ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode]
COVID-19 ရန်ပုံငွေမှ ချေးလာလျှောက်ထားသည့် လုပ်ငန်း ၈၈ ခုကို ပထမအသုတ်ဖြင့်ချေးငွေခွင့်ပြုကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ သတင်းထုတ်ပြန်သည်။
COVID-19 ကြောင့် ထိခိုက်မှုအများဆုံးကြုံတွေ့နေ သည့် စီးပွားရေးကဏ္ဍသုံးခုအ တွက် အတိုး ၁ ရာခိုင်နှုန်းဖြင့် ချေးငွေများကို မတ်လ ၃၀ ရက် တွင် စတင် လျှောက်ထားနိုင် ကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစား ရေးလုပ်ငန်းကော်မတီကသတင်း ထုတ်ပြန်ခဲ့သည်။
ထိုလုပ်ငန်းများတွင် လက်ခစား CMP လုပ်ငန်း များ၊ ဟိုတယ်နှင့်ခရီးသွားလုပ် ငန်းနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်သည်။ ချေးငွေပေးရာတွင် COVID -19 Fund ကျပ်ဘီလီယံ ၁၀၀ မှ ထုတ်ချေးပြီး ချေးငွေသက်တမ်း တစ်နှစ်ဖြစ်ကြောင်း ကော်မတီက ထုတ်ပြန်သည်။
ထိုချေးငွေအတွက် စက်မူကုန်သည်အသင်းချုပ်ကို လုပ်ငန်းပေါင်း ၅၀၀ကျော်လာရောက်လျောက်ထားခဲ့ပြီး အခြားတိုင်းနှင့်ပြည်နယ်များတွင်လည်းလျောက်ထားမူများရှိသည်ဟုဆိုသည်။
ချေးငွေလျှောက်လွှာများ ကို မတ်လ ၃၀ ရက်မှ ဧပြီ ၉ ရက်အ ထိ ကုန်သည်စက်မှုအသင်းချုပ် နှင့် တိုင်းနှင့်ပြည်နယ်ကုန်သည် စက်မှုအသင်းများတွင် လျှောက်ခိုင်းခဲ့ခြင်းဖြစ်သည်။
ချေးငွေများကို ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိပါက တည်ဆဲ ဥပဒေများအရ အရေးယူမည်ဟု သတိပေးထားသည်။ ထို့အပြင် ချေးငွေပြန်လည် ပေးဆပ်ရန် ပျက်ကွက်ပါက Credit Bureau တွင် နာမည်ပျက် စာရင်းသွင်း၍ ဘဏ်နှင့်အခြား ငွေရေးကြေးရေး အဖွဲ့အစည်း များတွင် ချေးငွေရယူခွင့်မရ အောင် ဆောင်ရွက်မည်ဟုလည်း ကော်မတီကထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
COVID-19 ရန်ပုံငွေမှ လုပ်ငန်း ၈၈ ခု ချေးငွေရ