ကိုရိုနာဗိုင်းရပ်စ်တိုက်ပွဲတွင် အောင်ပွဲခံနိုင်ခဲ့သော နယူးဇီလန်က lockdown ချမှတ်ထားမှု အဆုံးသတ်ရန် ပြင်ဆင်
ကိုရိုနာဗိုင်းရပ်စ်တိုက်ပွဲတွင် အောင်ပွဲခံနိုင်ခဲ့သော နယူးဇီလန်က lockdown ချမှတ်ထားမှု အဆုံးသတ်ရန် ပြင်ဆင် - Property News in Myanmar from iMyanmarHouse.com
12 Apr 2020 11:46 am တွင် တင်ခဲ့သည်
60624 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
နယူးဇီလန်သည် ရက်သတ္တ ၃ ပတ်အတွင်း ရောဂါကူးစက်ခံရသူအသစ်တွေ့ရှိမှု အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်နှင့် တိုက်ပွဲတွင် အခက်ခဲဆုံးကာလ အဆုံးသတ်ကာ ကျန်းမာပျော်ရွှင်ဖွယ်ကာလများ စတင်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန်က ပြောကြားလိုက်သည်။
အလျင်အမြန်အကောင်အထည်ဖော်ခဲ့သည့် lockdown အစီအမံများကို လိုက်နာကာ ရောဂါကူးစက်နိုင်မှု ကွင်းဆက်ကို ချိုးဖျက်နိုင်မည့် ခံစစ်တံတိုင်းကြီးတစ်ခု ခင်းကျင်းနိုင်ခဲ့မှုနှင့် စပ်လျဉ်းပြီး သူမက ပြည်သူများကို ချီးကျူးခဲ့သည်။
နယူးဇီလန်တွင် covid-19 ကူးစက်ခံရသူ ၉၉၂ ဦးရှိပြီး ၁ ဦးသာ သေဆုံးခဲ့သည်။
မစ္စ အာဒန်က ပြောကြားရာတွင် ရက်သတ္တ ၄ ပတ် lockdown ချမှတ်ထားမှုကို ရက်သတ္တပတ်အတွင်း ဖြေလျော့ပေးသွားနိုင်ဖွယ်ရှိပြီး social distancing စည်းမျဉ်းများကို ထိန်းသိမ်းမည်ဆိုပါက အချို့လူများကို လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခွင့် ပေးအပ်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ရက်သတ္တ ၄ ပတ် lockdown ချမှတ်ထားစဉ်ကာလအတွင်း နယူးဇီလန်နိုင်ငံသားတို့က စည်းကမ်းတင်းကြပ်စွာ လိုက်နာခဲ့ကြခြင်းမှာ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ကြောင်းလည်း ဝန်ကြီးချုပ်က ပြောကြားသည်။
“လမ်းတစ်ဝက်ကာလမှာ ကျွန်မအနေနဲ့ တုံ့ဆိုင်းမနေဘဲ ပြောလိုတဲ့တစ်ချက်ရှိပါတယ်။ အဲဒါကတော့ လွန်ခဲ့တဲ့ ရက်သတ္တ ၂ ပတ်အတွင်း နယူးဇီလန်ပြည်သူတွေရဲ့ လုပ်ဆောင်ချက်က သိပ်ကိုကြီးမားတယ် ဆိုတာပါပဲ”
“ရာစုနှစ်တစ်ခုကျော်ကာလအတွင်း လူသားတွေရဲ့ကျန်းမာရေးကို အကြီးမားဆုံး ခြိမ်းခြောက်မှုကြီးနဲ့ ရင်ဆိုင်ရချိန်မှာ Kiwi တွေဟာ ခံစစ်တံတိုင်းကို တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်သက်စွာ စုပေါင်းအကောင်အထည်ဖော်ခဲ့ကြပါတယ်” ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။(Kiwi ဟူသည်မှာ နယူးဇီလန်နိုင်ငံသားများကို ခေါ်ဝေါ်သည့် အခေါ်အဝေါ်တစ်ခု ဖြစ်သည်။ ၁၉၀၀ ပြည့်လွန်ကာလများတွင် ကာတွန်းဆရာများက နယူးဇီလန်နိုင်ငံကို kiwi ဟူသော စကားလုံးဖြင့် ရည်ညွှန်းခဲ့ရာမှ စတင်သည်။)
Lockdown ကာလကို ဖြေလျော့ပေးမည်လော၊ သက်တမ်းတိုးမည်လောဟူသည်ကို အစိုးရက ဧပြီလ ၂၀ ရက်တွင် ဆုံးဖြတ်မည်ဖြစ် ကြောင်း မစ္စ အာဒန်က ပြောကြားသည်။ လက်ရှိတွင် lockdown ချမှတ်ထားမှုမှာ ဧပြီ ၂၂ ရက်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။
နယူးဇီလန်တွင် ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးစတင်ကူးစက်ခံရကြောင်း ကြေညာခဲ့သည်မှာ ဖေဖော်ဝါရီလ ၂၆ ရက်က ဖြစ်သည်။
သို့သော် နယူးဇီလန်သည် ရောဂါကူးစက်ခံရကြောင်း မတွေ့ရှိမီ တစ်လအလို ဇန်နဝါရီကတည်းက ရောဂါစစ်ဆေးမှုများ ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။
နယူးဇီလန်သို့ ဝင်ရောက်လာသူများကို quarantine ထားရှိရန် မတ်လ ၁၄ ရက်ကတည်းက အမိန့်ထုတ်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်ကတည်းက ခရီးသည်တင် သင်္ဘောများကို ပိတ်ပင်ခဲ့သည်။
နယူးဇီလန်တွင် နေထိုင်သူ မဟုတ်သူများနှင့် နိုင်ငံသားမဟုတ်သူများအားလုံးကိုလည်း နိုင်ငံအတွင်းဝင်ရောက်ခွင့် ပိတ်ပင်ခဲ့သည်။
မစ္စ အာဒန်က ယခုအခါ စည်းမျဉ်းထုတ်လိုက်သည်မှာ ယခုအချိန်တွင် နယူးဇီလန်သို့ ပြန်လာမည့်နိုင်ငံသားများသည် သတ်မှတ်ထားသည့် နေရာတွင် ၁၄ ရက်နေထိုင်ရမည်ဟု သတ်မှတ်ထားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။)
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref:  New Zealand preparing to end lockdown after success in coronavirus ( Metro)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
imyanmarmarket
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service