ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Unicode Version ###
အမေရိကန်အစိုးရက မြန်မာနိုင်ငံရှိ ၎င်းတို့၏ နိုင်ငံသားများ ၂၆၇ ဦးကို အထူးလေယာဥ်ဖြင့် လာရောက်ဆောင်သွားကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်သည်။
တစ်ကြိမ်တစ်ခါမျှ ကြုံတွေ့ဖူး ခြင်းမရှိသော ခက်ခဲသည့်ကာလအ တွင်း နေရပ်ပြန်သူ အမေရိကန်နိုင်ငံ သားများနှင့် အမေရိကန်ပြည်ထောင်စု တွင်နေထိုင်သူ ၂၆၇ ဦးကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အကူအညီ ပေးခဲ့သည်ဟု ထုတ်ပြန်သည်။
ကမ္ဘာပေါ်တွင် COVID-19 ကူးစက်ခံသူ အများဆုံးသည် အမေရိကန်နိုင်ငံဖြစ်နေပြီး လက်ရှိ ဧပြီ ၆ရက်အထိ ကူးစက်သူ ၃၆၀၀၀၀ကျော်နှင့် သေဆုံးသူ ၁၀၀၀၀ကျော်ရှိသည်။
မြန်မာနိုင်ငံတွင် ကူးစက်သူ ၂၂ယောက်နှင့် သေဆုံးသူတစ်ယောက်ရှိသည်။
နေရပ်ပြန်သူများ၏ လေယာဉ်ခရီးစဉ် အဆင်ပြေချောမွေ့ စေရန် အကူအညီပေးအပ်သည့် မြန်မာအာဏာပိုင်များကိုလည်း ကျေးဇူးအထူးတင်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် အမေရိကန်သံရုံး ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသားများအတွက် COVID-19 ရောဂါတိုက်ဖျက်ရေး လုပ်ငန်း များကို ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန၊ ရပ်ရွာလူမှု အဖွဲ့အစည်းများနှင့်အတူ သံရုံး က အနီးကပ်လက်တွဲဆောင်ရွက် နေသည်ဟု ဆိုသည်။
ရေနှင့် ကျန်းမာသန့်ရှင်းရေး အထောက်အပံ့ ပစ္စည်းများ၊ COVID-19 ရောဂါကူးစက်မှုစီမံခန့်ခွဲရေး၊ စောင့်ကြပ်ကြည့်ရှုရေး အပါအဝင် ရောဂါတုံ့ပြန်တိုက် ဖျက်ရေးအတွက် ဒေါ်လာ ၃ ဒသမ ၈ သန်းအကူအညီပေးရန် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID)က ကတိကဝတ်ပြုထားသည်ဟုလည်း ထုတ်ပြန် ချက်တွင် ပါရှိသည်။
ရှေ့တန်းမှ ဆောင်ရွက်နေ သည့် ကျန်းမာရေးဝန်ထမ်းများ အတွက်လည်း နည်းပညာအကူအညီများကို အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်တား ဆီးရေးဗဟိုဌာန (CDC)က ဆက် လက်ပေးအပ်နေကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ျပည္တြင္းရွိ အေမရိကန္မ်ားကို အထူးေလယာဥ္ျဖင့္ျပန္ေခၚ
အေမရိကန္အစိုးရက ျမန္မာႏိုင္ငံရွိ ၎တို႔၏ ႏိုင္ငံသားမ်ား ၂၆၇ ဦးကို အထူးေလယာဥ္ျဖင့္ လာေရာက္ေဆာင္သြားေၾကာင္း အေမရိကန္သံ႐ုံးက ထုတ္ျပန္သည္။
တစ္ႀကိမ္တစ္ခါမွ် ႀကဳံေတြ႕ဖူး ျခင္းမရွိေသာ ခက္ခဲသည့္ကာလအ တြင္း ေနရပ္ျပန္သူ အေမရိကန္ႏိုင္ငံ သားမ်ားႏွင့္ အေမရိကန္ျပည္ေထာင္စု တြင္ေနထိုင္သူ ၂၆၇ ဦးကို ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံးက အကူအညီ ေပးခဲ့သည္ဟု ထုတ္ျပန္သည္။
ကမာၻေပၚတြင္ COVID-19 ကူးစက္ခံသူ အမ်ားဆုံးသည္ အေမရိကန္ႏိုင္ငံျဖစ္ေနၿပီး လက္ရွိ ဧၿပီ ၆ရက္အထိ ကူးစက္သူ ၃၆၀၀၀၀ေက်ာ္ႏွင့္ ေသဆုံးသူ ၁၀၀၀၀ေက်ာ္ရွိသည္။
ျမန္မာႏိုင္ငံတြင္ ကူးစက္သူ ၂၂ေယာက္ႏွင့္ ေသဆုံးသူတစ္ေယာက္ရွိသည္။
ေနရပ္ျပန္သူမ်ား၏ ေလယာဥ္ခရီးစဥ္ အဆင္ေျပေခ်ာေမြ႕ ေစရန္ အကူအညီေပးအပ္သည့္ ျမန္မာအာဏာပိုင္မ်ားကိုလည္း ေက်းဇူးအထူးတင္ေၾကာင္း ေဖာ္ျပထားသည္။
ထို႔အျပင္ အေမရိကန္သံ႐ုံး ထုတ္ျပန္ခ်က္တြင္ ျမန္မာႏိုင္ငံသားမ်ားအတြက္ COVID-19 ေရာဂါတိုက္ဖ်က္ေရး လုပ္ငန္း မ်ားကို က်န္းမာေရးႏွင့္ အား ကစားဝန္ႀကီးဌာန၊ ရပ္႐ြာလူမႈ အဖြဲ႕အစည္းမ်ားႏွင့္အတူ သံ႐ုံး က အနီးကပ္လက္တြဲေဆာင္႐ြက္ ေနသည္ဟု ဆိုသည္။
ေရႏွင့္ က်န္းမာသန႔္ရွင္းေရး အေထာက္အပံ့ ပစၥည္းမ်ား၊ COVID-19 ေရာဂါကူးစက္မႈစီမံခန႔္ခြဲေရး၊ ေစာင့္ၾကပ္ၾကည့္ရႈေရး အပါအဝင္ ေရာဂါတုံ႔ျပန္တိုက္ ဖ်က္ေရးအတြက္ ေဒၚလာ ၃ ဒသမ ၈ သန္းအကူအညီေပးရန္ အေမရိကန္ ႏိုင္ငံတကာ ဖြံ႕ၿဖိဳးေရးေအဂ်င္စီ (USAID)က ကတိကဝတ္ျပဳထားသည္ဟုလည္း ထုတ္ျပန္ ခ်က္တြင္ ပါရွိသည္။
ေရွ႕တန္းမွ ေဆာင္႐ြက္ေန သည့္ က်န္းမာေရးဝန္ထမ္းမ်ားအတြက္လည္း နည္းပညာအကူအညီမ်ားကို အေမရိကန္ေရာဂါ ထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္တား ဆီးေရးဗဟိုဌာန (CDC)က ဆက္ လက္ေပးအပ္ေနေၾကာင္း ထုတ္ ျပန္ခ်က္တြင္ ေဖာ္ျပသည္။
ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။
iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။
စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com