ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Unicode Version ###
ပျဉ်းမနားမြို့ ရှိ ငလိုက်ချောင်းကူးတံတားအား (၄)လမ်းသွားအဖြစ် တိုးချဲ့ဆောက်လုပ်ရာတွင် အမှန်တကယ်လိုအပ်သည့် မြေ(ဝ.၃၁) ဧကအား အမှတ် (၈၅) ခြေလျင်တပ်ရင်းပိုင်မြေ ဧရိယာထဲမှ အဆိုပါမြေဧကအား နေပြည်တော်စည်ပင်သာယာရေးကော်မတီသို့ မတ်လ ၃၀ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း နေပြည်တော်စည်ပင်မှသိရသည်။
ယခုတပ်ပိုင်မြေအား လွှဲပြောင်းရာတွင် ဦးပိုင် အမှတ်(၅)မှ (ဝ.၂၂၁) ဧက၊ ဦးပိုင်အမှတ်(၇)မှ (ဝ.၀၆၃) ဧကနှင့် ဦးပိုင်အမှတ်(၁၁)မှ (ဝ.၀၂၆) ဧက စုစုပေါင်း (ဝ.၃၁) ဧက ဖြစ်ကြောင်း ခလရ(၈၅) တပ်ရင်းမှူး၊ ဒုဗိုလ်မှူးကြီး အောင်သိန်းလွင်ကပြောကြားပြီး ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်ရှိ အဆိုပါမြေဧကရှိ စာရွက်စာတမ်း၊ အထောက်အထားများကို ကော်မတီသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ဌာနမှူးဦးစိုးနိုင်က လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
တပ်ပိုင်မြေ (၀.၃၁) ဧကအား နေပြည်တော်စည်ပင်သာယာရေးကော်မတီသို့ လွှဲပြောင်းပေးအပ်