ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
[Unicode]
ဘဏ်များက မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ကို အပ်ငွေ၏ ၅ ရာခိုင်နှုန်းအစား ၃ ဒသမ ၅ ရာခိုင်နှုန်းသို့ လျော့ချလိုက်ကြောင်း ဗဟိုဘဏ်က ဧပြီ ၉ ရက်တွင် ထုတ်ပြန်သည်။
COVID-19 နှင့် ပတ်သတ်၍ ဖြစ်ပေါ်နေသည့် အကျိုးဆက်အရ ပြည်တွင်းဘဏ်များ ငွေကြေးလွယ်ကူမူကို အထောက်အကူပြုစေရန်အတွက် ကျပ်ငွေဖြင့်ထားရမည့် အနည်းဆုံးငွေကြေးကို အပ်ငွေ၏ ၃ ဒသမ ၅ ရာခိုင်နှုန်းဟု ပြင်ဆင်လိုက်ခြင်းဖြစ်သည်။
ထိုသို့လျော့ချပေးခြင်းသည် ၂၀၂၀ စက်တင်ဘာလ ၃၀ ရက်အထိဖြစ်ပြီး ထိုထက်လျော့နည်းပါက ဘဏ်များသည့် ဒဏ်ကြေးပေးဆောင်ရမည်ဟု ဗဟိုဘဏ်က ထုတ်ပြန်သည်။
၂၀၁၅ ဖေဖော်ဝါရီလတွင် ဘဏ်များက ကျပ်ငွေဖြင့်ထားရှိရမည် အနည်းဆုံး သီးသန့်ငွေလိုအပ်ချက်ကို ၅ ရာခိုင်နှုန်းထားရမည်ဟု ဗဟိုဘဏ်က သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ဘဏ်များက မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ဆိုသည်မှာ ဗဟိုဘဏ်က ငွေကြေးစနစ်တည်ငြိမ်စေရန် စီးပွားရေးအရ လည်ပတ်နေသည့် ဘဏ်များကို အပ်ငွေပမာဏအလိုက်ရာခိုင်နှုန်းသတ်မှတ်၍ ထိန်းသိမ်းထားခြင်းကို ဆိုလိုသည်၊
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ဗဟိုဘဏ္က ျပည္တြင္းဘဏ္မ်ားကို က်ပ္ေငြ အနည္းဆုံးထားရမည့္ ပမာဏေလ်ာ့ခ်ေပး
ဘဏ္မ်ားက ျမန္မာက်ပ္ေငြျဖင့္ ထားရွိရမည့္ အနည္းဆုံးသီးသန႔္ေငြလိုအပ္ခ်က္ကို အပ္ေငြ၏ ၅ ရာခိုင္ႏႈန္းအစား ၃ ဒသမ ၅ ရာခိုင္ႏႈန္းသို႔ ေလ်ာ့ခ်လိုက္ေၾကာင္း ဗဟိုဘဏ္က ဧၿပီ ၉ ရက္တြင္ ထုတ္ျပန္သည္။
COVID-19 ႏွင့္ ပတ္သတ္၍ ျဖစ္ေပၚေနသည့္ အက်ိဳးဆက္အရ ျပည္တြင္းဘဏ္မ်ား ေငြေၾကးလြယ္ကူမူကို အေထာက္အကူျပဳေစရန္အတြက္ က်ပ္ေငြျဖင့္ထားရမည့္ အနည္းဆုံးေငြေၾကးကို အပ္ေငြ၏ ၃ ဒသမ ၅ ရာခိုင္ႏႈန္းဟု ျပင္ဆင္လိုက္ျခင္းျဖစ္သည္။
ထိုသို႔ေလ်ာ့ခ်ေပးျခင္းသည္ ၂၀၂၀ စက္တင္ဘာလ ၃၀ ရက္အထိျဖစ္ၿပီး ထိုထက္ေလ်ာ့နည္းပါက ဘဏ္မ်ားသည့္ ဒဏ္ေၾကးေပးေဆာင္ရမည္ဟု ဗဟိုဘဏ္က ထုတ္ျပန္သည္။
၂၀၁၅ ေဖေဖာ္ဝါရီလတြင္ ဘဏ္မ်ားက က်ပ္ေငြျဖင့္ထားရွိရမည္ အနည္းဆုံး သီးသန႔္ေငြလိုအပ္ခ်က္ကို ၅ ရာခိုင္ႏႈန္းထားရမည္ဟု ဗဟိုဘဏ္က သတ္မွတ္ခဲ့ျခင္းျဖစ္သည္။
ဘဏ္မ်ားက ျမန္မာက်ပ္ေငြျဖင့္ထားရွိရမည့္ အနည္းဆုံးသီးသန႔္ေငြလိုအပ္ခ်က္ဆိုသည္မွာ ဗဟိုဘဏ္က ေငြေၾကးစနစ္တည္ၿငိမ္ေစရန္ စီးပြားေရးအရ လည္ပတ္ေနသည့္ ဘဏ္မ်ားကို အပ္ေငြပမာဏအလိုက္ရာခိုင္ႏႈန္းသတ္မွတ္၍ ထိန္းသိမ္းထားျခင္းကို ဆိုလိုသည္၊
စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com