အင်္ဂလန်ရှိ ကိုရိုနာဗိုင်းရပ်စ် အထူးကြပ်မတ်ကုသဆောင်များတွင် ဆေးဘက်ဝန်ထမ်း လိုအပ်လာသောကြောင့် တိရစ္ဆာန်ကု ဆရာဝန်များကို ခေါ်ယူ
အင်္ဂလန်ရှိ ကိုရိုနာဗိုင်းရပ်စ် အထူးကြပ်မတ်ကုသဆောင်များတွင် ဆေးဘက်ဝန်ထမ်း လိုအပ်လာသောကြောင့် တိရစ္ဆာန်ကု ဆရာဝန်များကို ခေါ်ယူ - Property News in Myanmar from iMyanmarHouse.com
12 Apr 2020 12:07 pm တွင် တင်ခဲ့သည်
567 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အင်္ဂလန်ရှိ ရောဂါအခြေအနေပြင်းထန်သော ကိုရိုနာဗိုင်းရပ်စ်လူနာများ အလွန်များပြားလာနိုင်သည့် အခြေအနေရှိသည်ဟု တွက်ဆကာ အထူးကြပ်မတ်ကုသဆောင်များတွင် တာဝန်ထမ်းဆောင်ရန်အတွက် တိရ စ္ဆာန်ကု ဆရာဝန်များကို ခေါ်ယူလာကြောင်း Dailymail သတင်းတစ်ရပ်တွင် ဖော်ပြသည်။
အမျိုးသားကျန်းမာရေးစောင့်ရှောက်မှု၏ အဖွဲ့ ၂ ခုဖြစ်သော Tobay နှင့် South Devon NHS Foundation Trust တို့သည် အသက်ရှုစက်ပေးထားရသည့် covid-19 လူနာများကို စောင့်ကြည့်ရမည့် အသက်ရှုလမ်းကြောင်းဆိုင်ရာလက်ထောက်များအဖြစ် တိရစ္ဆာန်ကု ဆရာဝန် ၁၅၀ ခန့်ကို ခေါ်ယူခဲ့သည်။
ပေါက်ကြားလာသော စာရွက်စာတမ်းများတွင် ဖော်ပြချက်အရ မြင့်တက်လာမည့် လူနာပမာဏကို ကုသမှုပေးရန် လုံလောက်သည့် လက်ထောက်အကူ မရှိမည်ကို စိုးရိမ်နေကြောင်း အဆိုပါအဖွဲ့တို့၏ အကြီးအကဲများက ဝန်ခံခဲ့ကြသည်ဟု ဆိုသည်။
လာမည့် သီတင်းပတ်များတွင် အထူးကြပ်မတ်ကုသဆောင်များ၌ လူနာ ၁၀ ဆခန့် တိုးလာနိုင်ကြောင်း ခန့်မှန်းထားသည်။
Hampshire Hospitals NHS Foundation ကလည်း ဆေးဘက်ဝန်ထမ်းလိုအပ်ချက်ရှိလာသည့်အတွက် တိရစ္ဆာန်ကု ဆရာဝန်များနှင့် သွားဆရာဝန်များကို အကူအညီတောင်းခံထားသည်။
၇ ရက်မှ ၁၀ ရက်တာကာလအတွင်း ဗိုင်းရပ်စ်ကူးစက်မှု အထွတ်အထိပ်သို့ ရောက်ရှိချိန်တွင် ဆေးရုံကုတင် ၁၀၀၀၀၀ ခန့်တွင် လူနာများ ပြည့်နှက်သွားနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်တို့က ခန့်မှန်းလိုက်ပြီးနောက် ယခင်က မဖြစ်ပေါ်ဖူးသည့်ခြေလှမ်းမျိုး အကောင်အထည်ဖော်လာရခြင်းလည်း ဖြစ်သည်။
အကူအညီပေးမည့် တိရစ္ဆာန်ကု ဆရာဝန် ၁၅၀ ကို ယခုသီတင်းပတ်အတွင်း လေ့ကျင့်မှုပေးထားပြီးဖြစ်ကာ Torbay နှင့် South Devon Trust ဆေးရုံများတွင် အကူအညီလိုအပ်ပါက လာမည့် သီတင်းပတ်မှစတင်ကာ အကူအညီပေးသွားနိုင်မည်ဟု ဆိုသည်။
၎င်းတို့ကို အသက်ရှုလမ်းကြောင်းဆိုင်ရာ လက်ထောက်အကူများအဖြစ် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး အသက်ရှုစက်ပေးထားရသည့် ရောဂါပြင်းထန်သော covid-19 လူနာများကို ကူညီစောင့်ရှောက်ကုသမှုပေးသွားမည် ဖြစ်သည်။
၎င်းတို့သည် အဆိုပါတာဝန်ကို အခမဲ့ တာဝန်ထမ်းဆောင်ပေးခြင်းလည်း ဖြစ်သည်။
၎င်းတို့၏ တာဝန်များတွင် ထုံဆေးပေးထားသည့် လူနာများကို စောင့်ကြည့်ခြင်း၊ ၎င်းတို့၏ သွေးပေါင်ချိန်နှင့် အောက်ဆီဂျင်ပမာဏကို စစ်ဆေးခြင်း၊ သွေးနမူနာယူခြင်းတို့ ပါဝင်မည် ဖြစ်သည်။
သို့သော် ၎င်းတို့သည် လူနာကို အသက်ရှုပိုက် သွင်း၊ မသွင်းနှင့် အခြားသော ကုသမှုပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များတွင် တိုက်ရိုက်ပါဝင်မည် မဟုတ်ချေ။
Torbay ဆေးရုံမှ စီမံခန့်ခွဲသူတို့က သွားဆရာဝန်များထံလည်း စေတနာ့ဝန်ထမ်းအဖြစ် ကူညီပါရန် အကူအညီတောင်းခံခဲ့သည်ဟု ဆိုသည်။
တော်ဝင် တိရစ္ဆာန်ကု ဆရာဝန်ကောလိပ် (RCVS) မှ ထုတ်ပြန်ရာတွင် အမျိုးသားကျန်းမာရေးဌာန၏ ဆေးရုံများတွင် ရှေ့တန်းနေရာမှ ပါဝင်ရန် ဆန္ဒရှိကြသည့် တိရစ္ဆာန်ကုဆရာဝန်များကို လေးစားမိပါကြောင်း ထုတ်ပြန်သည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Hospitals are turning to VETS to fill staffing gaps on intensive care wards ahead of amid fears of an explosion in critically ill coronavirus patients (Dailymail)
[Zawgyi]
Ref: Hospitals are turning to VETS  fill staffing gaps on intensive care wards ahead of amid fears of an explosion in critically ill coronavirus patients (Dailymail)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
CarsDB
Ponnami Estate
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service