ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Unicode Version ###
ရွှေပြည်သာ နှင့်် ဒဂုံမြို့သစ်(တောင်းပိုင်)ပိုင်းမြို့နယ်နှစ်ခုတွင်တည်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းတည်ဆောက်ရန် စိတ်ဝင်စားမှုအဆိုလွှာများ တင်သွင်းမည့်ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ရွှေပြည်သာမြို့နယ်ရှိ ရန်ကုန်-ပြည် မီးရထားလမ်းနှင့်ဗိုလ်ရန်ပြေလမ်းကြား၊ မြေတိုင်းရပ်ကွက် အမှတ် (၉+၁၀) သာဓုကန်ဘူတာအနီးရှိ မြေ ၁၀ ဧကခန့်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်းမြို့နယ်) ရတနာပုံလမ်း၊မြေတိုင်းရပ်ကွက်အမှတ် ၁၄၅ ရှိမြေဧက ၈ ဒသမ ၈၅၆ ဧကတို့အပြင် ၁၀ ဧကနှင့်အထက်မြေကွက်များ (အစိုးရပိုင်၊ ပုဂ္ဂလိကပိုင်) ပေါ်တွင် တန်ဖိုးနည်းနှင့် တန်ဖိုးမျှတများ ဆောက်လုပ်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးတင်ဒါစီစစ်ရေးအဖွဲ့တွင် မှတ်ပုံတင်ထားသည့် တိုင်းရင်းသားပိုင် ပြည်တွင်းလုပ်ငန်းရှင်များကိုစိတ်ဝင်စားမှုတင်ဒါခေါ်ယူခဲ့ခြင်းဖြစ်သည်။
အဆိုပါ စိတ်ဝင်စားမှုအဆိုပြုလွှာများကို မတ်လ ၃ ရက်မှ စတင်ကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၁၀ ထပ်ရုံး၊ ၈လွှာရှိအင်ဂျင်နီယာဌာနတွင် မတ်လ ၃၁ ရက်အထိ နောက်ဆုံးထားလျှောက်ထားရန် ကြေညာခဲ့သော်လည်း ဧပြီ ၃၀ ရက်အထိ ပြောင်းလဲလက်ခံသွားမည်ဖြစ်ကြောင်းအဆိုပါကော်မတီထံမှ သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရွှေပြည်သာ၊ဒဂုံမြို့သစ်တောင်ပိုင်းတို့မှ မြေကွက်များနှင့် ကိုယ်ပိုင်မြေကွက်များတွင် တန်ဖိုးနည်းနှင့်တန်ဖိုးမျှတအိမ်ရာများဆောက်လုပ်ရန် စိတ်ဝင်စားမှုအဆိုပြုလွှာများကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က မတ်လ ၁ ရက်အထိ ခေါ်ယူခဲ့ခြင်းဖြစ်သည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
တန္ဖိုးနည္းအိမ္ရာ ႏွစ္ခုတည္ေဆာက္ရန္ အဆိုလႊာ ရက္ေရႊ႕ဆိုင္း
ေရႊျပည္သာ နွင့္္ ဒဂံုၿမိဳ႕သစ္(ေတာင္းပိုင္)ပိုင္းၿမိဳ႕နယ္ႏွစ္ခုတြင္တည္ေဆာက္မည့္ တန္ဖိုးနည္းအိမ္ရာစီမံကိန္းတည္ေဆာက္ရန္ စိတ္ဝင္စားမႈအဆိုလႊာမ်ား တင္သြင္းမည့္ရက္ေရႊ႕ဆိုင္းလိုက္ေၾကာင္း ရန္ကုန္ျမိဳ့ေတာ္စည္ပင္သာယာေရးေကာ္မတီမွ သိရသည္။
ေရႊျပည္သာၿမိဳ႕နယ္ရွိ ရန္ကုန္-ျပည္ မီးရထားလမ္းႏွင့္ဗိုလ္ရန္ေျပလမ္းၾကား၊ ေျမတုိင္းရပ္ကြက္ အမွတ္ (၉+၁၀) သာဓုကန္ဘူတာအနီးရွိ ေျမ ၁၀ ဧကခန္႔ႏွင့္ ဒဂံုၿမိဳ႕သစ္(ေတာင္ပိုင္းၿမိဳ႕နယ္) ရတနာပံုလမ္း၊ေျမတုိင္းရပ္ကြက္အမွတ္ ၁၄၅ ရွိေျမဧက ၈ ဒသမ ၈၅၆ ဧကတုိ႔အျပင္ ၁၀ ဧကနွင့္အထက္ေျမကြက္မ်ား (အစိုးရပိုင္၊ ပုဂၢလိကပိုင္) ေပၚတြင္ တန္ဖိုးနည္းနွင့္ တန္ဖိုးမွ်တမ်ား ေဆာက္လုပ္ရန္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ တိုင္းေဒသႀကီးတင္ဒါစီစစ္ေရးအဖြဲ႕တြင္ မွတ္ပံုတင္ထားသည့္ တိုင္းရင္းသားပုိင္ ျပည္တြင္းလုပ္္ငန္းရွင္မ်ားကုိစိတ္၀င္စားမႈတင္ဒါေခၚယူခဲ့ျခင္းျဖစ္သည္္။
အဆိုပါ စိတ္၀င္စားမႈအဆိုျပဳလႊာမ်ားကုိ မတ္လ ၃ ရက္မွ စတင္ကာ ရန္ကုန္ျမိဳ့ေတာ္္စည္္ပင္သာယာေရးေကာ္မတီ ၁၀ ထပ္ရံုး၊ ၈လႊာရွိအင္ဂ်င္နီယာဌာနတြင္္ မတ္လ ၃၁ ရက္အထိ ေနာက္ဆံုးထားေလွ်ာက္ထားရန္ ေၾကညာခဲ့ေသာ္လည္း ဧျပီ ၃၀ ရက္အထိ ေျပာင္းလဲလက္ခံသြားမည္ျဖစ္ေၾကာင္းအဆိုပါေကာ္မတီထံမွ သိရသည္္။
ရန္ကုန္ျမိဳ့ေတာ္္စည္ပင္သာယာေရးေကာ္မတီသည္ ေရႊျပည္သာ၊ဒဂံုၿမိဳ့သစ္ေတာင္ပုိင္းတို့မွ ေျမကြက္မ်ားနွင့္ ကုိယ္ပုိင္ေျမကြက္မ်ားတြင္ တန္ဖိုးနည္းနွင့္တန္ဖိုးမွ်တအိမ္ရာမ်ားေဆာက္လုပ္ရန္ စိတ္၀င္စားမွဳအဆိုျပဳလႊာမ်ားကို ေဖေဖာ္၀ါရီလ ၂၈ ရက္ေန့က မတ္လ ၁ ရက္အထိ ေခၚယူခဲ့ျခင္းျဖစ္္သည္္။
မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com