ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Unicode Version ###
မိုဟာမက် အိဒရစ်တစ်ယောက် အလွန်စိတ်ပျက်နေသည်။ ဝန်ကြီးချုပ် နာဒရန်ဒရာ မိုဒီက အိန္ဒိယပြည်သူ ၁ ဒသမ ၃ ဘီလီယံကို နေအိမ်တွင်သာနေထိုင်ရန် ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောခဲ့သော်လည်း အိဒရစ်တွင် ကြည့်ရန်ရုပ်မြင်သံကြားစက်မရှိတော့ချေ။
ဒေလီမြို ့တွင် မွတ်စလင်ဆန့်ကျင်ရေး အဓိကရုဏ်းအတွင်းသူ၏ ရုပ်မြင်သံကြားစက်အပြင် နေအိမ်ရှိအရာအားလုံး လုယူခံလိုက်ရသည်။
မိုဒီက အိန္ဒိယနိုင်ငံသားများကို နေအိမ်တွင်သာ နေထိုင်ရန် အမိန့်ချမှတ်လိုက်ကြောင်း လက်သမားတစ်ဦးဖြစ်သူ အိဒရစ် ခေါင်းကိုသာ ခါယမ်းနေမိခဲ့၏။
“ငါနားမလည်ဘူး ။ငါနားမလည်ဘူး။ ငါတို့မှာအိမ်မရှိတော့ဘူးဆိုတာ သူမသိဘူးလား ” ဖေဖော်ဝါရီ ၂၅ ရက်တွင် သူ၏ နေအိမ်မှာ အဓိကရုဏ်းလူအုပ်ကြီး၏ ဖျက်ဆီးခြင်းခံလိုက်ရသည်။
ဒေလီမြို့၏ အရှေ ့မြောက်ဖက်တွင် ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ် အကြမ်းဖက်မှုကြီးသည် ၄ရက်ခန့် ကြာမြင့်ခဲ့၏။
ဟိန္ဒူလူအုပ်ကြီးက မွတ်စလင်များကိုသတ်ဖြတ်ခြင်း ၊ နေအိမ်များကို ဖျက်ဆီးခြင်းပြုလုပ်ကြရာ ၅၃ ဦးသေဆုံးပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။
မွတ်စလင်မိသားစုများမှာ လက်ကိုင်ဖုန်းများကိုသာ ယူဆောင်ပြီး အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် အသက်လုထွက်ပြေးခဲ့ကြရသည်။
ယင်းနောက် မူစတာဖာဘက်ရှိ ဗလီဝန်းထဲတွင် တဲများထိုးကာ ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းတွင် နေထိုင်ခဲ့ကြရသည်။
အဆိုပါ ဒုက္ခသည်စခန်းသည် အိဒရစ်၊ သူ၏မိဘများ ၊ ဇနီးနှင့်ကလေး ၄ ဦးအတွက် ယာယီနေအိမ်ပင် ဖြစ်သည်။
နေအိမ်ပြန်လည်မွန်းမံရန်အတွက် လျော်ကြေးစောင့်ဆိုင်းနေစဉ်ကာလအတွင်း ထိုနေရာသည် အမိုးအကာနှင့်လုံခြုံမှုကို ပေးစွမ်းမည်ဖြစ်၏။
သို့သော် ဒေလီမြို့အာဏာပိုင်တို့က ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမည်ကို စိုးရိမ်သောကြောင့် ဒုက္ခသည်အားလုံး အဆိုပါ စခန်းမှထွက်ခါရန် အမိန့်ပေးခဲ့သည်။
ဒေလီမြို ့တွင် လူပေါင်း ၃၀ ထက်ပိုမိုသည့် မည်သည့်စုဝေးမှုမျိုးကိုမဆို တားမြစ်ထားပြီး ဖြစ်သည်။
“ကျွန်တော်အိမ် မီးလောင်ပြီးတော့ ဒုက္ခသည်စခန်းကို ရောက်တယ်။ အခုတခါ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဆိုပြီး ဒုက္ခသည်စခန်းကနေ မောင်းထုတ်ပြန်တယ်။ ကျွန်တော်နားမလည်နိုင်ဘူး။ ကျွန်တော့်ကို ဒီကထွက်သွားပြီး အိမ်ခန်းငှားနေဖို့ သူတို့က ပြောပါတယ်။ ဒါပေမယ့် အိမ်ရှင်ကို ကျွန်တော်က ဘယ်ပိုက်ဆံနဲ့ ပေးရမှာလဲ” ဟု အိဒရစ်က ဆိုသည်။
ဒေလီမြို့အုပ်ချုပ်ရေးအဖွဲ့က ပြောကြားရာတွင် မိသားစုဝင်အားလုံးကို ရိက္ခာအချို့နှင့် ရူပီး ၃၀၀၀ ပေးအပ်ကြောင်း ပြောကြား၏။ သို့သော် အဆိုပါငွေမှာ ဈေးအနည်းဆုံး အခန်းကျဉ်းတစ်ခန်း ငှားခသာရှိသည်။ အစားအသောက်ဝယ်ရန် ငွေမကျန်တော့။ ငွေရရန် အလုပ်ထွက်လုပ်၍လည်း မရ။ lockdown ချလိုက်ပြီ မဟုတ်ပါလော။
ဒေလီတွင် အိမ်ရှင်အများစုမှာ တစ်လစာ ကြိုတောင်းလေ့ရှိသည်။ အချို့မိသားစုများက ရိက္ခာရ၏။ အချို့သူတို့က ငွေသားရ၏။ အချို့သူတို့က နှစ်ခုလုံးရ၏။ အချို့သူတို့ကား တစ်ခုမှ မရ။
အိဒရစ်က ပဲနီလေး၊ သကြားနှင့် ဆန်တို့ရသည်။ သူ့ကို ထိုအရာများပေးကာ မောင်းထုတ်လိုက်ခြင်း ဖြစ်သည်။
ဒုက္ခသည်စခန်းဝန်းကျင်ရှိ လမ်းကြိုလမ်းကြားမှန်သမျှ ပိုက်စိပ်တိုက်ရှာဖွေပြီးနောက် အိမ်ရှင်တစ်ဦးနှင့် အိဒရစ်တွေ့သည်။
အဆိုပါအိမ်ရှင်က အိဒရစ်တို့ မိသားစုကို အိမ်ရှိအခန်းတစ်ခန်းတွင် ၂ ရက် ၃ ရက်နေထိုင်ခွင့်ပေးရန် သဘောတူခဲ့သည်။
“လာမယ့် တစ်ရက်နှစ်ရက်ဆိုရင် ဘာဆက်လုပ်ရမယ် ကျွန်တော်မသိပါဘူး။ သူက အိမ်ငှားခလိုချင်မှာပဲ။ ဒါက သဘာဝကျပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ ဘာမှ မရှိပါဘူး။ ကျွန်တော်အရာအားလုံး ဆုံးရှုံးသွားပြီးပါပြီ။ မိသားစုကို ထမင်းကျွေးဖို့အတွက် ကျွန်တော် အရေးတကြီး အလုပ်လုပ်ဖို့ လိုအပ်နေပါတယ်။ ကျွန်တော် အလုပ်သွားချင်တယ်။ ဒါပေမယ့် lockdown ချထားပါပြီ။ ကျွန်တော် အလုပ်လုပ်လို့ မရတော့ပါဘူး” ဟု အိဒရစ်က ဆိုသည်။
တစ်နေ့လုပ်မှ တစ်နေ့စားရသည့် ဆင်းရဲသား အိန္ဒိယပြည်သူများအတွက် ကိုရိုနာဗိုင်းရပ်စ်သည် ကပ်ဘေးမဟုတ်ဘဲ lockdown က ကပ်ဘေးဖြစ်လာသည်။
ဘတ်စ်ကားမောင်းသမားများ၊ ဟိုတယ်အကူများ၊ ကယ်ရီမောင်းသူများ၊ လက်သမားများ၊ လျှပ်စစ်မီးသမားများ၊ ရေပိုက်သမားများ၊ လက်မှုပညာသည်များနှင့် ခေါင်းရွက်ဗျပ်ထိုးဈေးသည်များသည် နေ့စဉ်ရှာဖွေရရှိသောငွေကလေးဖြင့် မိသားစုအတွက် ပဲနီလေး (သို့မဟုတ်) ဟင်းသီးဟင်းရွက် ဝယ်ယူကြရသူများ ဖြစ်သည်။
သူတို့တွင် စုဆောင်းထားငွေ တပုံတပင်မရှိ။ အစားအစာများ ကြာရှည်ထားသိုနိုင်မည့် ရေခဲသေတ္တာမရှိ။ မိုးထဲလေထဲ နေ့ရက်များအတွက် သိမ်းဆည်းစုဆောင်းထားသည့်အရာ တစ်ခုမျှမရှိ။
နေ့စားအလုပ်သမားတစ်ဦးက ပြောကြားရာတွင် “lockdown ချထားလို့ ဗိုင်းရပ်စ်ကြောင့် ကျွန်တော်တို့ မသေရင်လည်း ငတ်လို့ သေရလိမ့်မှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
အဓိကရုဏ်းကြောင့် အရာအားလုံးဆုံးရှုံးသွားခဲ့သည့် မိသားစုများမှာမူ ရင်ဆိုင်ရသည့်အခြေအနေများက ပိုမိုဆိုးရွားသည်။
သွေးဆာနေသော လူအုပ်ကြီး၏ ဝိုင်းဝန်းရိုက်နှက်သတ်ဖြတ်ခြင်း၊ မီးတင်ရှို့ခြင်းများကြောင့် သေဆုံးခဲ့ရသည့် မိမိတို့ ချစ်မြတ်နိုးသူများအတွက် ကြေကွဲဝမ်းနည်းကြရသည်။
ယခုအခါ ကိုရိုနာဗိုင်းရပ်စ်က ၎င်းတို့အားလုံးကို ပြင်းထန်စွာထိုးနှက်လိုက်ပြန်သည်။ ဂဟေဆက်သမားတစ်ဦးဖြစ်သူ အဗ္ဗဒူ ဆက်တာက ပြောကြားရာတွင် “လူတွေအားလုံး အိမ်ထဲမှာနေရမယ်လို့ မိုဒီပြောတာကြားတော့ ကျွန်တော့်မိန်းမဆို တော်တော်ပေါက်ကွဲသွားတယ်။ ကျွန်တော်တို့အိမ်က မီးရှို့ခံလိုက်ရပြီ။ မီးလောင်သွားတာ အင်္က ျီချိတ် တစ်ချောင်းတောင် မကျန်ခဲ့ပါဘူး။ အိမ်နံရံတွေပဲ ကျန်ခဲ့တယ်။ မိုဒီက ဘယ်အိမ်မှာ နေခိုင်းတာလဲ” ဟု ဆို၏။
သူက အိမ်သို့ပြန်ကာ မီးလောင်ပုံများကို ရှင်းလင်းဖယ်ရှားပြီး ပြန်လည်နေထိုင်လို၏။ သို့ရာတွင် အိမ်နီးချင်း ဟိန္ဒူတို့က ထပ်မံအကြမ်းဖက်လာမည်ကို သူနှင့်ဇနီးဖြစ်သူ မာတက်ဘ်တို့နှစ်ဦးလုံး စိုးရိမ်ကြသည်။
“ကျွန်မမှာ အဲ့ဒီတုန်းက ပါလာတာဆိုလို့ စောင်တစ်ထည်ပဲရှိပါတယ်။ သားကပြောတယ်။ လူအုပ်ကြီးလာနေပြီ။ ပြေးနိုင်သမျှ မြန်မြန်ပြေးလို့ပြောတော့ ကျွန်မလည်း စောင်တစ်ထည်ဆွဲပြီး ထွက်ပြေးတာပါ။ လမ်းပေါ်မှာ အိပ်ရမယ်ဆိုရင် စောင်က ကလေးတွေကို အကာအကွယ်ပေးနိုင်မယ်လို့ ထင်ပါတယ်” ဟု မာတက်ဘ်က ပြောကြားသည်။
ဗိုင်းရပ်စ်ပျံ့ပွားမှုကြောင့် ပြည်သူများကို ကာကွယ်နိုင်ရန် ထိရောက်သည့် စီမံမှုများ ပြုလုပ်ရန်လိုအပ်သည်ကို နားလည်ကြောင်း မီတက်ဘ်က ပြောသည်။
ဒေလီတွင် လူပေါင်း ၃၀ ကူးစက်ခံရပြီး ၁ ဦးသေဆုံးခဲ့ပြီ ဖြစ်သည်။ သူမတို့နေထိုင်ခဲ့ရာ ဒုက္ခသည်စခန်းသည် တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် မကိုက်ညီသည့် အခြေအနေများရှိပြီး ကပ်ရောဂါကြီးဖြစ်ပွားနိုင်သည့်နေရာဖြစ်လာနိုင်သည်ကိုလည်း မီတက်ဘ်က ဝန်ခံသည်။
သို့သော် အချို့မိသားစုများက လျော်ကြေးရကြသော်လည်း ငွေကြေးတစုံတရာမရသေးဘဲ သွားစရာနေရာမရှိသည့် သူမတို့က အဘယ်ကြောင့်အစိုးရက မောင်းထုတ်နေသည်ကို နားမလည်နိုင်ကြောင်း ပြောကြားသည်။
အချို့သော မိသားစုများမှာ အစိုးရထံမှ လျော်ကြေးရကြပြီး အချို့မှာ စောင့်ဆိုင်းနေဆဲ ဖြစ်သည်။
မွန်တက် တာဖာအမည်ရှိ အမျိုးသားသည်ကား အဓိကရုဏ်းအတွင်း သူ၏ ၂ ထပ်နေအိမ် မီးရှို့ခံလိုက်ရပြီး ၁၀ ပေပတ်လည် အခန်းကျဉ်းလေးတစ်ခု ငှားရမ်းကာ မိဘများ၊ အစ်ကို ၄ ဦး၊ အစ်ကိုများ၏ ဇနီးများနှင့်အတူ စုပေါင်းနေထိုင်နေရသည်။
မွန်တက် တာဖာက မိုဒီ၏ မိန့်ခွန်းကို အိမ်ရှင်၏ ဧည့်ခန်းမှ ရုပ်မြင်သံကြားတွင် ကြည့်လိုက်ရသည်။
“ကျွန်တော်သူ့ကို ပြောချင်တာက ကျွန်တော်တို့ ညတွင်းချင်း သူတောင်းစားတွေဖြစ်ကုန်ပါပြီ။ အိမ်ဆိုတဲ့စကားက ဘာကိုပြောတာမှန်း မသိတော့ပါဘူး။ ကျွန်တော်တို့မှာ အိမ်ရှိရှင် ပျော်ပျော်ကြီးနေမှာပါ။ ဒါပေမယ့် မရှိတော့ပါဘူး” ဟု ဆိုသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref:The Guardian
### Zawgyi Version ###
Lockdown ခ်လိုက္တဲ့ အိႏၵိယ ဘာေတြျဖစ္ေနသလဲ
မိုဟာမက္ အိဒရစ္တစ္ေယာက္ အလြန္စိတ္ပ်က္ေနသည္။ ဝန္ႀကီးခ်ဳပ္ နာဒရန္ဒရာ မိုဒီက အိႏၵိယျပည္သူ ၁ ဒသမ ၃ ဘီလီယံကို ေနအိမ္တြင္သာေနထိုင္ရန္ ႐ုပ္ျမင္သံၾကားမွတစ္ဆင့္ မိန႔္ခြန္းေျပာခဲ့ေသာ္လည္း အိဒရစ္တြင္ ၾကည့္ရန္႐ုပ္ျမင္သံၾကားစက္မရွိေတာ့ေခ်။
ေဒလီၿမိဳ ့တြင္ မြတ္စလင္ဆန႔္က်င္ေရး အဓိက႐ုဏ္းအတြင္းသူ၏ ႐ုပ္ျမင္သံၾကားစက္အျပင္ ေနအိမ္ရွိအရာအားလုံး လုယူခံလိုက္ရသည္။
မိုဒီက အိႏၵိယႏိုင္ငံသားမ်ားကို ေနအိမ္တြင္သာ ေနထိုင္ရန္ အမိန႔္ခ်မွတ္လိုက္ေၾကာင္း လက္သမားတစ္ဦးျဖစ္သူ အိဒရစ္ ေခါင္းကိုသာ ခါယမ္းေနမိခဲ့၏။
“ငါနားမလည္ဘူး ။ငါနားမလည္ဘူး။ ငါတို႔မွာအိမ္မရွိေတာ့ဘူးဆိုတာ သူမသိဘူးလား ” ေဖေဖာ္ဝါရီ ၂၅ ရက္တြင္ သူ၏ ေနအိမ္မွာ အဓိက႐ုဏ္းလူအုပ္ႀကီး၏ ဖ်က္ဆီးျခင္းခံလိုက္ရသည္။
ေဒလီၿမိဳ႕၏ အေရွ ့ေျမာက္ဖက္တြင္ ျဖစ္ပြားခဲ့ေသာ ေၾကာက္မက္ဖြယ္ အၾကမ္းဖက္မႈႀကီးသည္ ၄ရက္ခန႔္ ၾကာျမင့္ခဲ့၏။
ဟိႏၵဴလူအုပ္ႀကီးက မြတ္စလင္မ်ားကိုသတ္ျဖတ္ျခင္း ၊ ေနအိမ္မ်ားကို ဖ်က္ဆီးျခင္းျပဳလုပ္ၾကရာ ၅၃ ဦးေသဆုံးၿပီး ေထာင္ေပါင္းမ်ားစြာ ဒဏ္ရာရရွိခဲ့သည္။
မြတ္စလင္မိသားစုမ်ားမွာ လက္ကိုင္ဖုန္းမ်ားကိုသာ ယူေဆာင္ၿပီး အဝတ္တစ္ထည္ကိုယ္တစ္ခုျဖင့္ အသက္လုထြက္ေျပးခဲ့ၾကရသည္။
ယင္းေနာက္ မူစတာဖာဘက္ရွိ ဗလီဝန္းထဲတြင္ တဲမ်ားထိုးကာ ဖြင့္လွစ္ထားေသာ ဒုကၡသည္စခန္းတြင္ ေနထိုင္ခဲ့ၾကရသည္။
အဆိုပါ ဒုကၡသည္စခန္းသည္ အိဒရစ္၊ သူ၏မိဘမ်ား ၊ ဇနီးႏွင့္ကေလး ၄ ဦးအတြက္ ယာယီေနအိမ္ပင္ ျဖစ္သည္။
ေနအိမ္ျပန္လည္မြန္းမံရန္အတြက္ ေလ်ာ္ေၾကးေစာင့္ဆိုင္းေနစဥ္ကာလအတြင္း ထိုေနရာသည္ အမိုးအကာႏွင့္လုံၿခဳံမႈကို ေပးစြမ္းမည္ျဖစ္၏။
သို႔ေသာ္ ေဒလီၿမိဳ႕အာဏာပိုင္တို႔က ကို႐ိုနာဗိုင္းရပ္စ္ ျပန႔္ပြားမည္ကို စိုးရိမ္ေသာေၾကာင့္ ဒုကၡသည္အားလုံး အဆိုပါ စခန္းမွထြက္ခါရန္ အမိန႔္ေပးခဲ့သည္။
ေဒလီၿမိဳ ့တြင္ လူေပါင္း ၃၀ ထက္ပိုမိုသည့္ မည္သည့္စုေဝးမႈမ်ိဳးကိုမဆို တားျမစ္ထားၿပီး ျဖစ္သည္။
“ကြၽန္ေတာ္အိမ္ မီးေလာင္ၿပီးေတာ့ ဒုကၡသည္စခန္းကို ေရာက္တယ္။ အခုတခါ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ဆိုၿပီး ဒုကၡသည္စခန္းကေန ေမာင္းထုတ္ျပန္တယ္။ ကြၽန္ေတာ္နားမလည္ႏိုင္ဘူး။ ကြၽန္ေတာ့္ကို ဒီကထြက္သြားၿပီး အိမ္ခန္းငွားေနဖို႔ သူတို႔က ေျပာပါတယ္။ ဒါေပမယ့္ အိမ္ရွင္ကို ကြၽန္ေတာ္က ဘယ္ပိုက္ဆံနဲ႔ ေပးရမွာလဲ” ဟု အိဒရစ္က ဆိုသည္။
ေဒလီၿမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႕က ေျပာၾကားရာတြင္ မိသားစုဝင္အားလုံးကို ရိကၡာအခ်ိဳ႕ႏွင့္ ႐ူပီး ၃၀၀၀ ေပးအပ္ေၾကာင္း ေျပာၾကား၏။ သို႔ေသာ္ အဆိုပါေငြမွာ ေဈးအနည္းဆုံး အခန္းက်ဥ္းတစ္ခန္း ငွားခသာရွိသည္။ အစားအေသာက္ဝယ္ရန္ ေငြမက်န္ေတာ့။ ေငြရရန္ အလုပ္ထြက္လုပ္၍လည္း မရ။ lockdown ခ်လိုက္ၿပီ မဟုတ္ပါေလာ။
ေဒလီတြင္ အိမ္ရွင္အမ်ားစုမွာ တစ္လစာ ႀကိဳေတာင္းေလ့ရွိသည္။ အခ်ိဳ႕မိသားစုမ်ားက ရိကၡာရ၏။ အခ်ိဳ႕သူတို႔က ေငြသားရ၏။ အခ်ိဳ႕သူတို႔က ႏွစ္ခုလုံးရ၏။ အခ်ိဳ႕သူတို႔ကား တစ္ခုမွ မရ။
အိဒရစ္က ပဲနီေလး၊ သၾကားႏွင့္ ဆန္တို႔ရသည္။ သူ႔ကို ထိုအရာမ်ားေပးကာ ေမာင္းထုတ္လိုက္ျခင္း ျဖစ္သည္။
ဒုကၡသည္စခန္းဝန္းက်င္ရွိ လမ္းႀကိဳလမ္းၾကားမွန္သမွ် ပိုက္စိပ္တိုက္ရွာေဖြၿပီးေနာက္ အိမ္ရွင္တစ္ဦးႏွင့္ အိဒရစ္ေတြ႕သည္။
အဆိုပါအိမ္ရွင္က အိဒရစ္တို႔ မိသားစုကို အိမ္ရွိအခန္းတစ္ခန္းတြင္ ၂ ရက္ ၃ ရက္ေနထိုင္ခြင့္ေပးရန္ သေဘာတူခဲ့သည္။
“လာမယ့္ တစ္ရက္ႏွစ္ရက္ဆိုရင္ ဘာဆက္လုပ္ရမယ္ ကြၽန္ေတာ္မသိပါဘူး။ သူက အိမ္ငွားခလိုခ်င္မွာပဲ။ ဒါက သဘာဝက်ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္မွာ ဘာမွ မရွိပါဘူး။ ကြၽန္ေတာ္အရာအားလုံး ဆုံးရႈံးသြားၿပီးပါၿပီ။ မိသားစုကို ထမင္းေကြၽးဖို႔အတြက္ ကြၽန္ေတာ္ အေရးတႀကီး အလုပ္လုပ္ဖို႔ လိုအပ္ေနပါတယ္။ ကြၽန္ေတာ္ အလုပ္သြားခ်င္တယ္။ ဒါေပမယ့္ lockdown ခ်ထားပါၿပီ။ ကြၽန္ေတာ္ အလုပ္လုပ္လို႔ မရေတာ့ပါဘူး” ဟု အိဒရစ္က ဆိုသည္။
တစ္ေန႔လုပ္မွ တစ္ေန႔စားရသည့္ ဆင္းရဲသား အိႏၵိယျပည္သူမ်ားအတြက္ ကို႐ိုနာဗိုင္းရပ္စ္သည္ ကပ္ေဘးမဟုတ္ဘဲ lockdown က ကပ္ေဘးျဖစ္လာသည္။
ဘတ္စ္ကားေမာင္းသမားမ်ား၊ ဟိုတယ္အကူမ်ား၊ ကယ္ရီေမာင္းသူမ်ား၊ လက္သမားမ်ား၊ လွ်ပ္စစ္မီးသမားမ်ား၊ ေရပိုက္သမားမ်ား၊ လက္မႈပညာသည္မ်ားႏွင့္ ေခါင္း႐ြက္ဗ်ပ္ထိုးေဈးသည္မ်ားသည္ ေန႔စဥ္ရွာေဖြရရွိေသာေငြကေလးျဖင့္ မိသားစုအတြက္ ပဲနီေလး (သို႔မဟုတ္) ဟင္းသီးဟင္း႐ြက္ ဝယ္ယူၾကရသူမ်ား ျဖစ္သည္။
သူတို႔တြင္ စုေဆာင္းထားေငြ တပုံတပင္မရွိ။ အစားအစာမ်ား ၾကာရွည္ထားသိုႏိုင္မည့္ ေရခဲေသတၱာမရွိ။ မိုးထဲေလထဲ ေန႔ရက္မ်ားအတြက္ သိမ္းဆည္းစုေဆာင္းထားသည့္အရာ တစ္ခုမွ်မရွိ။
ေန႔စားအလုပ္သမားတစ္ဦးက ေျပာၾကားရာတြင္ “lockdown ခ်ထားလို႔ ဗိုင္းရပ္စ္ေၾကာင့္ ကြၽန္ေတာ္တို႔ မေသရင္လည္း ငတ္လို႔ ေသရလိမ့္မွာ ျဖစ္ပါတယ္” ဟု ဆိုသည္။
အဓိက႐ုဏ္းေၾကာင့္ အရာအားလုံးဆုံးရႈံးသြားခဲ့သည့္ မိသားစုမ်ားမွာမူ ရင္ဆိုင္ရသည့္အေျခအေနမ်ားက ပိုမိုဆိုး႐ြားသည္။
ေသြးဆာေနေသာ လူအုပ္ႀကီး၏ ဝိုင္းဝန္း႐ိုက္ႏွက္သတ္ျဖတ္ျခင္း၊ မီးတင္ရႈိ႕ျခင္းမ်ားေၾကာင့္ ေသဆုံးခဲ့ရသည့္ မိမိတို႔ ခ်စ္ျမတ္ႏိုးသူမ်ားအတြက္ ေၾကကြဲဝမ္းနည္းၾကရသည္။
ယခုအခါ ကို႐ိုနာဗိုင္းရပ္စ္က ၎တို႔အားလုံးကို ျပင္းထန္စြာထိုးႏွက္လိုက္ျပန္သည္။ ဂေဟဆက္သမားတစ္ဦးျဖစ္သူ အဗၺဒူ ဆက္တာက ေျပာၾကားရာတြင္ “လူေတြအားလုံး အိမ္ထဲမွာေနရမယ္လို႔ မိုဒီေျပာတာၾကားေတာ့ ကြၽန္ေတာ့္မိန္းမဆို ေတာ္ေတာ္ေပါက္ကြဲသြားတယ္။ ကြၽန္ေတာ္တို႔အိမ္က မီးရႈိ႕ခံလိုက္ရၿပီ။ မီးေလာင္သြားတာ အကၤ ်ီခ်ိတ္ တစ္ေခ်ာင္းေတာင္ မက်န္ခဲ့ပါဘူး။ အိမ္နံရံေတြပဲ က်န္ခဲ့တယ္။ မိုဒီက ဘယ္အိမ္မွာ ေနခိုင္းတာလဲ” ဟု ဆို၏။
သူက အိမ္သို႔ျပန္ကာ မီးေလာင္ပုံမ်ားကို ရွင္းလင္းဖယ္ရွားၿပီး ျပန္လည္ေနထိုင္လို၏။ သို႔ရာတြင္ အိမ္နီးခ်င္း ဟိႏၵဴတို႔က ထပ္မံအၾကမ္းဖက္လာမည္ကို သူႏွင့္ဇနီးျဖစ္သူ မာတက္ဘ္တို႔ႏွစ္ဦးလုံး စိုးရိမ္ၾကသည္။
“ကြၽန္မမွာ အဲ့ဒီတုန္းက ပါလာတာဆိုလို႔ ေစာင္တစ္ထည္ပဲရွိပါတယ္။ သားကေျပာတယ္။ လူအုပ္ႀကီးလာေနၿပီ။ ေျပးႏိုင္သမွ် ျမန္ျမန္ေျပးလို႔ေျပာေတာ့ ကြၽန္မလည္း ေစာင္တစ္ထည္ဆြဲၿပီး ထြက္ေျပးတာပါ။ လမ္းေပၚမွာ အိပ္ရမယ္ဆိုရင္ ေစာင္က ကေလးေတြကို အကာအကြယ္ေပးႏိုင္မယ္လို႔ ထင္ပါတယ္” ဟု မာတက္ဘ္က ေျပာၾကားသည္။
ဗိုင္းရပ္စ္ပ်ံ႕ပြားမႈေၾကာင့္ ျပည္သူမ်ားကို ကာကြယ္ႏိုင္ရန္ ထိေရာက္သည့္ စီမံမႈမ်ား ျပဳလုပ္ရန္လိုအပ္သည္ကို နားလည္ေၾကာင္း မီတက္ဘ္က ေျပာသည္။
ေဒလီတြင္ လူေပါင္း ၃၀ ကူးစက္ခံရၿပီး ၁ ဦးေသဆုံးခဲ့ၿပီ ျဖစ္သည္။ သူမတို႔ေနထိုင္ခဲ့ရာ ဒုကၡသည္စခန္းသည္ တစ္ကိုယ္ေရသန႔္ရွင္းမႈႏွင့္ မကိုက္ညီသည့္ အေျခအေနမ်ားရွိၿပီး ကပ္ေရာဂါႀကီးျဖစ္ပြားႏိုင္သည့္ေနရာျဖစ္လာႏိုင္သည္ကိုလည္း မီတက္ဘ္က ဝန္ခံသည္။
သို႔ေသာ္ အခ်ိဳ႕မိသားစုမ်ားက ေလ်ာ္ေၾကးရၾကေသာ္လည္း ေငြေၾကးတစုံတရာမရေသးဘဲ သြားစရာေနရာမရွိသည့္ သူမတို႔က အဘယ္ေၾကာင့္အစိုးရက ေမာင္းထုတ္ေနသည္ကို နားမလည္ႏိုင္ေၾကာင္း ေျပာၾကားသည္။
အခ်ိဳ႕ေသာ မိသားစုမ်ားမွာ အစိုးရထံမွ ေလ်ာ္ေၾကးရၾကၿပီး အခ်ိဳ႕မွာ ေစာင့္ဆိုင္းေနဆဲ ျဖစ္သည္။
မြန္တက္ တာဖာအမည္ရွိ အမ်ိဳးသားသည္ကား အဓိက႐ုဏ္းအတြင္း သူ၏ ၂ ထပ္ေနအိမ္ မီးရႈိ႕ခံလိုက္ရၿပီး ၁၀ ေပပတ္လည္ အခန္းက်ဥ္းေလးတစ္ခု ငွားရမ္းကာ မိဘမ်ား၊ အစ္ကို ၄ ဦး၊ အစ္ကိုမ်ား၏ ဇနီးမ်ားႏွင့္အတူ စုေပါင္းေနထိုင္ေနရသည္။
မြန္တက္ တာဖာက မိုဒီ၏ မိန႔္ခြန္းကို အိမ္ရွင္၏ ဧည့္ခန္းမွ ႐ုပ္ျမင္သံၾကားတြင္ ၾကည့္လိုက္ရသည္။
“ကြၽန္ေတာ္သူ႔ကို ေျပာခ်င္တာက ကြၽန္ေတာ္တို႔ ညတြင္းခ်င္း သူေတာင္းစားေတြျဖစ္ကုန္ပါၿပီ။ အိမ္ဆိုတဲ့စကားက ဘာကိုေျပာတာမွန္း မသိေတာ့ပါဘူး။ ကြၽန္ေတာ္တို႔မွာ အိမ္ရွိရွင္ ေပ်ာ္ေပ်ာ္ႀကီးေနမွာပါ။ ဒါေပမယ့္ မရွိေတာ့ပါဘူး” ဟု ဆိုသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref:The Guardian