ်ားကို ကူညီႏိုင္ရန္အတြက္ ၎တို႔၏သုံးမကုန္ႏိုင္ေသာ ႂကြယ္ဝခ်မ္းသာမႈမ်ားမွ “မည္မည္ရရ” လႉဒါန္းၾကရန္ ေတာင္းဆိုခံေနရေၾကာင္း သိရသည္။
မိုက္ခ႐ိုေဆာ့ဖ္တည္ေထာင္သူ ဘီလ္ဂိတ္ ႏွင့္ တြစ္တာတည္ေထာင္သူ ဂ်က္ေဒၚေဆး အပါအဝင္ အခ်ိဳ႕ေသာဘီလီယံနာမ်ားက ကိုဗစ္ႏိုင္တီးတိုက္ဖ်က္တားဆီးေရးအတြက္ သူတို႔ပိုင္ဆိုင္မႈမွေငြပမာဏအမ်ားအျပား လႉဒါန္းထားၾကၿပီးျဖစ္သည္။
သို႔ေသာ္လည္း ၁၉၃၀ ျပည့္ႏွစ္မ်ားတြင္ ႀကဳံေတြ႕ခဲ့ရသည့္ စီးပြားေရးပ်က္ကပ္ႀကီးနည္းတူ စီးပြားေရးအက်ပ္အတည္းမ်ားစြာျဖစ္ေပၚေစႏိုင္သည့္ လက္ရွိေတြ႕ႀကဳံေနရသည့္ ကမာၻ႔အဆိုးအဝါးဆုံးက်န္းမာေရးအေရးေပၚအေျခအေနအတြက္ နည္းပါးစြာလႉဒါန္းၾကသည့္ က်န္လူခ်မ္းသာအသိုင္းအဝိုင္းမွာမူ ေဝဖန္မႈမ်ားႏွင့္ႀကဳံေတြ႕ေနရသည္။
ကမာၻ႔အခ်မ္းသာဆုံးစာရင္းဝင္ အေမဇုံတည္ေထာင္သူ ဂ်က္ဖ္ဘက္ဇိုသည္ စားနပ္ရိကၡာေထာက္ပံ့သည့္အဖြဲ႕အစည္း Feeding America သို႔ အေမရိကန္ေဒၚလာသန္း ၁၀၀ (ေပါင္ သန္း ၈၀ ) လႉဒါန္းထားေသာ္လည္း ေဝဖန္သူမ်ားက အဆိုပါပမာဏသည္ ၎၏ ႂကြယ္ဝခ်မ္းသာမႈ ၁၂၃ ဘီလီယံ၏ ၀ ဒသမ ၁ ရာခိုင္ႏႈန္းသာရွိေၾကာင္း ေထာက္ျပခဲ့ၾကသည္။
“ဂ်က္ဖ္ဘက္ဇိုလိုမ်ိဳး ဘီလ်ံနာေတြအေနနဲ႔ ဒီအခ်ိန္မွာ လူအဖြဲ႕အစည္းအတြက္ ျပန္လည္လႉဒါန္းဖို႔လိုပါတယ္” ဟု နာမည္ႀကီးပရဟိတဒါနရွင္ ေလာ့ဒ္ဆြန္းစ္ဘူရီ၏ သမီးျဖစ္သူ ဖရန္ပါရင္း မွေျပာၾကားခဲ့သည္။
“လႉႏိုင္တန္းႏိုင္တဲ့သူေတြအတြက္ လက္ရွိအခ်ိန္ဟာ လႉႏိုင္သေလာက္လႉရမယ့္အခ်ိန္ပါပဲ၊ သူတို႔ဘာေၾကာင့္ ဒီ့ထပ္ပိုမလႉႏိုင္ၾကတာလဲ” ဟု သူမက ဘီလ်ံနာမ်ားအား ေဝဖန္ေျပာၾကားခဲ့သည္။ ဖရန္ပါရင္းသည္ Lockdown (အေရးေပၚအေျခအေနတစ္ရပ္တြင္ လူမ်ားအား သက္ဆိုင္ရာသတ္မွတ္ဧရိယာမွ ထြက္ခြာခြင့္မျပဳျခင္း ) ကာလအတြင္း စီးပြားေရးထိခိုက္နစ္နာသူမ်ားကိုကူညီရန္ သူမအေမြဆက္ခံရရွိသည့္ ပိုင္ဆိုင္မႈပမာဏ ေပါင္ ၂.၅သန္းကို ယခုအပတ္အတြင္းလႉဒါန္းခဲ့သည္။
လက္ရွိအခ်ိန္တြင္ ကိုဗစ္ႏိုင္တီးကူးစက္ျမန္ေရာဂါကာကြယ္တားဆီးေရး ႏွင့္ ကုသေရးအတြက္ ဘီလ္ဂိတ္ေဖာင္ေဒးရွင္း The Bill and Melinda Gates Foundation မွ ေဒၚလာသန္း ၁၀၀၊ တြစ္တာစီအီးအို ဂ်က္ေဒၚေဆးမွ ၎ပိုင္ဆိုင္မႈ၏ ၂၈ ရာခိုင္ႏႈန္းျဖစ္သည့္ ေဒၚလာ ၁ ဘီလ်ံ၊ ၆၇ ဘီလီယံႂကြယ္ဝခ်မ္းသာသည့္ ေဖ့စ္ဘြတ္တည္ေထာင္သူ မက္ဇူကာဘတ္ခ္မွ ေဒၚလာ သန္း ၃၀၊ ပိုင္ဆိုင္မႈ ေဒၚလာ ၄၄ ဘီလ်ံရွိသည့္ အလီဘာဘာစီအီးအို ဂ်က္မားက ၁၄ ဒသမ ၅ သန္း အသီသီး လႉဒါန္းရန္လည္း ကတိျပဳထားၾကေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။
iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ်ပြသည်။)
Credit: iMyanmarHouse.com
Ref: Call for super-rich to donate more to tackle coronavirus pandemic (Theguardian)