အင်္ဂလန်ဝန်ကြီးချုပ် ဆေးရုံပြန်ဆင်းကာ ကျေးလက်စံအိမ်တွင် အနားယူ၊ နိုင်ငံခြားရေးဝန်ကြီးက ဝန်ကြီးချုပ်တာဝန် ခေတ္တရယူထား

အင်္ဂလန်ဝန်ကြီးချုပ် ဆေးရုံပြန်ဆင်းကာ ကျေးလက်စံအိမ်တွင် အနားယူ၊ နိုင်ငံခြားရေးဝန်ကြီးက ဝန်ကြီးချုပ်တာဝန် ခေတ္တရယူထား - Property News in Myanmar from iMyanmarHouse.com
13 Apr 2020 10:25 am တွင် တင်ခဲ့သည်
797 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် covid-19 ကူးစက်ခံရကာ ဆေးရုံတက်ခဲ့ရပြီး အထူးကြပ်မတ်ကုသဆောင်အထိ ပို့ဆောင်ခြင်းခံခဲ့ရသော်လည်း ယခုအခါ ဆေးရုံမှ ပြန်ဆင်းလာပြီဖြစ်ပြီး Chequers အမည်ရှိ ကျေးလက်စံအိမ်တွင် အနားယူလျက် ရှိကြောင်း အင်္ဂလန်အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြသည်။

Chequers စံအိမ်သည် အင်္ဂလန်ဝန်ကြီးချုပ်တို့ နေထိုင်ရန် စီစဉ်ပေးထားသည့် ကျေးလက်စံအိမ်ဖြစ်ပြီး လန်ဒန်မြို့၏ အနောက်မြောက်ဘက် မိုင် ၄၀ ခန့်အကွာတွင် တည်ရှိကာ ဝန်ကြီးချုပ်စံအိမ်အဖြစ် ၁၉၂၁ ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း မတ်လကုန်တွင် စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်စံအိမ်တွင် quarantine ယူခဲ့စဉ် ရောဂါလက္ခဏာများပြလာသောကြောင့် ပြီးခဲ့သော တနင်္ဂနွေနေ့က ဆေးရုံတက်ခဲ့ရခြင်း ဖြစ်သည်။

ထို့နောက် တနင်္လာနေ့ ညနေပိုင်းတွင် အထူးကြပ်မတ်ကုသဆောင်သို့ ပြောင်းရွှေ့ခဲ့ရပြီး ကြာသပတေးနေ့တွင်မူ အထွေထွေကုသဆောင်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည်။

ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားရာတွင် “ဝန်ကြီးချုပ်ဟာ ဆေးရုံက ဆင်းခွင့်ရခဲ့ပြီးနောက် Chequers စံအိမ်မှာ အနားယူဖို့ရှိပါတယ်။ သူ့ရဲ့ဆေးအဖွဲ့ အကြံပေးချက်အရ ဝန်ကြီးချုပ်ဟာ တာဝန်တွေ ချက်ချင်းထမ်းဆောင်လိမ့်ဦးမှာ မဟုတ်ပါဘူး” ဟု ပြောကြားသည်။

“ဆေးရုံတက်နေစဉ်ကာလအတွင်း ထူးချွန်ပြောင်မြောက်တဲ့ကုသမှုတွေ ခံယူခဲ့ရမှုအတွက် စိန့်သောမတ်ဆေးရုံက လူတိုင်းကို သူက ကျေးဇူးဥပကာရတင်ရှိနေပါတယ်။ သူ့ရဲ့အတွေးအားလုံးဟာ ရောဂါကူးစက်ခံရသူတွေနဲ့အတူ ရှိနေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဝန်ကြီးချုပ်သည် ဆေးရုံတွင် တက်ကြွရွှင်လန်းစွာရှိခဲ့ကြောင်း၊ သူ၏လက်တွဲဖော် ကာရီဆိုင်မွန်စ်က ပေးစာတစ်စောင်ပေးပို့ကာ အားပေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေါင်းနင်းလမ်း၊ ဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။

မစ္စဆိုင်မွန်စ်က ပြောကြားရာတွင် ဝန်ကြီးချုပ်ကို ကုသပေးခဲ့သည့် ချီးမွမ်းအံ့သြဖွယ် အမျိုးသားကျန်းမာရေးဌာန (NHS) ကို မဖော်ပြတတ်အောင် ကျေးဇူးတင်ကြောင်း ပြောကြားသည်။

“စိန့်သောမတ်ဆေးရုံက အမှုထမ်းတွေဟာ မယုံကြည်နိုင်လောက်အောင်ပါပဲ။ ဒီကျေးဇူးတွေကို ကျွန်မဘယ်တော့မှ ပြန်ဆပ်နိုင်တော့မှာ မဟုတ်ပါဘူး။ သူတို့အပေါ် ကျေးဇူးတင်မိတာ မရပ်တန့်နိုင်လောက်အောင်ပါပဲ” ဝန်ကြီးချုပ်ကလည်း ဆေးရုံတွင် ၎င်းကို ကုသပေးခဲ့သည့် NHS မှ ဝန်ထမ်းများကို ကျေးဇူးတင်ကြောင်း၊ မိမိအသက်အတွက် ကျေးဇူးတရားများတင်ရှိနေပြီဖြစ်ကြောင်း ပြောကြားသည်။

ဝန်ကြီးချုပ်က covid-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိပြီးချိန်တွင် ကနဦး၌ အစိုးရအဖွဲ့ကို ဆက်လက်ဦးဆောင်နေခဲ့သေး သော်လည်း အထူးကြပ်မတ်ကုသဆောင်သို့ ရွှေ့ပြောင်းလိုက်ရချိန်တွင် ဝန်ကြီးချုပ်တာဝန်ကို နိုင်ငံခြားရေးဝန်ကြီး Dominic Raab ထံ လွှဲပြောင်းပေးခဲ့သည်။

လက်ရှိအားဖြင့် အစိုးရအဖွဲ့ဝင်များအကြား lockdown ကာလကို မည်မျှသက်တမ်းတိုးရမည်နည်းဟူသောအချက်အပေါ် သဘောထား ကွဲလွဲနေကြသည်။

ဘဏ္ဍာရေးဝန်ကြီး Rishi Sunak အပါအဝင်အချို့သော ဝန်ကြီးများက တိုင်းပြည်စီးပွားရေးထိခိုက်မှုနည်းပါးစေရန်အတွက် lockdown ကာလကို ရက်သတ္တ ၃ ပတ်မျှသာ သက်တမ်းတိုးလိုသည်။

သို့သော်ကျန်းမာရေးဝန်ကြီး Matt Hancock ကမူ ရက်သတ္တ ၆ ပတ်ခန့်အထိ သက်တမ်းတိုးလိုသည်။ ထိုမျှချမှတ်ထားမှသာ social distancing စည်းမျဉ်းလိုက်နာမှု လျော့ရဲပါက ကိုရိုနာဗိုင်းရပ်စ် ပြန်လည်ခေါင်းထောင်လာမည်ကို တားဆီးနိုင်မည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Boris Johnson is out of hospital after fighting coronavirus in intensive care (Metro)

[Zawgyi]

အဂၤလန္ဝန္ႀကီးခ်ဳပ္ ေဆး႐ုံျပန္ဆင္းကာ ေက်းလက္စံအိမ္တြင္ အနားယူ၊ ႏိုင္ငံျခားေရးဝန္ႀကီးက ဝန္ႀကီးခ်ဳပ္တာဝန္ ေခတၱရယူထား

အဂၤလန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္သည္ covid-19 ကူးစက္ခံရကာ ေဆး႐ုံတက္ခဲ့ရၿပီး အထူးၾကပ္မတ္ကုသေဆာင္အထိ ပို႔ေဆာင္ျခင္းခံခဲ့ရေသာ္လည္း ယခုအခါ ေဆး႐ုံမွ ျပန္ဆင္းလာၿပီျဖစ္ၿပီး Chequers အမည္ရွိ ေက်းလက္စံအိမ္တြင္ အနားယူလ်က္ ရွိေၾကာင္း အဂၤလန္အေျခစိုက္ သတင္းမီဒီယာမ်ားတြင္ ေဖာ္ျပသည္။

Chequers စံအိမ္သည္ အဂၤလန္ဝန္ႀကီးခ်ဳပ္တို႔ ေနထိုင္ရန္ စီစဥ္ေပးထားသည့္ ေက်းလက္စံအိမ္ျဖစ္ၿပီး လန္ဒန္ၿမိဳ႕၏ အေနာက္ေျမာက္ဘက္ မိုင္ ၄၀ ခန႔္အကြာတြင္ တည္ရွိကာ ဝန္ႀကီးခ်ဳပ္စံအိမ္အျဖစ္ ၁၉၂၁ ခုႏွစ္ကတည္းက စတင္အသုံးျပဳခဲ့ျခင္း ျဖစ္သည္။

ဝန္ႀကီးခ်ဳပ္သည္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရေၾကာင္း မတ္လကုန္တြင္ စစ္ေဆးေတြ႕ရွိခဲ့ၿပီးေနာက္ ေဒါင္းနင္းလမ္းရွိ ဝန္ႀကီးခ်ဳပ္စံအိမ္တြင္ quarantine ယူခဲ့စဥ္ ေရာဂါလကၡဏာမ်ားျပလာေသာေၾကာင့္ ၿပီးခဲ့ေသာ တနဂၤေႏြေန႔က ေဆး႐ုံတက္ခဲ့ရျခင္း ျဖစ္သည္။

ထို႔ေနာက္ တနလၤာေန႔ ညေနပိုင္းတြင္ အထူးၾကပ္မတ္ကုသေဆာင္သို႔ ေျပာင္းေ႐ႊ႕ခဲ့ရၿပီး ၾကာသပေတးေန႔တြင္မူ အေထြေထြကုသေဆာင္သို႔ ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့သည္။

ဝန္ႀကီးခ်ဳပ္၏ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္က ေျပာၾကားရာတြင္ “ဝန္ႀကီးခ်ဳပ္ဟာ ေဆး႐ုံက ဆင္းခြင့္ရခဲ့ၿပီးေနာက္ Chequers စံအိမ္မွာ အနားယူဖို႔ရွိပါတယ္။ သူ႔ရဲ႕ေဆးအဖြဲ႕ အႀကံေပးခ်က္အရ ဝန္ႀကီးခ်ဳပ္ဟာ တာဝန္ေတြ ခ်က္ခ်င္းထမ္းေဆာင္လိမ့္ဦးမွာ မဟုတ္ပါဘူး” ဟု ေျပာၾကားသည္။

“ေဆး႐ုံတက္ေနစဥ္ကာလအတြင္း ထူးခြၽန္ေျပာင္ေျမာက္တဲ့ကုသမႈေတြ ခံယူခဲ့ရမႈအတြက္ စိန႔္ေသာမတ္ေဆး႐ုံက လူတိုင္းကို သူက ေက်းဇူးဥပကာရတင္ရွိေနပါတယ္။ သူ႔ရဲ႕အေတြးအားလုံးဟာ ေရာဂါကူးစက္ခံရသူေတြနဲ႔အတူ ရွိေနပါတယ္” ဟု ၎က ဆက္လက္ေျပာၾကားသည္။

ဝန္ႀကီးခ်ဳပ္သည္ ေဆး႐ုံတြင္ တက္ႂကြ႐ႊင္လန္းစြာရွိခဲ့ေၾကာင္း၊ သူ၏လက္တြဲေဖာ္ ကာရီဆိုင္မြန္စ္က ေပးစာတစ္ေစာင္ေပးပို႔ကာ အားေပးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း ေဒါင္းနင္းလမ္း၊ ဝန္ႀကီးခ်ဳပ္႐ုံးမွ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္က ေျပာၾကားသည္။

မစၥဆိုင္မြန္စ္က ေျပာၾကားရာတြင္ ဝန္ႀကီးခ်ဳပ္ကို ကုသေပးခဲ့သည့္ ခ်ီးမြမ္းအံ့ၾသဖြယ္ အမ်ိဳးသားက်န္းမာေရးဌာန (NHS) ကို မေဖာ္ျပတတ္ေအာင္ ေက်းဇူးတင္ေၾကာင္း ေျပာၾကားသည္။

“စိန႔္ေသာမတ္ေဆး႐ုံက အမႈထမ္းေတြဟာ မယုံၾကည္ႏိုင္ေလာက္ေအာင္ပါပဲ။ ဒီေက်းဇူးေတြကို ကြၽန္မဘယ္ေတာ့မွ ျပန္ဆပ္ႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ သူတို႔အေပၚ ေက်းဇူးတင္မိတာ မရပ္တန႔္ႏိုင္ေလာက္ေအာင္ပါပဲ” ဝန္ႀကီးခ်ဳပ္ကလည္း ေဆး႐ုံတြင္ ၎ကို ကုသေပးခဲ့သည့္ NHS မွ ဝန္ထမ္းမ်ားကို ေက်းဇူးတင္ေၾကာင္း၊ မိမိအသက္အတြက္ ေက်းဇူးတရားမ်ားတင္ရွိေနၿပီျဖစ္ေၾကာင္း ေျပာၾကားသည္။

ဝန္ႀကီးခ်ဳပ္က covid-19 ကူးစက္ခံရေၾကာင္း စစ္ေဆးေတြ႕ရွိၿပီးခ်ိန္တြင္ ကနဦး၌ အစိုးရအဖြဲ႕ကို ဆက္လက္ဦးေဆာင္ေနခဲ့ေသး ေသာ္လည္း အထူးၾကပ္မတ္ကုသေဆာင္သို႔ ေ႐ႊ႕ေျပာင္းလိုက္ရခ်ိန္တြင္ ဝန္ႀကီးခ်ဳပ္တာဝန္ကို ႏိုင္ငံျခားေရးဝန္ႀကီး Dominic Raab ထံ လႊဲေျပာင္းေပးခဲ့သည္။

လက္ရွိအားျဖင့္ အစိုးရအဖြဲ႕ဝင္မ်ားအၾကား lockdown ကာလကို မည္မွ်သက္တမ္းတိုးရမည္နည္းဟူေသာအခ်က္အေပၚ သေဘာထား ကြဲလြဲေနၾကသည္။

ဘ႑ာေရးဝန္ႀကီး Rishi Sunak အပါအဝင္အခ်ိဳ႕ေသာ ဝန္ႀကီးမ်ားက တိုင္းျပည္စီးပြားေရးထိခိုက္မႈနည္းပါးေစရန္အတြက္ lockdown ကာလကို ရက္သတၱ ၃ ပတ္မွ်သာ သက္တမ္းတိုးလိုသည္။

သို႔ေသာ္က်န္းမာေရးဝန္ႀကီး Matt Hancock ကမူ ရက္သတၱ ၆ ပတ္ခန႔္အထိ သက္တမ္းတိုးလိုသည္။ ထိုမွ်ခ်မွတ္ထားမွသာ social distancing စည္းမ်ဥ္းလိုက္နာမႈ ေလ်ာ့ရဲပါက ကို႐ိုနာဗိုင္းရပ္စ္ ျပန္လည္ေခါင္းေထာင္လာမည္ကို တားဆီးႏိုင္မည္ဟု ဆိုသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Boris Johnson is out of hospital after fighting coronavirus in intensive care (Metro)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service