ကိုရိုနာဗိုင်းရပ်စ်နှင့် အမေရိကတိုက်မှ လူဆိုးဂိုဏ်းများ

ကိုရိုနာဗိုင်းရပ်စ်နှင့် အမေရိကတိုက်မှ လူဆိုးဂိုဏ်းများ - Property News in Myanmar from iMyanmarHouse.com
10 Apr 2020 11:55 am တွင် တင်ခဲ့သည်
2713 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အယ်လ်ဆာဗေဒေါနိုင်ငံသည် ဗဟိုအမေရိကတိုက်တွင် လူဦးရေ အသိပ်သည်းဆုံး နိုင်ငံငယ်ကလေးဖြစ်ပြီး စတုရန်းကီလိုမီတာ ၂၁၀၄၁ (စတုရန်းမိုင် ၈၁၂၄ ) သာရှိကာ ရန်ကုန်တိုင်း၏ ၂ ဆခန့် အကျယ်အဝန်းမျှသာရှိသည်။ တစ်မိုင်ပတ်လည်တွင် နေထိုင်သူဦးရေ ၇၈၅ ဦးရှိသည်။

ကမ္ဘာ့မြေပုံတွင်ကြည့်လျှင် မြောက်စူးစူးတွင် မက္ကဆီကိုနှင့် အမေရိကန်ပြည်ထောင်စုတို့ကို တွေ့ရမည် ဖြစ်သည်။

အရှေ့မြောက်ဘက်တွင် ဟွန်ဒူးရပ်စ်၊ အနောက်မြောက်ဘက်တွင် ဂါွတီမာလာနှင့် တောင်ဘက်တွင် ပစိဖိတ်သမုဒ္ဒရာတို့ ဝန်းပတ်နေသည်။

၂၀၁၈ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၆ ဒသမ ၄၂ သန်းရှိသည်။

၁၈၂၁ ခုနှစ်ကတည်းက စပိန်ထံမှ လွတ်လပ်ရေးရခဲ့ပြီး ၁၈၄၁ ခုနှစ်တွင် နိုင်ငံတစ်ခုအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုခြင်းခံခဲ့ရသည်။ …….. အယ်လ်ဆာဗေဒေါတွင် မကြာသေးမီက သမိုင်းဝင်စံချိန်တစ်ခုတင်ခဲ့သည်။

ယင်းကား ပြီးခဲ့သောလအတွင်း ၂ ရက်ဆက်တိုက် လူသတ်မှုမရှိခဲ့ခြင်းပင် ဖြစ်၏။

ကမ္ဘာပေါ်တွင် လူသတ်မှုအများဆုံးနိုင်ငံအဖြစ် နှစ်ပေါင်းများစွာရပ်တည်ခဲ့သည့် အယ်လ်ဆာဗေဒေါတွင် လူသတ်မှုတစ်မှုမျှ မဖြစ်ပွားသည့် ၄၈ နာရီ ရှိလာခြင်းမှာ ရာဇဝတ်မှုများ ရုတ်တရက်ကျဆင်းသွားခြင်း ဖြစ်သည်ဟုဆိုနိုင်သည်။

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလအတွင်းက လူသတ်မှု ၁၁၄ မှုဖြစ်ခဲ့ရာမှ မတ်လတွင် ၆၅ မှုသာ ဖြစ်ခဲ့သည်။

ယင်းသို့ လူသတ်မှုများ ကျဆင်းသွားခြင်းမှာ လူဆိုးဂိုဏ်းများအကြား အပစ်အခတ် ရပ်စဲထားခြင်းကြောင့်လည်းမဟုတ်၊ ရဲတပ်ဖွဲ့က မဟာဗျူဟာ အသစ်ချလိုက်ခြင်းကြောင့်လည်း မဟုတ်။

ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှု နှေးကွေးစေရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာ quarantine ချလိုက်ခြင်းကြောင့် ဖြစ်လေသည်။

အယ်လ်ဆာဗေဒေါတွင် မင်းမူနေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော လမ်းပေါ်လူဆိုးဂိုဏ်းများသည် ယခင်က ဆက်ကြေးတောင်း ခြိမ်းခြောက် ငွေညှစ်ခြင်းနှင့် လူသတ်ခြင်းတို့အပေါ် သာ အာရုံထားခဲ့ရာမှ ယခုအခါ အစိုးရကချမှတ်ထားသည့် နေအိမ်တွင်သာ နေထိုင်ကြရန် ဟူသော social distancing ကန့်သတ်ချက်အမိန့်များကို ဒေသခံများလိုက်နာကြရန် ဖိအားပေးရေးအပေါ် အာရုံစိုက်လာကြသည်။

မတ်လ ၂၂ ရက်မှ စတင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာ lockdown ချမှတ်လိုက်သည်ဟု သမ္မတ နာယစ် ဘူကီလီက အမိန့်ထုတ်လိုက်ပြီးနောက် လူဆိုးဂိုဏ်းများသည် လူဆိုးဂိုဏ်းတို့သည် ပြည်သူ့ကျန်းမာရေးကို စောင့်ရှောက်သည့်လူဆိုးဂိုဏ်းများအဖြစ် ၎င်းတို့၏ အခန်းကဏ္ဍကို ပုံဖမ်းလာသည်။

နိုင်ငံတဝန်း နေရာများစွာတွင် အစိုးရအာဏာစက်ထက် လူဆိုးဂိုဏ်းတို့၏ အာဏာစက်က ပိုမိုသက်ရောက်မှု ရှိသည်။

ဗိုင်းရပ်စ်ကူးစက်နေသည့်ကာလအတွင်း အစိုးရကထုတ်ပြန်ထားသည့်စည်းမျဉ်းများ မလိုက်နာသူများအား ခြိမ်းခြောက်ထားသည့် အသံဖိုင်များကို စာပို့ app များမှတဆင့် ဖြန့်ဝေကာ လူဆိုးဂိုဏ်းတို့က ခြိမ်းခြောက်ထားသည်။

အသံဖိုင်တစ်ခုတွင် ပြောကြားထားပုံမှာ “လမ်းပေါ်မှာ ဘယ်သူ့ကိုမှ ငါတို့ မမြင်ချင်ဘူး။ ခင်ဗျားတို့ အပြင်ထွက်တာဟာ စတိုးဆိုင်ကို သွားဖို့ပဲဖြစ်ရမယ်။ mask တပ်ထားရင် ကောင်းလိမ့်မယ်” ဟု ပြောကြားထား၏။

ထို့အပြင် quarantine စည်းမျဉ်း မလိုက်နာသူတို့ကို မျက်နှာဖုံးတပ်ထားသည့် လူဆိုးဂိုဏ်းသားတို့က ဝိုင်းဝန်းရိုက်နှက်နေပုံကိုလည်း ဗွီဒီယိုရိုက်ကူးထားပြီး လူဆိုးဂိုဏ်းများက ဖြန့်ဝေကြသည်။

လက်တင်အမေရိကနှင့် ကာရစ်ဘီယန်ဒေသမှ အခြားသောနိုင်ငံများတွင်လည်း နေအိမ်တွင်သာနေထိုင်ရမည့်အမိန့်များ ထုတ်ပြန်ပြီးနောက်ပိုင်း လူသတ်မှုများမှာ ကျဆင်းသွားခဲ့သည်။

ကိုလံဘီယာနိုင်ငံတွင်လည်း တစ်နိုင်ငံလုံး quarantine ချမှတ်ထားစဉ် ပျောက်ကြားအဖွဲ့တို့၏ ခေါင်းဆောင်တို့က တစ်လကြာ အပစ်အခတ်ရပ်ဆိုင်းထားရန် အမိန့်ထုတ်ခဲ့ပြီးနောက် လူသတ်မှုများ ထက်ဝက်ခန့် ကျဆင်းသွားသည်။

ဂါွတီမာလာနှင့် ဟွန်ဒူးရပ်စ်နိုင်ငံများတွင်လည်း လူသတ်မှု ၃ ပုံ ၁ ပုံခန့် လျော့ကြသွားပြီး အဓိကအကြောင်းရင်းမှာ လမ်းပေါ် မထွက်တော့ကြသောကြောင့် ခြိမ်းခြောက်သတ်ဖြတ်ခံရမှု နည်းပါးသွားခြင်းဖြစ်သည်။

ဆင်းရဲမွဲတေမှုကြီးစိုးနေပြီး ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အားနည်းလှသော နေရာမျိုးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပါက ကြောက်မက်ဖွယ် အခြေအနေဆိုးမည်ဖြစ်သည်။ ထိုသို့သော နေရာမျိုးတွင် လူသတ်မှုများ ကျဆင်းသွားခြင်းမှာ ကြိုဆိုရမည့် သတင်းကောင်းတစ်ပုဒ်ပင် ဖြစ်သည်။

ကမ္ဘာ့လူဦးရေ၏ ၈ ရာခိုင်နှုန်းသာရှိသော်လည်း ကမ္ဘာတဝန်းဖြစ်ပွားသော လူသတ်မှု စုစုပေါင်း၏ ၃ ပုံ ၁ ပုံနီးပါးဖြစ်ပွားနေသော ဗဟိုအမေရိကဒေသတွင် လူသတ်မှုများ ကျဆင်းသွားခြင်းမှာ အလွန်ရှားပါးသည့် အခြေအနေတစ်ခု ဖြစ်သည်။

အယ်လ်ဆာဗေဒေါတွင် အုပ်စုဖွဲ့ ရာဇဝတ်မှုများ ကြီးစိုးနေသည်မှာ ၁၉၉၀ ပြည့်လွန်ကာလများကတည်းက ဖြစ်သည်။

ထိုကာလက အမေရိကန်ပြည်မှ ပြည်နှင်ဒဏ်ပေးခံရသူများသည် ၎င်းတို့နှင့်အတူ လူဆိုးဂိုဏ်း ၂ ခု ပြန်လည်ခေါ်ယူလာရာ Barrio 18 နှင့် Mara Salvatrucha ဟူသော ဂိုဏ်း ၂ ခု ဖြစ်သည်။

အယ်လ်ဆာဗေဒေါအစိုးရက ပြောကြားရာတွင် လူဦးရေ ၆ သန်းကျော်သာရှိသော နိုင်ငံတွင် လူပေါင်း သန်းဝက်နီးပါးမှာ လူဆိုးဂိုဏ်းများနှင့် ဆက်နွှယ်မှု ရှိနေသည်ဟု ဆိုသည်။

လူဆိုးဂိုဏ်းတို့၏ ငွေဝင်လမ်းကြောင်းမှာ စီးပွားရေးလုပ်ငန်းငယ်များထံမှ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ မှောင်ခိုကုန်ကူးခြင်းနှင့် မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားခြင်းတို့မှ ဖြစ်သည်။

မကြာသေးမီနှစ်များတွင်မူ အစိုးရက သံမဏိလက်သီးဟုအမည်ပေးထားသည့် စီမံကိန်းဖြင့် ရာဇဝတ်ဂိုဏ်းများကို ရင်ဆိုင်လာ၏။

ရာဇဝတ်ဂိုဏ်းများကြီးစိုးထားသည့် နယ်မြေများသို့ အနက်ရောင်ခေါင်းစွပ်များစွပ်ကာ အော်တိုမက်တစ်သေနတ်များ တပ်ဆင်ပေးထားသည့် စစ်သည်များ စေလွှတ်ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့၏ မဟာဗျူဟာမှာ အလုပ်ဖြစ်ကြောင်း အစိုးရခေါင်းဆောင်တို့က ပြောကြားပြီး ၂၀၁၅ ခုနှစ်တွင်လူသတ်မှုများ ကျဆင်းသွားမှုကို ထောက်ပြခဲ့သည်။

လက်ရှိအချိန်တွင်ကား လူဆိုးဂိုဏ်းများသည် ၎င်းတို့၏ နယ်မြေထိန်းချုပ်မှုများ ပြန်လည်ရရှိနေပြီး ဒေသများစွာတွင် အစိုးရထက်ပင် အာဏာပြင်းနေကြောင်း လူ့အခွင့်အရေးအုပ်စုတစ်ခုဖြစ်သည့် Cristosal မှ စီမံကိန်းဒါရိုက်တာ ဆယ်လီယာ မီဒရာနိုက ပြောကြားသည်။

ယခု quarantine အမိန့်ချမှတ်ထားမှုတွင် အများပြည်သူက အမိန့်လိုက်နာကြစေရန် လူဆိုးဂိုဏ်းများက ဝင်ရောက် ဖိအားပေးလုပ်ဆောင်လာခြင်းမှာ ၎င်းတို့အနေဖြင့် နယ်မြေထိန်းချုပ်ထားနိုင်သည့်သြဇာရှိကြောင်း ပြသခြင်းမျှသာဖြစ်ကြောင်းလည်း မီဒရာနိုက သုံးသပ်သည်။ အယ်လ်ဆာဗေဒေါ၏ မြို့တော် ဆန် ဆယ်ဗေဒေါတွင်ကား ခြောက်ခြားဖွယ် လူသူကင်းမဲ့နေပြီ ဖြစ်၏။

တစ်နိုင်ငံလုံး lockdown ချမှုစတင်သည့်နေ့တွင် Mara Salvatrucha အမည်ရှိ လူဆိုးဂိုဏ်းကြီးစိုးသော ဒေသ၌ အစိုးရမှ ချမှတ်ထားသည့် အမိန့်ကို လိုက်နာကြရန် လူဆိုးဂိုဏ်းက ဒေသခံများကို သတိပေးခဲ့သည်ဟု ဆိုသည်။

အဆိုပါဒေသတွင် နေထိုင်သော အသက် ၂၅ နှစ်အရွယ်ရှိသော မီဂွဲလ်အမည်ရှိ ယာဉ်မောင်းတစ်ဦးက ပြောကြားရာတွင် “ငါတို့ ဒီနေရာမှာ ဗိုင်းရပ်စ်တွေ မလိုချင်ဘူး…လို့ သူတို့ (လူဆိုးဂိုဏ်း) က ပြောပါတယ်” ဟု ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု များပြားပါက ၎င်းတို့၏လုပ်ငန်းများ ရေရှည်ထိခိုက်နိုင်ခြင်းနှင့် အစိုးရ မလိုလားအပ်သော အာရုံစိုက်မှုများ ရှိလာနိုင်ခြင်းတို့ကို လူဆိုးဂိုဏ်းများက စိုးရိမ်ကြကြောင်း မီဂွဲလ်က ပြောကြားသည်။

လက်ရှိအချိန်တွင်မူ လူဆိုးဂိုဏ်းများသည် ဆုံးရှုံးမှုအချို့ကို လက်ခံနိုင်လာသည့်အသွင် ရှိလာသည်။

ဆန် ဆာဗေဒေါမြို့တော်ရှိ Barrio 18 ဂိုဏ်းထိန်းချုပ်ရာဒေသတွင် quarantine ကာလအတွင်း စီးပွားရေးလုပ်ငန်းငယ်များနှင့် အငှားယာဉ်မောင်းများအနေဖြင့် ဆက်ကြေးပေးရန် ကင်းလွတ်ခွင့်ပေးကြောင်း လူဆိုးဂိုဏ်းတို့က ပြောသည်ဟု ဆိုသည်။

သို့သော် ထိုအခြေအနေသည် မည်မျှခံမည်ကိုကား မသိနိုင်ချေ။

“quarantine ကာလပြီးသွားတာနဲ့ သူတို့ကို ပေးစရာရှိတဲ့ အကြွေးတွေ ပေးရမှာပါပဲ။ quarantine ကာလပြီးသွားရင် လူသတ်မှုတွေ မြင့်တက်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အကြွေးကို လူဆိုးဂိုဏ်းက ခွင့်လွှတ်လိမ့်မှာ မဟုတ်ပါဘူး။ အကြွေးမပေးတဲ့သူမှန်သမျှ ဘယ်သူဖြစ်ဖြစ် သူတို့က သတ်မှာပါ” ဟု ရာဖဲလ်ဟုသာ အမည်ဝှက်ပေးထားသည့် ဆံသဆရာတစ်ဦးက ပြောကြားသည်။

ဤဒေသတစ်လွှားနှင့် လက်တင်အမေရိကတို့တွင် lockdown များ ဆက်လက်ကြာရှည်နေဦးမည်ဆိုပါက လူမှု မငြိမ်သက်မှုများ ပေါ်ပေါက်လာဖွယ်ရှိကြောင်း ရတက်မအေးဖြစ်မှုများ မြင့်တက်လာနေသည်။

လက်တင်အမေရိကတွင် ပြီးခဲ့သောနှစ်အတွင်း ဝင်ငွေမညီမျှမှုနှင့် စပ်လျဉ်းပြီး ဆန္ဒပြမှုများစွာ ပေါ်ပေါက်ခဲ့သည်။

“အယ်လ်ဆာဗေဒေါရဲ့ ယိမ်းယိုင်နေတဲ့ စီးပွားရေးဟာ ပြိုလဲသွားနိုင်ပါတယ်” ဟု San Salvador မှ လုံခြုံရေးဆိုင်ရာ အကဲခတ်ပုဂ္ဂိုလ် ဂျင်းနက်ထ် အဂွီလာက ပြောကြားသည်။

တိုင်းပြည်လူဦးရေ၏ ထက်ဝက်ခန့်မှာ တရားမဝင်စီးပွားရေးနယ်တွင် လုပ်ကိုင်နေကြသူများဖြစ်ပြီး စုဆောင်းထားရှိမှု နည်းပါးလှကြောင်း လည်း သူမက ပြောကြားသည်။

တိုင်းပြည် GDP ၏ ၂၀ ရာခိုင်နှုန်းခန့်ရှိသော နိုင်ငံခြားမှ လွှဲပို့ငွေပမာဏမှာလည်း ကျဆင်းနေကြောင်း သူမက ဆက်လက်ပြောကြားသည်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားကျဆင်းမှုနှင့် တဆက်တည်းပါလာသော အကြမ်းဖက်မှုတို့ကြောင့် အမေရိကန်ပြည်ထောင်စုသို့ အလုံးအရင်း ရွှေ့ပြောင်းနေထိုင်မှုများ ပေါ်ပေါက်လာနိုင်ကြောင်းလည်း ၎င်းကဖြည့်စွက်ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းက ချန်ထားခဲ့မည့် စီးပွားရေးအကျပ်အတည်းနှင့် နောက်ဆက်တွဲ အခင်းအကျင်းတို့က လူထောင်ပေါင်းများစွာကို ၎င်းတို့၏ တိုင်းပြည်များမှ ထွက်ခွာသွားကြစေရန် တွန်းအားဖြစ်လာမည်ဖြစ်ကြောင်း International Crisis Group မှ ဂါွတီမာလာအခြေစိုက် အကဲခတ်ပုဂ္ဂိုလ် တီဇီယာနို ဘရီဒါက သုံးသပ်သည်။

ဂွါတီမာလာတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘတ်စ်ကားလိုင်းများ ရပ်ဆိုင်းခြင်း အပါအဝင် ကန့်သတ်တင်းကြပ်မှုများ ပြုလုပ်လာခဲ့မှုမှာ လူဆိုးဂိုဏ်းများ၏ ဝင်ငွေလမ်းကြောင်း ရပ်တန့်သွားစေကြောင်း ဘရီဒါက ပြောကြားသည်။

အချို့သော ဂိုဏ်းများသည် စီးပွားရေးလုပ်ငန်းနေရာများတွင် ဆက်ကြေးတောင်းခံခြင်း ပြုလုပ်ခဲ့ရာမှ ယခုအခါ နေအိမ်များသို့ သွားရောက် ဆက်ကြေးတောင်းခံခြင်းပုံစံပြောင်းလဲလာသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးထိခိုက်ပြိုလဲမှုများကို ရင်ဆိုင်ရန်အတွက် အိမ်ထောင်စုတစ်စုလျှင် အစိုးရက ကန်ဒေါ်လာ ၁၃၀ နှင့် ညီမျှသည့်ငွေ ထောက်ပံ့ရန် စီစဉ်ထားရာ အဆိုပါငွေကို လူဆိုးဂိုဏ်းများက မျက်စိကျလာမည်ကို စိုးရိမ်ကြောင်း ဘရီဒါက ပြောကြားသည်။

ဒေသတွင်းတွင် ရာဇဝတ်မှုများ ကျဆင်းသွားမှုကို မတွေ့ရသောနိုင်ငံကား မက္ကဆီကို ဖြစ်သည်။

မက္ကဆီကိုတွင် မတ်လအတွင်း လူသတ်မှု ၂၅၈၅ မှုအထိ ဖြစ်ပွားခဲ့ကြောင်း အစိုးရကထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြသည်။

အဆိုပါပမာဏမှာ ပြီးခဲ့သော ၂ နှစ်တာအတွင်း မည်သည့်လနှင့် နှိုင်းယှဉ်သည်ဖြစ်စေ ပိုမိုများပြားသော ပမာဏဖြစ်သည်ဟု ဆိုသည်။

ဧပြီလအတွင်းတွင်လည်း နယ်စပ်ပြည်နယ်တစ်ခုဖြစ်သော ချီဟွားဟွားတွင် ပြိုင်ဖက်မူးယစ်ဆေးဂိုဏ်းများအကြား ပစ်ခတ်မှုဖြစ်ပွားရာ ၁၉ ဦး သေဆုံးခဲ့သည်။

မက္ကဆီကိုတွင် အကြမ်းဖက်မှုများ ကျဆင်းမသွားခြင်း၏ အဓိကအကြောင်းရင်းမှာ ဒေသတွင်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မက္ကဆီကို သမ္မတ အန်းဒရက်စ် မန်ညူရယ် လိုပက်ဇ်သည် ကိုရိုနာဗိုင်းရပ်စ်အရေး ကိုင်တွယ်မှု များစွာနှေးကွေးခဲ့သောကြောင့် ဖြစ်သည်။

ပြီးခဲ့သော သီတင်းပတ်တွင်မှ မရှိမဖြစ် မလိုအပ်သော အလုပ်သမားများကို နေအိမ်တွင်သာ နေထိုင်ရန် လမ်းညွှန်မှု စတင်ပြုလုပ်ခဲ့သည်။

သို့တိုင် မက္ကဆီကိုတွင် ခရီးသွားလာမှုတင်းကြပ်ခြင်းနှင့် ညမထွက်ရအမိန့် ထုတ်ပြန်ခြင်းများ မရှိသေးချေ။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: In El Salvador, gangs are enforcing the coronavirus lockdown with baseball bats ( Los Angeles Times)

 

 

[Zawgyi]

ကိုရိုနာဗိုင္းရပ္စ္ႏွင့္ အေမရိကတိုက္မွ လူဆိုးဂုိဏ္းမ်ား

အယ္လ္ဆာေဗေဒါႏိုင္ငံသည္ ဗဟိုအေမရိကတိုက္တြင္ လူဦးေရ အသိပ္သည္းဆံုး ႏိုင္ငံငယ္ကေလးျဖစ္ျပီး စတုရန္းကီလိုမီတာ ၂၁၀၄၁ (စတုရန္းမိုင္ ၈၁၂၄ ) သာရွိကာ ရန္ကုန္တိုင္း၏ ၂ ဆခန္႔ အက်ယ္အဝန္းမွ်သာရွိသည္။ တစ္မိုင္ပတ္လည္တြင္ ေနထုိင္သူဦးေရ ၇၈၅ ဦးရွိသည္။

ကမၻာ့ေျမပံုတြင္ၾကည့္လွ်င္ ေျမာက္စူးစူးတြင္ မကၠဆီကိုႏွင့္ အေမရိကန္ျပည္ေထာင္စုတို႔ကို ေတြ႔ရမည္ ျဖစ္သည္။

အေရွ ႔ေျမာက္ဘက္တြင္ ဟြန္ဒူးရပ္စ္၊ အေနာက္ေျမာက္ဘက္တြင္ ဂါြတီမာလာႏွင့္ ေတာင္ဘက္တြင္ ပစိဖိတ္သမုဒၵရာတို႔ ဝန္းပတ္ေနသည္။

၂၀၁၈ ခုႏွစ္ သန္းေခါင္စာရင္းအရ လူဦးေရ ၆ ဒသမ ၄၂ သန္းရွိသည္။

၁၈၂၁ ခုႏွစ္ကတည္းက စပိန္ထံမွ လြတ္လပ္ေရးရခဲ့ျပီး ၁၈၄၁ ခုႏွစ္တြင္ ႏိုင္ငံတစ္ခုအျဖစ္ ႏိုင္ငံတကာက အသိအမွတ္ျပဳျခင္းခံခဲ့ရသည္။ …….. အယ္လ္ဆာေဗေဒါတြင္ မၾကာေသးမီက သမိုင္းဝင္စံခ်ိန္တစ္ခုတင္ခဲ့သည္။

ယင္းကား ျပီးခဲ့့ေသာလအတြင္း ၂ ရက္ဆက္တိုက္ လူသတ္မႈမရွိခဲ့ျခင္းပင္ ျဖစ္၏။

ကမၻာေပၚတြင္ လူသတ္မႈအမ်ားဆုံးႏိုင္ငံအျဖစ္ ႏွစ္ေပါင္းမ်ားစြာရပ္တည္ခဲ့သည့္ အယ္လ္ဆာေဗေဒါတြင္ လူသတ္မႈတစ္မႈမွ် မျဖစ္ပြားသည့္ ၄၈ နာရီ ရွိလာျခင္းမွာ ရာဇဝတ္မႈမ်ား ရုတ္တရက္က်ဆင္းသြားျခင္း ျဖစ္သည္ဟုဆိုႏိုင္သည္။

၂၀၂၀ ျပည့္ႏွစ္၊ ေဖေဖာ္ဝါရီလအတြင္းက လူသတ္မႈ ၁၁၄ မႈျဖစ္ခဲ့ရာမွ မတ္လတြင္ ၆၅ မႈသာ ျဖစ္ခဲ့သည္။

ယင္းသို႔ လူသတ္မႈမ်ား က်ဆင္းသြားျခင္းမွာ လူဆိုးဂိုဏ္းမ်ားအၾကား အပစ္အခတ္ ရပ္စဲထားျခင္းေၾကာင့္လည္းမဟုတ္၊ ရဲတပ္ဖြဲ႔က မဟာဗ်ဴဟာ အသစ္ခ်လိုက္ျခင္းေၾကာင့္လည္း မဟုတ္။

ကိုရိုနာဗိုင္းရပ္စ္ပ်ံ ႔ပြားမႈ ေႏွးေကြးေစရန္အတြက္ တစ္ႏိုင္ငံလံုးအတိုင္းအတာ quarantine ခ်လိုက္ျခင္းေၾကာင့္ ျဖစ္ေလသည္။

အယ္လ္ဆာေဗေဒါတြင္ မင္းမူေနသည္မွာ ၾကာျမင့္ခဲ့ျပီျဖစ္ေသာ လမ္းေပၚလူဆိုးဂိုဏ္းမ်ားသည္ ယခင္က ဆက္ေၾကးေတာင္း ျခိမ္းေျခာက္ ေငြညွစ္ျခင္းႏွင့္ လူသတ္ျခင္းတို႔အေပၚ သာ အာရံုထားခဲ့ရာမွ ယခုအခါ အစိုးရကခ်မွတ္ထားသည့္ ေနအိမ္တြင္သာ ေနထိုင္ၾကရန္ ဟူေသာ social distancing ကန္႔သတ္ခ်က္အမိန္႔မ်ားကို ေဒသခံမ်ားလိုက္နာၾကရန္ ဖိအားေပးေရးအေပၚ အာရံုစိုက္လာၾကသည္။

မတ္လ ၂၂ ရက္မွ စတင္ျပီး တစ္ႏိုင္ငံလံုးအတိုင္းအတာ lockdown ခ်မွတ္လိုက္သည္ဟု သမၼတ နာယစ္ ဘူကီလီက အမိန္႔ထုတ္လုိက္ျပီးေနာက္ လူဆိုးဂိုဏ္းမ်ားသည္ လူဆိုးဂိုဏ္းတို႔သည္ ျပည္သူ႔က်န္းမာေရးကို ေစာင့္ေရွာက္သည့္လူဆိုးဂိုဏ္းမ်ားအျဖစ္ ၎တို႔၏ အခန္းက႑ကို ပံုဖမ္းလာသည္။

ႏိုင္ငံတဝန္း ေနရာမ်ားစြာတြင္ အစိုးရအာဏာစက္ထက္ လူဆိုးဂိုဏ္းတို႔၏ အာဏာစက္က ပိုမိုသက္ေရာက္မႈ ရွိသည္။

ဗိုင္းရပ္စ္ကူးစက္ေနသည့္ကာလအတြင္း အစိုးရကထုတ္ျပန္ထားသည့္စည္းမ်ဥ္းမ်ား မလိုက္နာသူမ်ားအား ျခိမ္းေျခာက္ထားသည့္ အသံဖိုင္မ်ားကို စာပို႔ app မ်ားမွတဆင့္ ျဖန္႔ေဝကာ လူဆိုးဂိုဏ္းတို႔က ျခိမ္းေျခာက္ထားသည္။

အသံဖိုင္တစ္ခုတြင္ ေျပာၾကားထားပံုမွာ “လမ္းေပၚမွာ ဘယ္သူ႔ကိုမွ ငါတို႔ မျမင္ခ်င္ဘူး။ ခင္ဗ်ားတို႔ အျပင္ထြက္တာဟာ စတိုးဆိုင္ကို သြားဖို႔ပဲျဖစ္ရမယ္။ mask တပ္ထားရင္ ေကာင္းလိမ့္မယ္” ဟု ေျပာၾကားထား၏။

ထို႔အျပင္ quarantine စည္းမ်ဥ္း မလိုက္နာသူတို႔ကို မ်က္ႏွာဖံုးတပ္ထားသည့္ လူဆိုးဂိုဏ္းသားတို႔က ဝိုင္းဝန္းရိုက္ႏွက္ေနပံုကိုလည္း ဗြီဒီယိုရိုက္ကူးထားျပီး လူဆိုးဂိုဏ္းမ်ားက ျဖန္႔ေဝၾကသည္။

လက္တင္အေမရိကႏွင့္ ကာရစ္ဘီယန္ေဒသမွ အျခားေသာႏိုင္ငံမ်ားတြင္လည္း ေနအိမ္တြင္သာေနထုိင္ရမည့္အမိန႔္မ်ား ထုတ္ျပန္ျပီးေနာက္ပိုင္း လူသတ္မႈမ်ားမွာ က်ဆင္းသြားခဲ့သည္။

ကိုလံဘီယာႏိုင္ငံတြင္လည္း တစ္ႏိုင္ငံလံုး quarantine ခ်မွတ္ထားစဥ္ ေပ်ာက္ၾကားအဖြဲ႔တို႔၏ ေခါင္းေဆာင္တို႔က တစ္လၾကာ အပစ္အခတ္ရပ္ဆိုင္းထားရန္ အမိန္႔ထုတ္ခဲ့ျပီးေနာက္ လူသတ္မႈမ်ား ထက္ဝက္ခန္႔ က်ဆင္းသြားသည္။

ဂါြတီမာလာႏွင့္ ဟြန္ဒူးရပ္စ္ႏိုင္ငံမ်ားတြင္လည္း လူသတ္မႈ ၃ ပံု ၁ ပံုခန္႔ ေလ်ာ့ၾကသြားျပီး အဓိကအေၾကာင္းရင္းမွာ လမ္းေပၚ မထြက္ေတာ့ၾကေသာေၾကာင့္ ျခိမ္းေျခာက္သတ္ျဖတ္ခံရမႈ နည္းပါးသြားျခင္းျဖစ္သည္။

ဆင္းရဲမြဲေတမႈၾကီးစိုးေနျပီး ျပည္သူ႔က်န္းမာေရးက႑တြင္ ရင္းႏွီးျမွဳပ္ႏွံမႈ အားနည္းလွေသာ ေနရာမ်ဳိးတြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ပါက ေၾကာက္မက္ဖြယ္ အေျခအေနဆိုးမည္ျဖစ္သည္။ ထိုသို႔ေသာ ေနရာမ်ဳိးတြင္ လူသတ္မႈမ်ား က်ဆင္းသြားျခင္းမွာ ၾကိဳဆိုရမည့္ သတင္းေကာင္းတစ္ပုဒ္ပင္ ျဖစ္သည္။

ကမၻာ့လူဦးေရ၏ ၈ ရာခိုင္ႏႈန္းသာရွိေသာ္လည္း ကမၻာတဝန္းျဖစ္ပြားေသာ လူသတ္မႈ စုစုေပါင္း၏ ၃ ပံု ၁ ပံုနီးပါးျဖစ္ပြားေနေသာ ဗဟိုအေမရိကေဒသတြင္ လူသတ္မႈမ်ား က်ဆင္းသြားျခင္းမွာ အလြန္ရွားပါးသည့္ အေျခအေနတစ္ခု ျဖစ္သည္။

အယ္လ္ဆာေဗေဒါတြင္ အုပ္စုဖြဲ႔ ရာဇဝတ္မႈမ်ား ၾကီးစိုးေနသည္မွာ ၁၉၉၀ ျပည့္လြန္ကာလမ်ားကတည္းက ျဖစ္သည္။

ထိုကာလက အေမရိကန္ျပည္မွ ျပည္ႏွင္ဒဏ္ေပးခံရသူမ်ားသည္ ၎တို႔ႏွင့္အတူ လူဆိုးဂိုဏ္း ၂ ခု ျပန္လည္ေခၚယူလာရာ Barrio 18 ႏွင့္ Mara Salvatrucha ဟူေသာ ဂိုဏ္း ၂ ခု ျဖစ္သည္။

အယ္လ္ဆာေဗေဒါအစိုးရက ေျပာၾကားရာတြင္ လူဦးေရ ၆ သန္းေက်ာ္သာရွိေသာ ႏိုင္ငံတြင္ လူေပါင္း သန္းဝက္နီးပါးမွာ လူဆိုးဂိုဏ္းမ်ားႏွင့္ ဆက္ႏႊယ္မႈ ရွိေနသည္ဟု ဆိုသည္။

လူဆိုးဂိုဏ္းတို႔၏ ေငြဝင္လမ္းေၾကာင္းမွာ စီးပြားေရးလုပ္ငန္းငယ္မ်ားထံမွ ျခိမ္းေျခာက္ေငြညွစ္ျခင္း၊ ေမွာင္ခုိကုန္ကူးျခင္းႏွင့္ မူးယစ္ေဆး ေရာင္းဝယ္ေဖာက္ကားျခင္းတို႔မွ ျဖစ္သည္။

မၾကာေသးမီႏွစ္မ်ားတြင္မူ အစိုးရက သံမဏိလက္သီးဟုအမည္ေပးထားသည့္ စီမံကိန္းျဖင့္ ရာဇဝတ္ဂိုဏ္းမ်ားကို ရင္ဆိုင္လာ၏။

ရာဇဝတ္ဂိုဏ္းမ်ားၾကီးစိုးထားသည့္ နယ္ေျမမ်ားသို႔ အနက္ေရာင္ေခါင္းစြပ္မ်ားစြပ္ကာ ေအာ္တိုမက္တစ္ေသနတ္မ်ား တပ္ဆင္ေပးထားသည့္ စစ္သည္မ်ား ေစလႊတ္ျခင္းမ်ား ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

၎တို႔၏ မဟာဗ်ဴဟာမွာ အလုပ္ျဖစ္ေၾကာင္း အစိုးရေခါင္းေဆာင္တို႔က ေျပာၾကားျပီး ၂၀၁၅ ခုႏွစ္တြင္လူသတ္မႈမ်ား က်ဆင္းသြားမႈကို ေထာက္ျပခဲ့သည္။

လက္ရွိအခ်ိန္တြင္ကား လူဆိုးဂိုဏ္းမ်ားသည္ ၎တို႔၏ နယ္ေျမထိန္းခ်ဳပ္မႈမ်ား ျပန္လည္ရရွိေနျပီး ေဒသမ်ားစြာတြင္ အစိုးရထက္ပင္ အာဏာျပင္းေနေၾကာင္း လူ႔အခြင့္အေရးအုပ္စုတစ္ခုျဖစ္သည့္ Cristosal မွ စီမံကိန္းဒါရိုက္တာ ဆယ္လီယာ မီဒရာႏိုက ေျပာၾကားသည္။

ယခု quarantine အမိန္႔ခ်မွတ္ထားမႈတြင္ အမ်ားျပည္သူက အမိန႔္လိုက္နာၾကေစရန္ လူဆိုးဂိုဏ္းမ်ားက ဝင္ေရာက္ ဖိအားေပးလုပ္ေဆာင္လာျခင္းမွာ ၎တို႔အေနျဖင့္ နယ္ေျမထိန္းခ်ဳပ္ထားႏိုင္သည့္ၾသဇာရွိေၾကာင္း ျပသျခင္းမွ်သာျဖစ္ေၾကာင္းလည္း မီဒရာႏိုက သံုးသပ္သည္။ အယ္လ္ဆာေဗေဒါ၏ ျမိဳ ႔ေတာ္ ဆန္ ဆယ္ေဗေဒါတြင္ကား ေျခာက္ျခားဖြယ္ လူသူကင္းမဲ့ေနျပီ ျဖစ္၏။

တစ္ႏိုင္ငံလံုး lockdown ခ်မႈစတင္သည့္ေန႔တြင္ Mara Salvatrucha အမည္ရွိ လူဆိုးဂိုဏ္းၾကီးစိုးေသာ ေဒသ၌ အစိုးရမွ ခ်မွတ္ထားသည့္ အမိန္႔ကို လိုက္နာၾကရန္ လူဆိုးဂိုဏ္းက ေဒသခံမ်ားကို သတိေပးခဲ့သည္ဟု ဆိုသည္။

အဆိုပါေဒသတြင္ ေနထိုင္ေသာ အသက္ ၂၅ ႏွစ္အရြယ္ရွိေသာ မီဂြဲလ္အမည္ရွိ ယာဥ္ေမာင္းတစ္ဦးက ေျပာၾကားရာတြင္ “ငါတို႔ ဒီေနရာမွာ ဗိုင္းရပ္စ္ေတြ မလိုခ်င္ဘူး…လို႔ သူတို႔ (လူဆိုးဂိုဏ္း) က ေျပာပါတယ္” ဟု ဆိုသည္။

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ မ်ားျပားပါက ၎တို႔၏လုပ္ငန္းမ်ား ေရရွည္ထိခိုက္ႏိုင္ျခင္းႏွင့္ အစိုးရ မလိုလားအပ္ေသာ အာရံုစိုက္မႈမ်ား ရွိလာႏိုင္ျခင္းတို႔ကို လူဆိုးဂိုဏ္းမ်ားက စိုးရိမ္ၾကေၾကာင္း မီဂြဲလ္က ေျပာၾကားသည္။

လက္ရွိအခ်ိန္တြင္မူ လူဆိုးဂိုဏ္းမ်ားသည္ ဆံုးရံႈးမႈအခ်ဳိ ႔ကို လက္ခံႏိုင္လာသည့္အသြင္ ရွိလာသည္။

ဆန္ ဆာေဗေဒါျမိဳ ႔ေတာ္ရွိ Barrio 18 ဂိုဏ္းထိန္းခ်ဳပ္ရာေဒသတြင္ quarantine ကာလအတြင္း စီးပြားေရးလုပ္ငန္းငယ္မ်ားႏွင့္ အငွားယာဥ္ေမာင္းမ်ားအေနျဖင့္ ဆက္ေၾကးေပးရန္ ကင္းလြတ္ခြင့္ေပးေၾကာင္း လူဆိုးဂိုဏ္းတို႔က ေျပာသည္ဟု ဆိုသည္။

သို႔ေသာ္ ထိုအေျခအေနသည္ မည္မွ်ခံမည္ကိုကား မသိႏိုင္ေခ်။

“quarantine ကာလျပီးသြားတာနဲ႔ သူတို႔ကို ေပးစရာရွိတဲ့ အေၾကြးေတြ ေပးရမွာပါပဲ။ quarantine ကာလျပီးသြားရင္ လူသတ္မႈေတြ ျမင့္တက္လာလိမ့္မယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အေၾကြးကို လူဆိုးဂိုဏ္းက ခြင့္လႊတ္လိမ့္မွာ မဟုတ္ပါဘူး။ အေၾကြးမေပးတဲ့သူမွန္သမွ် ဘယ္သူျဖစ္ျဖစ္ သူတို႔က သတ္မွာပါ” ဟု ရာဖဲလ္ဟုသာ အမည္ဝွက္ေပးထားသည့္ ဆံသဆရာတစ္ဦးက ေျပာၾကားသည္။

ဤေဒသတစ္လႊားႏွင့္ လက္တင္အေမရိကတို႔တြင္ lockdown မ်ား ဆက္လက္ၾကာရွည္ေနဦးမည္ဆိုပါက လူမႈ မျငိမ္သက္မႈမ်ား ေပၚေပါက္လာဖြယ္ရွိေၾကာင္း ရတက္မေအးျဖစ္မႈမ်ား ျမင့္တက္လာေနသည္။

လက္တင္အေမရိကတြင္ ျပီးခဲ့ေသာႏွစ္အတြင္း ဝင္ေငြမညီမွ်မႈႏွင့္ စပ္လ်ဥ္းျပီး ဆႏၵျပမႈမ်ားစြာ ေပၚေပါက္ခဲ့သည္။

“အယ္လ္ဆာေဗေဒါရဲ ႔ ယိမ္းယိုင္ေနတဲ့ စီးပြားေရးဟာ ျပိဳလဲသြားႏိုင္ပါတယ္” ဟု San Salvador မွ လံုျခံဳေရးဆိုင္ရာ အကဲခတ္ပုဂၢိဳလ္ ဂ်င္းနက္ထ္ အဂီြလာက ေျပာၾကားသည္။

တိုင္းျပည္လူဦးေရ၏ ထက္ဝက္ခန္႔မွာ တရားမဝင္စီးပြားေရးနယ္တြင္ လုပ္ကိုင္ေနၾကသူမ်ားျဖစ္ျပီး စုေဆာင္းထားရွိမႈ နည္းပါးလွေၾကာင္း လည္း သူမက ေျပာၾကားသည္။

တိုင္းျပည္ GDP ၏ ၂၀ ရာခိုင္ႏႈန္းခန္႔ရွိေသာ ႏိုင္ငံျခားမွ လႊဲပို႔ေငြပမာဏမွာလည္း က်ဆင္းေနေၾကာင္း သူမက ဆက္လက္ေျပာၾကားသည္။

ကမၻာလံုးဆိုင္ရာ စီးပြားက်ဆင္းမႈႏွင့္ တဆက္တည္းပါလာေသာ အၾကမ္းဖက္မႈတို႔ေၾကာင့္ အေမရိကန္ျပည္ေထာင္စုသို႔ အလံုးအရင္း ေရႊ ႔ေျပာင္းေနထိုင္မႈမ်ား ေပၚေပါက္လာႏိုင္ေၾကာင္းလည္း ၎ကျဖည့္စြက္ေျပာၾကားသည္။

ကိုရိုနာဗိုင္းရပ္စ္အက်ပ္အတည္းက ခ်န္ထားခဲ့မည့္ စီးပြားေရးအက်ပ္အတည္းႏွင့္ ေနာက္ဆက္တြဲ အခင္းအက်င္းတို႔က လူေထာင္ေပါင္းမ်ားစြာကို ၎တို႔၏ တိုင္းျပည္မ်ားမွ ထြက္ခြာသြားၾကေစရန္ တြန္းအားျဖစ္လာမည္ျဖစ္ေၾကာင္း International Crisis Group မွ ဂါြတီမာလာအေျခစိုက္ အကဲခတ္ပုဂၢိဳလ္ တီဇီယာႏို ဘရီဒါက သံုးသပ္သည္။

ဂြါတီမာလာတြင္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ဘတ္စ္ကားလိုင္းမ်ား ရပ္ဆိုင္းျခင္း အပါအဝင္ ကန္႔သတ္တင္းၾကပ္မႈမ်ား ျပဳလုပ္လာခဲ့မႈမွာ လူဆိုးဂိုဏ္းမ်ား၏ ဝင္ေငြလမ္းေၾကာင္း ရပ္တန္႔သြားေစေၾကာင္း ဘရီဒါက ေျပာၾကားသည္။

အခ်ဳိ ႔ေသာ ဂိုဏ္းမ်ားသည္ စီးပြားေရးလုပ္ငန္းေနရာမ်ားတြင္ ဆက္ေၾကးေတာင္းခံျခင္း ျပဳလုပ္ခဲ့ရာမွ ယခုအခါ ေနအိမ္မ်ားသို႔ သြားေရာက္ ဆက္ေၾကးေတာင္းခံျခင္းပံုစံေျပာင္းလဲလာသည္။

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ စီးပြားေရးထိခုိက္ျပိဳလဲမႈမ်ားကို ရင္ဆိုင္ရန္အတြက္ အိမ္ေထာင္စုတစ္စုလွ်င္ အစိုးရက ကန္ေဒၚလာ ၁၃၀ ႏွင့္ ညီမွ်သည့္ေငြ ေထာက္ပံ့ရန္ စီစဥ္ထားရာ အဆိုပါေငြကို လူဆိုးဂိုဏ္းမ်ားက မ်က္စိက်လာမည္ကို စိုးရိမ္ေၾကာင္း ဘရီဒါက ေျပာၾကားသည္။

ေဒသတြင္းတြင္ ရာဇဝတ္မႈမ်ား က်ဆင္းသြားမႈကို မေတြ႔ရေသာႏိုင္ငံကား မကၠဆီကို ျဖစ္သည္။

မကၠဆီကိုတြင္ မတ္လအတြင္း လူသတ္မႈ ၂၅၈၅ မႈအထိ ျဖစ္ပြားခဲ့ေၾကာင္း အစိုးရကထုတ္ျပန္သည့္ အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

အဆိုပါပမာဏမွာ ျပီးခဲ့ေသာ ၂ ႏွစ္တာအတြင္း မည္သည့္လႏွင့္ ႏႈိင္းယွဥ္သည္ျဖစ္ေစ ပိုမိုမ်ားျပားေသာ ပမာဏျဖစ္သည္ဟု ဆိုသည္။

ဧျပီလအတြင္းတြင္လည္း နယ္စပ္ျပည္နယ္တစ္ခုျဖစ္ေသာ ခ်ီဟြားဟြားတြင္ ျပိဳင္ဖက္မူးယစ္ေဆးဂိုဏ္းမ်ားအၾကား ပစ္ခတ္မႈျဖစ္ပြားရာ ၁၉ ဦး ေသဆံုးခဲ့သည္။

မကၠဆီကိုတြင္ အၾကမ္းဖက္မႈမ်ား က်ဆင္းမသြားျခင္း၏ အဓိကအေၾကာင္းရင္းမွာ ေဒသတြင္း အျခားႏိုင္ငံမ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ မကၠဆီကို သမၼတ အန္းဒရက္စ္ မန္ညဴရယ္ လိုပက္ဇ္သည္ ကိုရိုနာဗိုင္းရပ္စ္အေရး ကိုင္တြယ္မႈ မ်ားစြာေႏွးေကြးခဲ့ေသာေၾကာင့္ ျဖစ္သည္။

ျပီးခဲ့ေသာ သီတင္းပတ္တြင္မွ မရွိမျဖစ္ မလိုအပ္ေသာ အလုပ္သမားမ်ားကို ေနအိမ္တြင္သာ ေနထိုင္ရန္ လမ္းညႊန္မႈ စတင္ျပဳလုပ္ခဲ့သည္။

သို႔တိုင္ မကၠဆီကိုတြင္ ခရီးသြားလာမႈတင္းၾကပ္ျခင္းႏွင့္ ညမထြက္ရအမိန္႔ ထုတ္ျပန္ျခင္းမ်ား မရွိေသးေခ်။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: In El Salvador, gangs are enforcing the coronavirus lockdown with baseball bats ( Los Angeles Times)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service