ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
သင်္ကြန် ရုံးပိတ်ရက်မှာ YRTA ယာဉ်လိုင်းတွေထဲက ဘယ်လိုင်းတွေ ပြေးဆွဲပေးမယ်ဆိုတာကို ပြောလို့မရသေးဘူးလို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။
ဒါ့အပြင် လက်ရှိကာလမှာ ခရီးသွားပြည်သူတွ အရေအတွက်က တစ်နေ့နဲ့ တစ်နေ့ မတူပဲ ပြောင်းလဲနေတဲ့အတွက် တွေ့ရှိချက်အခြေအနေပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမယ်လို့လည်း ဆိုပါတယ်။
အခုပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကလည်း စိုက်ထုတ်ပြေးဆွဲပေးနေပြီး ၊ ပြည်သူကို ဝန်ဆောင်မှုပေးထားတာလို့လည်း ဦးလှအောင်က ပြောပါတယ်။
Power 11 ကုမ္မဏီတည်ထောင်သူ တရုတ်လေးကတော့ သင်္ကြန်ကာလအတွင်း ပြည်သူတွေအနေနဲ့ စီးနင်းသွားလာဖို့ ရှိရင် ပြေးဆွဲပေးဖို့ ရှိနေတယ်လို့လည်း ဆိုပါတယ်။
လက်ရှိ နိုင်ငံတော်ရဲ့ ထုတ်ပြန်ချက်နဲ့အညီ ပြည်သူလူထုရဲ့ သွားလာမှုအနေအထားပေါ် မူတည်ပြီးတော့ အတက်နိုင်ဆုံးစီမံ ပြေးဆွဲဖို့ လျာထားဆောင်ရွက်သွားမယ်လို့လည်း ဦးလှအောင်က ပြောပါတယ်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
YRTA လိုင်းတွေအားလုံး ပိတ်ရက်မှာ ပြေးဆွဲမှာလား