ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Unicode Version ###
COVID-19 ကြောင့် စီးပွားရေးကျဆင်းသဖြင့် ၂၀၂၀ တစ်နှစ်တာလုံးတွင် စင်္ကာပူပုဂ္ဂလိကလူနေအိမ်ခြံမြေဈေးနှုန်းများသည် ၁ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအကြား ကျဆင်းမည်ဟု Colliers International အိမ်ခြံမြေကုမ္ပဏီက ခန့်မှန်းလိုက်သည်။
သို့သော်လည်း ယခုနှစ်အတွင်း အိမ်ဈေးနှုန်းများသည် ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ၂၀၀၈ ခုနှစ် ဒုတိယသုံးလပတ်မှ ၂၀၀၉ ခုနှစ် ဒုတိယသုံးလပတ်အကြား ၂၅ ရာခိုင်နှုန်း ကျဆင်းမှုလောက်တော့ ဆိုးရွားမည်ဟုမဟုတ်ဟုလည်း ခန့်မှန်းထားသည်။
Developer များ၏ ယခုနှစ်ရောင်းအားသည်လည်း ၂၀၁၉ ရောင်းအား ၉,၉၁၂ အောက် ကျဆင်းပြီး အိမ်ခန်းပေါင်း ၈,၀၀၀ ရှိမည်ဟု Colliers က ခန့်မှန်းထားကြောင်း သိရသည်။
COVID-19 ၏ ဆိုးကျိုးများက စီးပွားရေးအပေါ် စတင်ဂယက်ရိုက်ပြီဖြစ်သဖြင့် စင်္ကာပူတွင်အရောင်းအဝယ်များသည် မတ်လ၌ ဖေဖော်ဝါရီအောက် လျော့နည်းခဲ့သည်ဟု ဆုန်းက မှတ်ချက်ပြုခဲ့သည်။
“ဧပြီ ၁ က ထွက်ရှိခဲ့တဲ့အချက်အလက်တွေအရ ဆိုရရင် developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချသူ) တွေဟာ ၂၀၂၀ မတ်အတွင်း EC (အစိုးရနှင့်ပုဂ္ဂလိကဖက်စပ်ကွန်ဒို) ခန်းများမှအပ အိမ်သစ် ၅၂၈ ခန်း ရောင်းချခဲ့ရတာကို တွေ့ရပါတယ်။ ဒါဟာ ဖေဖော်ဝါရီရောင်းချရနှုန်း ၉၄၇ ခန်းအောက် သိသိသာသာ ကျဆင်းခဲ့တာပါ။ တစ်ဆင့်ပြန်ရောင်းချမှုတွေဟာလည်းပဲ မတ်လမှာ ၃၂၈ ခန်း ရှိခဲ့ပြီး ဖေဖော်ဝါရီမှာတုန်းက ၄၃၆ ခန်း ရှိခဲ့တာပါ” ဟု သူမက ပြောကြာခဲ့ခြင်းဖြစ်သည်။
စင်္ကာပူမြို့ပြစည်ပင်သာယာရေးအာဏာပိုင်အဖွဲ့က ၂၀၂၀ ပထမသုံးလပတ်အတွင်း ပုဂ္ဂလိကနေအိမ်ဈေးနှုန်းများသည် ၂၀၁၉ စတုတ္ထသုံးလပတ်အောက် ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ဖွယ်ရှိသည်ဟု သုံးသပ်အကဲဖြတ်ဆဲအခြေအနေအရ ခန့်မှန်းလိုက်ကြောင်း Colliers International အိမ်ခြံမြေကုမ္ပဏီ၏ စင်္ကာပူနိုင်ငံဆိုင်ရာသုတေသနခေါင်းဆောင် ထရစ်ရှာဆုန်းက ပြောကြားခဲ့သည်။
ယခုနှစ် ပထမသုံးလပတ်ကာလအတွင်း အရောင်းရဆုံးဖြစ်ခဲ့သည့်စီမံကိန်း The M က ၁ စတုရန်းပေလျှင် ပျမ်းမျှဈေးနှုန်း စင်္ကာပူဒေါ်လာ ၂၄၃၈ ဒေါ်လာဖြင့် အခန်းပေါင်း ၃၈၉ ခန်း ရောင်းချခဲ့ရကြောင်း၊ ၂၀၁၉ စတုတ္ထသုံးလပတ်တွင် အများဆုံးရောင်းချခဲ့ရသည့် Midtown Bay စီမံကိန်း၏ ၁ စတုရန်းပေ ပျမ်းမျှရောင်းဈေး စင်္ကာပူဒေါ်လာ ၂၉၃၄ အောက် လျော့နည်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: propertyguru
### Zawgyi Version ###
COVID-19 ေၾကာင့္ ၂၀၂၀ တြင္ စကၤာပူပုဂၢလိကလူေနအိမ္ၿခံေျမေဈးႏႈန္း ၁ မွ ၃ ရာခိုင္ႏႈန္းအၾကား က်ဆင္းမည္
COVID-19 ေၾကာင့္ စီးပြားေရးက်ဆင္းသျဖင့္ ၂၀၂၀ တစ္ႏွစ္တာလုံးတြင္ စကၤာပူပုဂၢလိကလူေနအိမ္ၿခံေျမေဈးႏႈန္းမ်ားသည္ ၁ ရာခိုင္ႏႈန္းမွ ၃ ရာခိုင္ႏႈန္းအၾကား က်ဆင္းမည္ဟု Colliers International အိမ္ၿခံေျမကုမၸဏီက ခန႔္မွန္းလိုက္သည္။
သို႔ေသာ္လည္း ယခုႏွစ္အတြင္း အိမ္ေဈးႏႈန္းမ်ားသည္ ကမာၻ႔ဘ႑ာေရးအက်ပ္အတည္းေၾကာင့္ ၂၀၀၈ ခုႏွစ္ ဒုတိယသုံးလပတ္မွ ၂၀၀၉ ခုႏွစ္ ဒုတိယသုံးလပတ္အၾကား ၂၅ ရာခိုင္ႏႈန္း က်ဆင္းမႈေလာက္ေတာ့ ဆိုး႐ြားမည္ဟုမဟုတ္ဟုလည္း ခန႔္မွန္းထားသည္။
Developer မ်ား၏ ယခုႏွစ္ေရာင္းအားသည္လည္း ၂၀၁၉ ေရာင္းအား ၉,၉၁၂ ေအာက္ က်ဆင္းၿပီး အိမ္ခန္းေပါင္း ၈,၀၀၀ ရွိမည္ဟု Colliers က ခန႔္မွန္းထားေၾကာင္း သိရသည္။
COVID-19 ၏ ဆိုးက်ိဳးမ်ားက စီးပြားေရးအေပၚ စတင္ဂယက္႐ိုက္ၿပီျဖစ္သျဖင့္ စကၤာပူတြင္အေရာင္းအဝယ္မ်ားသည္ မတ္လ၌ ေဖေဖာ္ဝါရီေအာက္ ေလ်ာ့နည္းခဲ့သည္ဟု ဆုန္းက မွတ္ခ်က္ျပဳခဲ့သည္။
“ဧၿပီ ၁ က ထြက္ရွိခဲ့တဲ့အခ်က္အလက္ေတြအရ ဆိုရရင္ developer (ေျမယာဝယ္ယူ၍ အေဆာက္အအုံေဆာက္လုပ္ေရာင္းခ်သူ) ေတြဟာ ၂၀၂၀ မတ္အတြင္း EC (အစိုးရႏွင့္ပုဂၢလိကဖက္စပ္ကြန္ဒို) ခန္းမ်ားမွအပ အိမ္သစ္ ၅၂၈ ခန္း ေရာင္းခ်ခဲ့ရတာကို ေတြ႕ရပါတယ္။ ဒါဟာ ေဖေဖာ္ဝါရီေရာင္းခ်ရႏႈန္း ၉၄၇ ခန္းေအာက္ သိသိသာသာ က်ဆင္းခဲ့တာပါ။ တစ္ဆင့္ျပန္ေရာင္းခ်မႈေတြဟာလည္းပဲ မတ္လမွာ ၃၂၈ ခန္း ရွိခဲ့ၿပီး ေဖေဖာ္ဝါရီမွာတုန္းက ၄၃၆ ခန္း ရွိခဲ့တာပါ” ဟု သူမက ေျပာၾကာခဲ့ျခင္းျဖစ္သည္။
စကၤာပူၿမိဳ႕ျပစည္ပင္သာယာေရးအာဏာပိုင္အဖြဲ႕က ၂၀၂၀ ပထမသုံးလပတ္အတြင္း ပုဂၢလိကေနအိမ္ေဈးႏႈန္းမ်ားသည္ ၂၀၁၉ စတုတၳသုံးလပတ္ေအာက္ ၁ ဒသမ ၂ ရာခိုင္ႏႈန္း က်ဆင္းခဲ့ဖြယ္ရွိသည္ဟု သုံးသပ္အကဲျဖတ္ဆဲအေျခအေနအရ ခန႔္မွန္းလိုက္ေၾကာင္း Colliers International အိမ္ၿခံေျမကုမၸဏီ၏ စကၤာပူႏိုင္ငံဆိုင္ရာသုေတသနေခါင္းေဆာင္ ထရစ္ရွာဆုန္းက ေျပာၾကားခဲ့သည္။
ယခုႏွစ္ ပထမသုံးလပတ္ကာလအတြင္း အေရာင္းရဆုံးျဖစ္ခဲ့သည့္စီမံကိန္း The M က ၁ စတုရန္းေပလွ်င္ ပ်မ္းမွ်ေဈးႏႈန္း စကၤာပူေဒၚလာ ၂၄၃၈ ေဒၚလာျဖင့္ အခန္းေပါင္း ၃၈၉ ခန္း ေရာင္းခ်ခဲ့ရေၾကာင္း၊ ၂၀၁၉ စတုတၳသုံးလပတ္တြင္ အမ်ားဆုံးေရာင္းခ်ခဲ့ရသည့္ Midtown Bay စီမံကိန္း၏ ၁ စတုရန္းေပ ပ်မ္းမွ်ေရာင္းေဈး စကၤာပူေဒၚလာ ၂၉၃၄ ေအာက္ ေလ်ာ့နည္းခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။
iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: propertyguru