အထည်ချုပ်ကဏ္ဍက အလုပ်လက်မဲ့ လုပ်သားများအတွက် အီးယူက သုံးလစာထောက်ပံ့ရန် ကျပ် ၈ ဘီလီယံ မတည်

အထည်ချုပ်ကဏ္ဍက အလုပ်လက်မဲ့ လုပ်သားများအတွက် အီးယူက သုံးလစာထောက်ပံ့ရန် ကျပ် ၈ ဘီလီယံ မတည် - Property News in Myanmar from iMyanmarHouse.com
10 Apr 2020 10:34 am တွင် တင်ခဲ့သည်
1142 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဥရောပသမဂ္ဂ(အီးယူ)က အလုပ်လက်မဲ့ဖြစ်သွားသည့် အထည်ချုပ်လုပ်သားများအတွက် သုံးလစာငွေကြေးထောက်ပံ့ရန် ယူရိုငွေ ၅ သန်း(ကျပ် ၈ဘီလီယံခန့်)ကို မတည်လိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ် မစ္စတာ Kristian Schmid က‌ပြောသည်။

မြန်ကူ (MyanKu) ဟု အမည်ပေးထားသည့် ထိုအစီအစဉ်တွင် အလုပ်သမားများကို တလလျှင် ကျပ် ၇၅၀၀၀ မှ ကျပ် ၁၂၅၀၀၀ အထိထောက်ပံ့သွားမည်ဟုသံအမတ်ကဆိုသည်။

ထောက်ပံ့ငွေကို မေလ ၁ ရက်တွင် စတင်ပြီး ဇူလှိုင်လအထိ ပေးအပ်သွားမည်ဟုဆိုသည်။ အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမားများအတွက် တစ်လကျပ် ၇၅၀၀၀နှင့် ပုံမှန်မဟုတ်ဘဲ အလုပ်နားခံရသည့် အလုပ်သမားများအတွက် ကျပ် ၁၂၅၀၀၀ကို ထောက်ပံ့မည်ဟုဆိုသည်။

ထောက်ပံ့ရာတွင် အလုပ်သမား၏ လက်ကိုင်ဖုန်းကို Wavemoney ဖြင့်တိုက်ရိုက်ထောက်ပံ့သွားမည်ဟု သံအမတ်ကဆိုသည်။

“အခုလို စက်ရုံတွေ ပိတ်သိမ်းတာအပြင် ထောင်သောင်းချီတဲ့၊ ငယ်ရွယ်တဲ့ အမျိုးသမီး အထည်ချုပ်လုပ်သားတွေ အလုပ်လက်မဲ့ ဖြစ်သွားကြတာကို မျက်ဝါးထင်ထင် မြင်တွေ့ရတဲ့အတွက်လည်း အင်မတန် ဝမ်းနည်းမိပါတယ်။ ဒီလို ထိခိုက်နစ်နာခဲ့ရတဲ့ အမျိုးသမီးတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ပံ့ပိုးကူညီနိုင်ဖို့လည်း ချက်ချင်းဆောင်ရွက်ဖို့လိုပါတယ်။” ဟု သံအမတ်ကဆိုသည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်ကဏ္ဍတွင် အလုပ်လက်မဲ့ဖြစ်သူ ၂၅,၀၀၀ကျော်ရှိသည်ဟု သံအမတ်ကဆိုသည်။

အထည်ချုပ်ကဏ္ဍတွင် ပိတ်သိမ်းသွားသည့် စက်ရုံ ၈၁ ရုံရှိပြီး တနိုင်ငံလုံးတွင် ကဏ္ဍပေါင်းစုံမှ အလုပ်လက်မဲ့ဖြစ်သူ ၅၈,၀၀၀ကျော်ရှိသည်ဟုမြန်မာ့နိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

အလုပ်လက်မဲ့ အလုပ်သမားများသည် ထောက်ပံ့ကြေးရရန် အလုပ်သမားအဖွဲ့အစည်းများ ဆက်သွယ်ရန်လိုကြောင်း နှင့် မိုဘိုင်းဖုန်းများတွင် wave money အကောင့်များဖွင့်လှစ်ထားရန် လိုအပ်သည်ဟု တိုက်တွန်းထားသည်။

အလုပ်သမားအသင်းအဖွဲ့များတွင် ရပ်နားသွားသည့် အလုပ်သမားစာရင်းများရှိသည်မှန်သော်လည်း အလုပ်သမားဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့်သာဆောင်ရွက်သင့်သည်ဟု မြန်မာနိုင်ငံစက်မူလက်မူနှင့် ဝန်ဆောင်မူလုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးသက်နှင်းအောင်က ဆိုသည်။

ထိုအစီအစဉ်အတွက် ဥရောပသမဂ္ဂက မြန်ကူ(Myan Ku) စီမံကိန်းအမည်ဖြင့်ဆောင်ရွက်ခြင်းဖြစ်ပြီး ထိုရန်ပုံငွေကို United Nations Office for Project Services (UNOPS) မှ စီမံခန့်ခွဲသည့် လူသားချင်းစာနာမှုဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု Peace Nexus Response Mechanism (NRM) မှ တဆင့် ရယူခြင်းဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

အထည္ခ်ဳပ္က႑က အလုပ္လက္မဲ့ လုပ္သားမ်ားအတြက္ အီးယူက သုံးလစာေထာက္ပံ့ရန္ က်ပ္ ၈ ဘီလီယံ မတည္

ဥေရာပသမဂၢ(အီးယူ)က အလုပ္လက္မဲ့ျဖစ္သြားသည့္ အထည္ခ်ဳပ္လုပ္သားမ်ားအတြက္ သုံးလစာေငြေၾကးေထာက္ပံ့ရန္ ယူ႐ိုေငြ ၅ သန္း(က်ပ္ ၈ဘီလီယံခန႔္)ကို မတည္လိုက္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ဥေရာပသမဂၢသံအမတ္ မစၥတာ Kristian Schmid က‌ေျပာသည္။

ျမန္ကူ (MyanKu) ဟု အမည္ေပးထားသည့္ ထိုအစီအစဥ္တြင္ အလုပ္သမားမ်ားကို တလလွ်င္ က်ပ္ ၇၅၀၀၀ မွ က်ပ္ ၁၂၅၀၀၀ အထိေထာက္ပံ့သြားမည္ဟုသံအမတ္ကဆိုသည္။

ေထာက္ပံ့ေငြကို ေမလ ၁ ရက္တြင္ စတင္ၿပီး ဇူလႈိင္လအထိ ေပးအပ္သြားမည္ဟုဆိုသည္။ အလုပ္လက္မဲ့ျဖစ္သြားသည့္ အလုပ္သမားမ်ားအတြက္ တစ္လက်ပ္ ၇၅၀၀၀ႏွင့္ ပုံမွန္မဟုတ္ဘဲ အလုပ္နားခံရသည့္ အလုပ္သမားမ်ားအတြက္ က်ပ္ ၁၂၅၀၀၀ကို ေထာက္ပံ့မည္ဟုဆိုသည္။

ေထာက္ပံ့ရာတြင္ အလုပ္သမား၏ လက္ကိုင္ဖုန္းကို Wavemoney ျဖင့္တိုက္႐ိုက္ေထာက္ပံ့သြားမည္ဟု သံအမတ္ကဆိုသည္။

“အခုလို စက္႐ုံေတြ ပိတ္သိမ္းတာအျပင္ ေထာင္ေသာင္းခ်ီတဲ့၊ ငယ္႐ြယ္တဲ့ အမ်ိဳးသမီး အထည္ခ်ဳပ္လုပ္သားေတြ အလုပ္လက္မဲ့ ျဖစ္သြားၾကတာကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕ရတဲ့အတြက္လည္း အင္မတန္ ဝမ္းနည္းမိပါတယ္။ ဒီလို ထိခိုက္နစ္နာခဲ့ရတဲ့ အမ်ိဳးသမီးေတြနဲ႔ သူတို႔ရဲ႕ မိသားစုေတြကို ပံ့ပိုးကူညီႏိုင္ဖို႔လည္း ခ်က္ခ်င္းေဆာင္႐ြက္ဖို႔လိုပါတယ္။” ဟု သံအမတ္ကဆိုသည္။

ျမန္မာႏိုင္ငံတြင္ အထည္ခ်ဳပ္က႑တြင္ အလုပ္လက္မဲ့ျဖစ္သူ ၂၅,၀၀၀ေက်ာ္ရွိသည္ဟု သံအမတ္ကဆိုသည္။

အထည္ခ်ဳပ္က႑တြင္ ပိတ္သိမ္းသြားသည့္ စက္႐ုံ ၈၁ ႐ုံရွိၿပီး တႏိုင္ငံလုံးတြင္ က႑ေပါင္းစုံမွ အလုပ္လက္မဲ့ျဖစ္သူ ၅၈,၀၀၀ေက်ာ္ရွိသည္ဟုျမန္မာ့ႏိုင္ငံအထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္း အေထြေထြအတြင္း အတြင္းေရးမႉး ေဒၚခိုင္ခိုင္ႏြယ္က ေျပာသည္။

အလုပ္လက္မဲ့ အလုပ္သမားမ်ားသည္ ေထာက္ပံ့ေၾကးရရန္ အလုပ္သမားအဖြဲ႕အစည္းမ်ား ဆက္သြယ္ရန္လိုေၾကာင္း ႏွင့္ မိုဘိုင္းဖုန္းမ်ားတြင္ wave money အေကာင့္မ်ားဖြင့္လွစ္ထားရန္ လိုအပ္သည္ဟု တိုက္တြန္းထားသည္။

အလုပ္သမားအသင္းအဖြဲ႕မ်ားတြင္ ရပ္နားသြားသည့္ အလုပ္သမားစာရင္းမ်ားရွိသည္မွန္ေသာ္လည္း အလုပ္သမားဝန္ႀကီးဌာန၏ ႀကီးၾကပ္မႈျဖင့္သာေဆာင္႐ြက္သင့္သည္ဟု ျမန္မာႏိုင္ငံစက္မူလက္မူႏွင့္ ဝန္ေဆာင္မူလုပ္ငန္းေပါင္းစုံ အလုပ္သမား သမဂၢမ်ားအဖြဲ႕ခ်ဳပ္၊ အေထြေထြအတြင္းေရးမႉး ဦးသက္ႏွင္းေအာင္က ဆိုသည္။

ထိုအစီအစဥ္အတြက္ ဥေရာပသမဂၢက ျမန္ကူ(Myan Ku) စီမံကိန္းအမည္ျဖင့္ေဆာင္႐ြက္ျခင္းျဖစ္ၿပီး ထိုရန္ပုံေငြကို United Nations Office for Project Services (UNOPS) မွ စီမံခန႔္ခြဲသည့္ လူသားခ်င္းစာနာမႈဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္မႈ Peace Nexus Response Mechanism (NRM) မွ တဆင့္ ရယူျခင္းျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service