COVID-19 ကြောင့် ရေနံဈေးနှုန်း ၁၈ နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်း
COVID-19 ကြောင့် ရေနံဈေးနှုန်း ၁၈ နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်း - Property News in Myanmar from iMyanmarHouse.com
1 Apr 2020 11:04 am တွင် တင်ခဲ့သည်
806 ကြိမ် ကြည့်ရှု့ပြီး
### Unicode Version ###
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ရေနံစိမ်းဝယ်လိုအားကျဆင်းသဖြင့် ရေနံဈေးနှုန်းသည် ၂၀၀၂ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ စံချိန်တင်ကျဆင်းခဲ့ပြီဖြစ်သည်။
မတ် ၃၀ က ရေနံစိမ်း တစ်စည်လျှင် တစ်ပွိုင့်နှုန်းဖြင့် အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅၈ သို့ ၂၀၀၂ ခုနှစ် နိုဝင်ဘာကတည်းက အနိမ့်ဆုံးနှုန်းအဖြစ် ကျဆင်းခဲ့ကြောင်း သိရသည်။
ကုမ္ပဏီများက ထုတ်လုပ်မှုကို လျှော့ချ သို့မဟုတ် ရပ်နားကြသဖြင့် ပြီးခဲ့သည့်လအတွင်း ရေနံဈေးနှုန်းများ ထက်ဝက်ကျော်ကျဆင်းခဲ့သည်။
ဝယ်လိုအားကျဆင်းသည့်အပြင် ယခုလအစောပိုင်းက ဆော်ဒီအာရေဗျနှင့် ရုရှားအကြား ဈေးနှုန်းစစ်ပွဲတစ်ခု ဖြစ်ပွားခဲ့သေးသည်။
ရေနံထုတ်လုပ်သည့်နိုင်ငံများအဖွဲ့OPEC အဖွဲ့ဝင်များနှင့် သဘောတူထားသည့် ထုတ်လုပ်မှုလျှော့ချမှုများကို ထောက်ခံရန် ရုရှားအား ဆော်ဒီအနေဖြင့် မစည်းရုံးနိုင်ရာမှ ထိုစစ်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာတစ်ဝန်းရှိ ရေနံသန့်စင်စက်ရုံများက ရေနံသန့်စင်မှုလုပ်ငန်းကို လျှော့ချလုပ်‌ဆောင်လာသဖြင့် အဆိုပါသဘောတူချက်ထွက်ရှိလာခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်နှိမ်နင်းရန် ပိုမိုတင်းကျပ်ပြင်းထန်သောအစီအမံများ ဆောင်ရွက်လာသည်ဖြစ်ရာ လေကြောင်းလိုင်းများပျံသန်းမှုရပ်နားထားရခြင်းနှင့် လမ်းပေါ်တွင် ကားများပိုမိုနည်းပါးလာခြင်း စသည့် ပို့ဆောင်ရေးယာဥ်အသုံးပြုမှု ပို၍ပို၍နည်းလာကြသဖြင့် ရေနံဆီဝယ်လိုအား အလွန်အထိနာလာြခင်းဖြစ်ကြောင်း သိရသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: BBC
### Zawgyi Version ###
ကမ္ဘာ့နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်နှိမ်နင်းရန် ပိုမိုတင်းကျပ်ပြင်းထန်သောအစီအမံများ ဆောင်ရွက်လာသည်ဖြစ်ရာ လေကြောင်းလိုင်းများပျံသန်းမှုရပ်နားထားရခြင်းနှင့် လမ်းပေါ်တွင် ကားများပိုမိုနည်းပါးလာခြင်း စသည့် ပို့ဆောင်ရေးယာဉ်အသုံးပြုမှု ပို၍ပို၍နည်းလာကြသဖြင့် ရေနံဆီဝယ်လိုအား အလွန်အထိနာလာခြင်းဖြစ်ကြောင်း သိရသည်။
Ref: BBC
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
The Crest
Ponnami Estate
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service