ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Unicode Version ###
၂၀၂၀ ဇန်နဝါရီနှင့်ဖေဖော်ဝါရီလ နှစ်လအတွင်း အိမ်ယာကဏ္ဍတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာသန်း ၁၆၀ ကျော်ဝင်ရောက်ခဲ့ပြီး နှစ်လအတွင်း စတုတ္ထအများဆုံးဝင်ရောက်သည့် ကဏ္ဍဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်သည်။
နှစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့်ဝင်ရောက်ထားပြီး အများဆုံးမှာ လျှပ်စစ်၊ ရေနံနှင့်သဘာဝဓာတ်နှင့် စက်မှုကဏ္ဍတို့ဖြစ်သည်။
အိမ်ယာကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း ၂ ခုကို ထိုနှစ်လအတွင်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ထိုနှစ်လအတွင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုကို ကျပ် ၄ ဘီလီယံဖိုးခွင့်ပြုခဲ့သည်ဟု ကော်မရှင်က ထုတ်ပြန်ထားသည်။ ထိုပြင် ဟိုတယ်လုပ်ငန်းတွင် ကျပ် ဘီလီယံ ၆၀ကျော်ဖိုးခွင့်ပြုခဲ့သည်ဟုလည်းဆိုသည်၊
ယခုဘဏ္ဍာနှစ် ငါးလအတွင်း အိမ်ယာကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၆၀၀ကျော်ဝင်ရောက်ထားပြီး လျှပ်စစ်ကဏ္ဍပြီးလျှင် အများဆုံးဖြစ်သည်။
အိမ်ယာကဏ္ဍတွင် နိုင်ငံခြားလုပ်ငန်းပေါင်း ၅ ခုကို ယခု ငါးလအတွင်းခွင့်ပြုထားသည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
အိမ္ယာတည္ေဆာက္ေရးတြင္ ႏွစ္လအတြင္း ျပည္ပမွ ကန္ေဒၚလာ သန္း ၁၆၀ေက်ာ္ဝင္ေရာက္ ရင္းႏွီးျမႇဳပ္ႏွံထား
၂၀၂၀ ဇန္နဝါရီႏွင့္ေဖေဖာ္ဝါရီလ ႏွစ္လအတြင္း အိမ္ယာက႑တြင္ ႏိုင္ငံျခားသား ရင္းႏွီးျမႇဳပ္ႏွံမႈက ေဒၚလာသန္း ၁၆၀ ေက်ာ္ဝင္ေရာက္ခဲ့ၿပီး ႏွစ္လအတြင္း စတုတၳအမ်ားဆုံးဝင္ေရာက္သည့္ က႑ျဖစ္သည္ဟု ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က ထုတ္ျပန္သည္။
ႏွစ္လအတြင္း ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ေဒၚလာ ၁ ဒသမ ၅ ဘီလီယံခန႔္ဝင္ေရာက္ထားၿပီး အမ်ားဆုံးမွာ လွ်ပ္စစ္၊ ေရနံႏွင့္သဘာဝဓာတ္ႏွင့္ စက္မႈက႑တို႔ျဖစ္သည္။
အိမ္ယာက႑တြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသည့္ လုပ္ငန္း ၂ ခုကို ထိုႏွစ္လအတြင္းခြင့္ျပဳခဲ့ျခင္းျဖစ္သည္။
ထိုႏွစ္လအတြင္း ႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းတစ္ခုကို က်ပ္ ၄ ဘီလီယံဖိုးခြင့္ျပဳခဲ့သည္ဟု ေကာ္မရွင္က ထုတ္ျပန္ထားသည္။ ထိုျပင္ ဟိုတယ္လုပ္ငန္းတြင္ က်ပ္ ဘီလီယံ ၆၀ေက်ာ္ဖိုးခြင့္ျပဳခဲ့သည္ဟုလည္းဆိုသည္၊
ယခုဘ႑ာႏွစ္ ငါးလအတြင္း အိမ္ယာက႑တြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ေဒၚလာ သန္း ၆၀၀ေက်ာ္ဝင္ေရာက္ထားၿပီး လွ်ပ္စစ္က႑ၿပီးလွ်င္ အမ်ားဆုံးျဖစ္သည္။
အိမ္ယာက႑တြင္ ႏိုင္ငံျခားလုပ္ငန္းေပါင္း ၅ ခုကို ယခု ငါးလအတြင္းခြင့္ျပဳထားသည္။
စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com