ဗြိတိန်တွင် lockdown ချမှတ်ထားစဉ်ကာလအတွင်း အိမ်တွင်းအကြမ်းဖက်နှိပ်စက်မှုများ ၃၀ ရာခိုင်နှုန်းအထိမြင့်တက်လာပြီး ပြီးခဲ့သော ၅ ရက်အတွင်း လူ ၁၂ ဦး သေဆုံး

ဗြိတိန်တွင် lockdown ချမှတ်ထားစဉ်ကာလအတွင်း အိမ်တွင်းအကြမ်းဖက်နှိပ်စက်မှုများ ၃၀ ရာခိုင်နှုန်းအထိမြင့်တက်လာပြီး ပြီးခဲ့သော ၅ ရက်အတွင်း လူ ၁၂ ဦး သေဆုံး - Property News in Myanmar from iMyanmarHouse.com
6 Apr 2020 12:39 pm တွင် တင်ခဲ့သည်
869 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ဗြိတိန်တွင် lockdown ချမှတ်ထားစဉ်ကာလအတွင်း ရိုက်နှက်နှိပ်စက်တတ်သူတို့နှင့် အတူနေထိုင်ရသူများ နှိပ်စက်ခံရမှုမှာ ၃၀ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း Dailymail သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ညှင်းပန်းနှိပ်စက်သူများအရေး မဟာမင်းကြီး Dame Vera Baird က နှိပ်စက်ခံရသူများကို ကူညီရန်အတွက် ရန်ပုံငွေအပိုတစ်ရပ် ရှာဖွေပေးရန်၊ covid-19 နှင့်အတူ အခြားသော ကပ်ကြီးအသွင်ဖြစ်လာနေမှုကို ကိုင်တွယ်နိုင်ရေးအတွက် မဟာဗျူဟာတစ်ရပ် ချမှတ်ပေးရန် အစိုးရကို တောင်းဆိုလိုက်သည်။ ဗြိတိန်နိုင်ငံတစ်ဝန်းတွင် ပြီးခဲ့သော ၅ ရက်အတွင်း ညှင်းပန်းနှိပ်စက်ခံရကာ ၁၂ ဦးအထိ သေဆုံးခဲ့သည်။

အိုင်ယာလန်မြောက်ပိုင်း၊ Antrim ခရိုင်တွင် အသက် ၃၂ နှစ်အရွယ်ရှိ ဂရန်ဆန် အလန် ဂျင်းဂျက်ဆိုသူသည် lockdown ကာလအတွင်း နေအိမ်တွင် အတူနေထိုင်လျက်ရှိသည့် အသက် ၈၂ နှစ်အရွယ်ရှိသော အဘွားဖြစ်သူ ဘက်တီ ဒေါ့ဘင်ကို သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

တောင်ယော့ခ်ရှိုင်းယားပြည်နယ်၊ ဘန်စလေမြို့၊ Middlecliffe ကျေးရွာတွင် နေထိုင်သော အသက် ၃၁ နှစ်အရွယ် သူနာပြု၊ ကလေး ၃ ယောက် မိခင်ဖြစ်သူ ဗစ်တိုးရီးယား ဝုဒ်ဟောလ်မှာလည်း နေအိမ်အပြင်ဘက်တွင် ခင်ပွန်းဖြစ်သူက ဓားဖြင့်ထိုးကာ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ကလေးများကိုမူ အန္တရာယ်ပြုခဲ့ခြင်း မရှိဟု ဆိုသည်။ သူ၏ ခင်ပွန်း စစ်သားဟောင်း ကရစ်ဂျ် ဝုဒ်ဟောလ်ကို လူသတ်မှုဖြင့် ဖမ်းဆီးအရေးယူခဲ့သည်။

ချက်ပြုတ်စားသောက်နိုင်သည့် ဟိုတယ်ခန်းများအတွက် အခြားသင့်လျော်သော ဒုက္ခသည်များ ရှာမတွေ့ပါက ညှင်းပန်းနှိပ်စက်ခြင်းခံရသူတို့ကို ထားရှိပေးရန် Dame Baird က အစိုးရထံ တောင်းဆိုထားသည်။

Dame Baird က ပြောကြားရာတွင် အချို့သော ဒုက္ခသည်စခန်းနေရာများသည် ကောင်းမွန်သည့် အခြေအနေမရှိသောကြောင့် ပိတ်သိမ်းခဲ့ရကြောင်း၊ အဆိုပါ စခန်းများသည် social distancing စည်းမျဉ်းများနှင့် ကိုက်ညီသည့်အခြေအနေမရှိကြောင်း ပြောကြားသည်။

အစိုးရသည် စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီပေးမှု ကောင်းစွာပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ယခုအခါ လှူဒါန်းသည့်ကဏ္ဍကို အာရုံစိုက်ရန် လိုကြောင်းလည်း သူမက ဆက်လက်ပြောကြားသည်။

လွန်ခဲ့သော ၅ ရက်အတွင်း အသက် ၆၉ နှစ်အရွယ်ရှိ အန်သိုနီ ဝီလျံစ်ဟူသည့် ခင်ပွန်းဖြစ်သူက အသက် ၆၇ နှစ်အရွယ်ရှိ ဇနီးဖြစ်သူ ရုသ်ကို ဝေလပြည်တောင်ပိုင်း၊ Cwmbran မြို့၊ Brynglas ကျေးရွာတွင် သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

Greater Manchester ခရိုင်ရှိ နေအိမ်တစ်လုံးတွင်လည်း အသက် ၈၀ ကျော်အရွယ်ရှိ အငြိမ်းစားတစ်ဦး၏ အလောင်းတွေ့ရှိမှုဖြင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားမှုတစ်ရပ်လည်း ပေါ်ပေါက်ခဲ့သည်။

ထို့အပြင် ဒါဘီရှိုုင်းယားခရိုင် ၊ Langley Mill မြို့ကလေးရှိ နေအိမ်တစ်လုံးတွင်လည်း အမျိုးသားတစ်ဦး၏ အလောင်းကိုတွေ့ရှိခဲ့ပြီးနောက် အသက် ၂၈ နှစ်အရွယ်ရှိ အမျိုးသမီးကို ရဲတပ်ဖွဲ့က လူသတ်မှုဖြင့် ဖမ်းဆီးခဲ့မှု ပေါ်ပေါက်ခဲ့သည်။

အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဉ်များမှာ အီတလီ၊ စပိန်၊ ပြင်သစ်နှင့် ဂျာမနီတို့ အပါအဝင် lockdown ချမှတ်ထားသည့် အခြားနိုင်ငံများတွင်လည်း ဖြစ်ပွားနေခဲ့ကြောင်း သတင်းများရှိသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Domestic abuse soars by 30 per cent in coronavirus lockdown as victim’s commissioner warns of possible epidemic of violence in the home (Dailymail)

### Zawgyi Version ###

ျဗိတိန္တြင္ lockdown ခ်မွတ္ထားစဥ္ကာလအတြင္း အိမ္တြင္းအၾကမ္းဖက္ႏွိပ္စက္မႈမ်ား ၃၀ ရာခိုင္ႏႈန္းအထိျမင့္တက္လာျပီး ျပီးခဲ့ေသာ ၅ ရက္အတြင္း လူ ၁၂ ဦး ေသဆံုး

ျဗိတိန္တြင္ lockdown ခ်မွတ္ထားစဥ္ကာလအတြင္း ရိုက္ႏွက္ႏွိပ္စက္တတ္သူတို႔ႏွင့္ အတူေနထိုင္ရသူမ်ား ႏွိပ္စက္ခံရမႈမွာ ၃၀ ရာခုိင္ႏႈန္းခန္႔ ျမင့္တက္လာေၾကာင္း Dailymail သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ညွင္းပန္းႏွိပ္စက္သူမ်ားအေရး မဟာမင္းၾကီး Dame Vera Baird က ႏွိပ္စက္ခံရသူမ်ားကို ကူညီရန္အတြက္ ရန္ပံုေငြအပိုတစ္ရပ္ ရွာေဖြေပးရန္၊ covid-19 ႏွင့္အတူ အျခားေသာ ကပ္ၾကီးအသြင္ျဖစ္လာေနမႈကို ကိုင္တြယ္ႏိုင္ေရးအတြက္ မဟာဗ်ဴဟာတစ္ရပ္ ခ်မွတ္ေပးရန္ အစိုးရကို ေတာင္းဆိုလိုက္သည္။ ျဗိတိန္ႏိုင္ငံတစ္ဝန္းတြင္ ျပီးခဲ့ေသာ ၅ ရက္အတြင္း ညွင္းပန္းႏွိပ္စက္ခံရကာ ၁၂ ဦးအထိ ေသဆံုးခဲ့သည္။

အိုင္ယာလန္ေျမာက္ပိုင္း၊ Antrim ခရိုင္တြင္ အသက္ ၃၂ ႏွစ္အရြယ္ရွိ ဂရန္ဆန္ အလန္ ဂ်င္းဂ်က္ဆိုသူသည္ lockdown ကာလအတြင္း ေနအိမ္တြင္ အတူေနထိုင္လ်က္ရွိသည့္ အသက္ ၈၂ ႏွစ္အရြယ္ရွိေသာ အဘြားျဖစ္သူ ဘက္တီ ေဒါ့ဘင္ကို သတ္ျဖတ္ခဲ့သည္ဟု ဆိုသည္။

ေတာင္ေယာ့ခ္ရႈိင္းယားျပည္နယ္၊ ဘန္စေလျမိဳ႕၊ Middlecliffe ေက်းရြာတြင္ ေနထိုင္ေသာ အသက္ ၃၁ ႏွစ္အရြယ္ သူနာျပဳ၊ ကေလး ၃ ေယာက္ မိခင္ျဖစ္သူ ဗစ္တိုးရီးယား ဝုဒ္ေဟာလ္မွာလည္း ေနအိမ္အျပင္ဘက္တြင္ ခင္ပြန္းျဖစ္သူက ဓားျဖင့္ထိုးကာ သတ္ျဖတ္ျခင္း ခံခဲ့ရသည္။ ကေလးမ်ားကိုမူ အႏၱရာယ္ျပဳခဲ့ျခင္း မရွိဟု ဆိုသည္။

သူ၏ ခင္ပြန္း စစ္သားေဟာင္း ကရစ္ဂ်္ ဝုဒ္ေဟာလ္ကို လူသတ္မႈျဖင့္ ဖမ္းဆီးအေရးယူခဲ့သည္။

ခ်က္ျပဳတ္စားေသာက္ႏိုင္သည့္ ဟိုတယ္ခန္းမ်ားအတြက္ အျခားသင့္ေလ်ာ္ေသာ ဒုကၡသည္မ်ား ရွာမေတြ႔ပါက ညွင္းပန္းႏွိပ္စက္ျခင္းခံရသူတို႔ကို ထားရွိေပးရန္ Dame Baird က အစိုးရထံ ေတာင္းဆိုထားသည္။

Dame Baird က ေျပာၾကားရာတြင္ အခ်ဳိ႕ေသာ ဒုကၡသည္စခန္းေနရာမ်ားသည္ ေကာင္းမြန္သည့္ အေျခအေနမရွိေသာေၾကာင့္ ပိတ္သိမ္းခဲ့ရေၾကာင္း၊ အဆိုပါ စခန္းမ်ားသည္ social distancing စည္းမ်ဥ္းမ်ားႏွင့္ ကိုက္ညီသည့္အေျခအေနမရွိေၾကာင္း ေျပာၾကားသည္။

အစိုးရသည္ စီးပြားေရးလုပ္ငန္းမ်ားကို ပံ့ပိုးကူညီေပးမႈ ေကာင္းစြာျပဳလုပ္ခဲ့ျပီးျဖစ္ေၾကာင္း ယခုအခါ လွဴဒါန္းသည့္က႑ကို အာရံုစိုက္ရန္ လိုေၾကာင္းလည္း သူမက ဆက္လက္ေျပာၾကားသည္။

လြန္ခဲ့ေသာ ၅ ရက္အတြင္း အသက္ ၆၉ ႏွစ္အရြယ္ရွိ အန္သိုနီ ဝီလ်ံစ္ဟူသည့္ ခင္ပြန္းျဖစ္သူက အသက္ ၆၇ ႏွစ္အရြယ္ရွိ ဇနီးျဖစ္သူ ရုသ္ကို ေဝလျပည္ေတာင္ပိုင္း၊ Cwmbran ျမိဳ႕၊ Brynglas ေက်းရြာတြင္ သတ္ျဖတ္မႈျဖစ္ပြားခဲ့သည္ဟု ဆိုသည္။

Greater Manchester ခရိုင္ရွိ ေနအိမ္တစ္လံုးတြင္လည္း အသက္ ၈၀ ေက်ာ္အရြယ္ရွိ အျငိမ္းစားတစ္ဦး၏ အေလာင္းေတြ႔ရွိမႈျဖင့္ ရဲတပ္ဖြဲ႔သုိ႔ အေၾကာင္းၾကားမႈတစ္ရပ္လည္း ေပၚေပါက္ခဲ့သည္။

ထို႔အျပင္ ဒါဘီရႈုိင္းယားခရိုင္ ၊ Langley Mill ျမိဳ႕ကေလးရွိ ေနအိမ္တစ္လံုးတြင္လည္း အမ်ဳိးသားတစ္ဦး၏ အေလာင္းကိုေတြ႔ရွိခဲ့ျပီးေနာက္ အသက္ ၂၈ ႏွစ္အရြယ္ရွိ အမ်ဳိးသမီးကို ရဲတပ္ဖြဲ႔က လူသတ္မႈျဖင့္ ဖမ္းဆီးခဲ့မႈ ေပၚေပါက္ခဲ့သည္။

အိမ္တြင္းအၾကမ္းဖက္မႈျဖစ္စဥ္မ်ားမွာ အီတလီ၊ စပိန္၊ ျပင္သစ္ႏွင့္ ဂ်ာမနီတို႔ အပါအဝင္ lockdown ခ်မွတ္ထားသည့္ အျခားႏိုင္ငံမ်ားတြင္လည္း ျဖစ္ပြားေနခဲ့ေၾကာင္း သတင္းမ်ားရွိသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Domestic abuse soars by 30 per cent in coronavirus lockdown as victim’s commissioner warns of possible epidemic of violence in the home (Dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service