Lockdown ချထားသော အီကွေဒေါနိုင်ငံရှိ လမ်းများပေါ်နှင့် နေအိမ်များတွင် covid-19 ဖြင့် သေဆုံးသူတို့၏ အလောင်းများ စုပုံနေမှုကြောင့် ဒေသခံတို့က အာဏာပိုင်များအား အကူအညီတောင်းခံလျက်ရှိ

Lockdown ချထားသော အီကွေဒေါနိုင်ငံရှိ လမ်းများပေါ်နှင့် နေအိမ်များတွင် covid-19 ဖြင့် သေဆုံးသူတို့၏ အလောင်းများ စုပုံနေမှုကြောင့် ဒေသခံတို့က အာဏာပိုင်များအား အကူအညီတောင်းခံလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
4 Apr 2020 12:33 pm တွင် တင်ခဲ့သည်
3585 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

အီကွေဒေါနိုင်ငံ၏ မြို့တော် Quito ၏ တောင်ဘက် မိုင် ၂၆၀ ခန့်ဝေးကွာသောနေရာရှိ ဆိပ်ကမ်းမြို့ကလေးတစ်ခုဖြစ်သော Guayaquil တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဆိုးရွားစွာခံနေရပြီး ဆေးရုံနှင့် ရင်ခွဲရုံများတွင် လူနာသစ်များ၊ သေဆုံးသူများဖြင့် ပြည့်နှက်နေသည်။

ဒေသတွင်း အာဏာပိုင်တို့မှာ သေဆုံးသူများ အလုံးအရင်းဖြစ်လာခြင်းကို မထိန်းချုပ်နိုင်တော့သောကြောင့် သမ္မတ လီနင် မိုရီနိုက အဆိုပါပြဿနာကို ဖြေရှင်းနိုင်ရန် အဖွဲ့တစ်ခုပင် ဖွဲ့စည်းပေးခဲ့ရသည်။

အဆိုပါအဖွဲ့ကို ပြည်သူ့ဖွံ့ဖြိုးရေးဘဏ်ဟု ရည်ညွှန်းသည့် BanEcuador ၏ ဘုတ်အဖွဲ့ဥက္ကဌဖြစ်သူ Jorge Wated ကို ဦးဆောင်စေခဲ့သည်။

အလောင်းများစုပုံလာနေသည့်အရေးအတွက် Jorge Wated က နာရေးအိမ်များကို (တစ်နိုင်ငံလုံး ညမထွက်ရအမိန့် ထုတ်ပြန်ထား သော်လည်း) ညဘက်တွင် အလောင်းများ ယူဆောင်ခွင့်ပေးခြင်း၊ တစ်မြို့လုံးရှိ နေအိမ်များ၊ ဆေးရုံများနှင့် လမ်းများပေါ်တွင်ရှိနေသော အလောင်းများ ကောက်ယူရန် စစ်သည်နှင့် ရဲတပ်ဖွဲ့များ စေလွှတ်ခြင်းတို့ ပြုလုပ်ခဲ့သည်။

သို့သော် အကူအညီများစွာလိုအပ်နေဆဲဖြစ်ရာ နိုင်ငံသား များစွာတို့သည် လူမှုကွန်ရက်မှတဆင့် အသနားခံ အကူအညီ တောင်းခံခြင်းများ ပြုလုပ်လာကြသည်။

လုပ်ငန်းအကောင်အထည်ဖော်ပုံများကို တွစ်တာတွင် ဖော်ပြပေးနေသည့် Jorge Wated ထံ တိုက်ရိုက်အကူအညီတောင်းခံ နေမှုများလည်းရှိသည်။

ယခုသီတင်းပတ်အစောပိုင်းတွင် ဒေသခံတစ်ဦးက နေအိမ်လိပ်စာ၊ သေဆုံးသူတို့၏ အမည်များ ရေးသားဖော်ပြပြီး Jorge Wated ထံ ပြောကြားခဲ့ရာတွင် “ဘုရားသခင်ရဲ့ မေတ္တာတော်အရ ကျွန်တော့်ကို ကူညီပါ။ ဘယ်သူမှ သူ့ကို လာမသယ်ဘူး။ ကျွန်တော်ဘာလုပ်ရမလဲ။ ကျွန်တော်ခင်ဗျားကို တောင်းပန်ပါတယ်” ဟု ရေးသားထားသည်။

အခြားတစ်ဦးက ရေးသားရာတွင်လည်း “Jorge ။ ကျွန်တော့်မှာ တင်ပြစရာတစ်ခုရှိပါတယ်။ လူသေသွားတာ ၃ ရက်ရှိပါပြီ။ ပုပ်စတောင် ပြုနေပါပြီ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဆက်သွယ်ပါနော်” ဟု ရေးသားထားသည်ကို တွေ့ရသည်။

ဒေသခံတို့သည် နေအိမ်များရှိ အလောင်းများအတွက် အကူအညီတောင်းစရာ အခြားနည်းလမ်းလည်း မရှိတော့သဖြင့် လူမှုကွန်ရက်မှတဆင့် အကူအညီတောင်းဆိုမှုများ ပြုလုပ်လာရခြင်းလည်း ဖြစ်သည်။

လူမှုကွန်ရက်သုံးစွဲသူတစ်ဦးကရေးသားထားရာတွင် “တနင်္လာနေ့က အဘွားဆုံးသွားပါပြီ။ အလောင်းကို သယ်ဖို့ ဘယ်သူ့ကို အကြောင်းကြားရမယ်ဆိုတာ မသိပါဘူး။ သေဆုံးလက်မှတ်လည်း လိုနေပါတယ်” ဟု ရေးသားထားသည်။

တခြားတစ်ဦးကလည်း “ချစ်ခင်အပ်ပါသော Jorge Wated ခင်ဗျာ။ တွစ်တာမသုံးတဲ့ သူငယ်ချင်းတစ်ယောက်က အကူအညီတောင်းထားလို့ပါ။ သူ့အစ်ကိုက ဒီနေ့ညနေ ၄ နာရီမှာ ဆုံးသွားပါတယ်။ အလောင်းကို ဖယ်ရှားဖို့အတွက် သူတို့ ဘယ်သူနဲ့မှ အဆက်အသွယ်မရသေးပါဘူး” ဟု ရေးသားခဲ့သည်။

အီကွေဒေါတွင် တရားဝင်ရရှိသော အချက်အလက်များအရ ကူးစက်ခံရသူ ၃၃၀၀ ဦးနှင့် သေဆုံးသူ ၁၄၅ ဦးခန့်သာရှိသော်လည်း ယင်းအနက် ၁၀၀ ကျော်မှာ Guayaquil တွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး lockdown ချမှတ်ထားသည့်ကာလဖြစ်သည်။

အထက်ပါ ကူးစက်ခံရသူနှင့် သေဆုံးသူစာရင်းမှာ စစ်ဆေးသိရှိနိုင်သော ကိန်းဂဏန်းမျှသာဖြစ်ပြီး အီကွေဒေါတွင် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ပစ္စည်း အနည်းငယ်သာရှိနေသည်။ ထို့ကြောင့် အမှန်တကယ်မည်မျှကူးစက်နေသည်ကို အာဏာပိုင်တို့ မသိနိုင်ချေ။

“အမှန်တရားကိုတော့ ပြောရမှာပါပဲ။ ကူးစက်ခံရမှု ကိန်းဂဏန်းနဲ့ တရားဝင်ထုတ်ပြန်မှု မှတ်တမ်း ၂ ခုလုံးဟာ မပြည့်စုံသေးဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ တကယ့်လက်တွေ့အခြေအနေတွေက စမ်းသပ်ရရှိထားတဲ့ပမာဏထက် ကျော်လွန်နေမှာပါ” ဟု အီကွေဒေါ သမ္မတက မကြာသေးမီက ပြောကြားခဲ့သော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

သောကြာနေ့အထိ အချက်အလက်များအရ ကမ္ဘာတစ်ဝန်းတွင် လူပေါင်း ၁ သန်းကျော် covid-19 ကူးစက်ခံထားရပြီး တစ်ကမ္ဘာလုံး သေဆုံးမှုမှာ ၆၀၀၀၀ နားသို့ ကပ်လာသည်။

အမေရိကန်ပြည်ထောင်စုသည် အဆိုးရွားဆုံး ကူးစက်ခံရသည့်နိုင်ငံဖြစ်ပြီး လူပေါင်း ၂၆၆၀၀၀ ကျော် ကူးစက်ခံထားရရာ ဒုတိယအများဆုံး ကူးစက်ခံရသည့် အီတလီထက် ၂ ဆကျော် များပြားသည့်ပမာဏ ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Bodies of Covid-19 victims pile up in streets of Ecuador as residents beg authorities for help (RT)

### Zawgyi Version ###

Lockdown ခ်ထားေသာ အီေကြေဒါႏိုင္ငံရွိ လမ္းမ်ားေပၚႏွင့္ ေနအိမ္မ်ားတြင္ covid-19 ျဖင့္ ေသဆံုးသူတို႔၏ အေလာင္းမ်ား စုပံုေနမႈေၾကာင့္ ေဒသခံတို႔က အာဏာပိုင္မ်ားအား အကူအညီေတာင္းခံလ်က္ရွိ

အီေကြေဒါႏိုင္ငံ၏ ျမိဳ ႔ေတာ္ Quito ၏ ေတာင္ဘက္ မိုင္ ၂၆၀ ခန္႔ေဝးကြာေသာေနရာရွိ ဆိပ္ကမ္းျမိဳ ႔ကေလးတစ္ခုျဖစ္ေသာ Guayaquil တြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ ႔ႏွံ႔မႈ ဆိုးရြားစြာခံေနရျပီး ေဆးရံုႏွင့္ ရင္ခြဲရံုမ်ားတြင္ လူနာသစ္မ်ား၊ ေသဆံုးသူမ်ားျဖင့္ ျပည့္ႏွက္ေနသည္။

ေဒသတြင္း အာဏာပိုင္တို႔မွာ ေသဆံုးသူမ်ား အလံုးအရင္းျဖစ္လာျခင္းကို မထိန္းခ်ဳပ္ႏိုင္ေတာ့ေသာေၾကာင့္ သမၼတ လီနင္ မိုရီႏိုက အဆိုပါျပႆနာကို ေျဖရွင္းႏိုင္ရန္ အဖြဲ႔တစ္ခုပင္ ဖြဲ႔စည္းေပးခဲ့ရသည္။

အဆိုပါအဖြဲ႔ကို ျပည္သူ႔ဖြံ႔ျဖိဳးေရးဘဏ္ဟု ရည္ညႊန္းသည့္ BanEcuador ၏ ဘုတ္အဖြဲ႔ဥကၠဌျဖစ္သူ Jorge Wated ကို ဦးေဆာင္ေစခဲ့သည္။

အေလာင္းမ်ားစုပံုလာေနသည့္အေရးအတြက္ Jorge Wated က နာေရးအိမ္မ်ားကို (တစ္ႏိုင္ငံလံုး ညမထြက္ရအမိန္႔ ထုတ္ျပန္ထား ေသာ္လည္း) ညဘက္တြင္ အေလာင္းမ်ား ယူေဆာင္ခြင့္ေပးျခင္း၊ တစ္ျမိဳ ႔လံုးရွိ ေနအိမ္မ်ား၊ ေဆးရံုမ်ားႏွင့္ လမ္းမ်ားေပၚတြင္ရွိေနေသာ အေလာင္းမ်ား ေကာက္ယူရန္ စစ္သည္ႏွင့္ ရဲတပ္ဖြဲ႔မ်ား ေစလႊတ္ျခင္းတို႔ ျပဳလုပ္ခဲ့သည္။

သုိ႔ေသာ္ အကူအညီမ်ားစြာလိုအပ္ေနဆဲျဖစ္ရာ ႏိုင္ငံသား မ်ားစြာတို႔သည္ လူမႈကြန္ရက္မွတဆင့္ အသနားခံ အကူအညီ ေတာင္းခံျခင္းမ်ား ျပဳလုပ္လာၾကသည္။

လုပ္ငန္းအေကာင္အထည္ေဖာ္ပံုမ်ားကို တြစ္တာတြင္ ေဖာ္ျပေပးေနသည့္ Jorge Wated ထံ တိုက္ရိုက္အကူအညီေတာင္းခံ ေနမႈမ်ားလည္းရွိသည္။

ယခုသီတင္းပတ္အေစာပိုင္းတြင္ ေဒသခံတစ္ဦးက ေနအိမ္လိပ္စာ၊ ေသဆံုးသူတို႔၏ အမည္မ်ား ေရးသားေဖာ္ျပျပီး Jorge Wated ထံ ေျပာၾကားခဲ့ရာတြင္ “ဘုရားသခင္ရဲ ႔ ေမတၱာေတာ္အရ ကၽြန္ေတာ့္ကို ကူညီပါ။ ဘယ္သူမွ သူ႔ကို လာမသယ္ဘူး။ ကၽြန္ေတာ္ဘာလုပ္ရမလဲ။ ကၽြန္ေတာ္ခင္ဗ်ားကို ေတာင္းပန္ပါတယ္” ဟု ေရးသားထားသည္။

အျခားတစ္ဦးက ေရးသားရာတြင္လည္း “Jorge ။ ကၽြန္ေတာ့္မွာ တင္ျပစရာတစ္ခုရွိပါတယ္။ လူေသသြားတာ ၃ ရက္ရွိပါျပီ။ ပုပ္စေတာင္ ျပဳေနပါျပီ။ ေက်းဇူးျပဳျပီး ကၽြန္ေတာ့္ကို ဆက္သြယ္ပါေနာ္” ဟု ေရးသားထားသည္ကို ေတြ႔ရသည္။

ေဒသခံတို႔သည္ ေနအိမ္မ်ားရွိ အေလာင္းမ်ားအတြက္ အကူအညီေတာင္းစရာ အျခားနည္းလမ္းလည္း မရွိေတာ့သျဖင့္ လူမႈကြန္ရက္မွတဆင့္ အကူအညီေတာင္းဆိုမႈမ်ား ျပဳလုပ္လာရျခင္းလည္း ျဖစ္သည္။

လူမႈကြန္ရက္သံုးစြဲသူတစ္ဦးကေရးသားထားရာတြင္ “တနလၤာေန႔က အဘြားဆံုးသြားပါျပီ။ အေလာင္းကို သယ္ဖုိ႔ ဘယ္သူ႔ကို အေၾကာင္းၾကားရမယ္ဆိုတာ မသိပါဘူး။ ေသဆံုးလက္မွတ္လည္း လိုေနပါတယ္” ဟု ေရးသားထားသည္။

တျခားတစ္ဦးကလည္း “ခ်စ္ခင္အပ္ပါေသာ Jorge Wated ခင္ဗ်ာ။ တြစ္တာမသံုးတဲ့ သူငယ္ခ်င္းတစ္ေယာက္က အကူအညီေတာင္းထားလို႔ပါ။ သူ႔အစ္ကိုက ဒီေန႔ညေန ၄ နာရီမွာ ဆံုးသြားပါတယ္။ အေလာင္းကို ဖယ္ရွားဖို႔အတြက္ သူတို႔ ဘယ္သူနဲ႔မွ အဆက္အသြယ္မရေသးပါဘူး” ဟု ေရးသားခဲ့သည္။

အီေကြေဒါတြင္ တရားဝင္ရရွိေသာ အခ်က္အလက္မ်ားအရ ကူးစက္ခံရသူ ၃၃၀၀ ဦးႏွင့္ ေသဆံုးသူ ၁၄၅ ဦးခန္႔သာရွိေသာ္လည္း ယင္းအနက္ ၁၀၀ ေက်ာ္မွာ Guayaquil တြင္ ေသဆံုးခဲ့ျခင္းျဖစ္ျပီး lockdown ခ်မွတ္ထားသည့္ကာလျဖစ္သည္။

အထက္ပါ ကူးစက္ခံရသူႏွင့္ ေသဆံုးသူစာရင္းမွာ စစ္ေဆးသိရွိႏိုင္ေသာ ကိန္းဂဏန္းမွ်သာျဖစ္ျပီး အီေကြေဒါတြင္ ကိုရိုနာဗိုင္းရပ္စ္ စမ္းသပ္ပစၥည္း အနည္းငယ္သာရွိေနသည္။ ထို႔ေၾကာင့္ အမွန္တကယ္မည္မွ်ကူးစက္ေနသည္ကို အာဏာပိုင္တို႔ မသိႏိုင္ေခ်။

“အမွန္တရားကိုေတာ့ ေျပာရမွာပါပဲ။ ကူးစက္ခံရမႈ ကိန္းဂဏန္းနဲ႔ တရားဝင္ထုတ္ျပန္မႈ မွတ္တမ္း ၂ ခုလံုးဟာ မျပည့္စံုေသးဘူးဆိုတာ ကၽြန္ေတာ္တို႔ သိပါတယ္။ တကယ့္လက္ေတြ႔အေျခအေနေတြက စမ္းသပ္ရရွိထားတဲ့ပမာဏထက္ ေက်ာ္လြန္ေနမွာပါ” ဟု အီေကြေဒါ သမၼတက မၾကာေသးမီက ေျပာၾကားခဲ့ေသာ မိန္႔ခြန္းတြင္ ထည့္သြင္းေျပာၾကားသြားသည္။

ေသာၾကာေန႔အထိ အခ်က္အလက္မ်ားအရ ကမၻာတစ္ဝန္းတြင္ လူေပါင္း ၁ သန္းေက်ာ္ covid-19 ကူးစက္ခံထားရျပီး တစ္ကမၻာလံုး ေသဆံုးမႈမွာ ၆၀၀၀၀ နားသို႔ ကပ္လာသည္။

အေမရိကန္ျပည္ေထာင္စုသည္ အဆိုးရြားဆံုး ကူးစက္ခံရသည့္ႏိုင္ငံျဖစ္ျပီး လူေပါင္း ၂၆၆၀၀၀ ေက်ာ္ ကူးစက္ခံထားရရာ ဒုတိယအမ်ားဆံုး ကူးစက္ခံရသည့္ အီတလီထက္ ၂ ဆေက်ာ္ မ်ားျပားသည့္ပမာဏ ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။ 

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Bodies of Covid-19 victims pile up in streets of Ecuador as residents beg authorities for help (RT)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
The Crest

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service