ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Unicode Version ###
ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် lockdown ချထားမှုကို မလိုက်နာသည့် နိုင်ငံသားများအား ဖမ်းဆီးနိုင်ခွင့်နှင့် ဒဏ်ငွေချမှတ်နိုင်ခွင့် အာဏာ ရဲတပ်ဖွဲ့အား ပေးအပ်လိုက်သည်။ အဆိုပါလုပ်ပိုင်ခွင့်အရ ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူများကို နေအိမ်တွင်သာ နေထိုင်ကြစေရန်နှင့် မလိုအပ်ဘဲအပြင်မထွက်ရန် ကွပ်ကဲရမည်ဖြစ်သည်။ မလိုက်နာသည့် ပြည်သူများကို ရဲတပ်ဖွဲ့က လုပ်ဆောင်နိုင်သည်မှာ
- ၎င်းတို့ရောက်နေသည့်နေရာမှ ထွက်ခွာကာ အိမ်ပြန်ရန်၊ လူစုခွဲရန် ညွှန်ကြားနိုင်သည်။
- ကလေးများ စည်းမျဉ်းမချိုးဖောက်စေရန် မိဘများကို ကြပ်မတ်စေခြင်း ပြုလုပ်နိုင်သည်။
- ဒဏ်ငွေ ပေါင် ၆၀ ချမှတ်နိုင်သည်။ အကယ်၍ ၁၄ ရက်အတွင်း ဒဏ်ငွေပေးဆောင်မည်ဆိုလျှင် ဒဏ်ငွေကို ပေါင် ၃၀ သို့ လျှော့ချပေးမည်ဖြစ်သည်။
- ဒုတိယအကြိမ် စည်းကမ်းမလိုက်နာသူများကို ပေါင် ၁၂၀ ချမှတ်ရမည် ဖြစ်သည်။ ဆက်လက်၍ ဖောက်ဖျက်နေဦးမည်ဆိုပါက အကြိမ်တိုင်းတွင် ၂ ဆတိုးက ဒဏ်ငွေပေးဆောင်စေရမည်ဟု ဆိုသည်။
- ဒဏ်ငွေမပေးဆောင်သူများကို တရားရုံးသို့ ပို့ဆောင်တရားစွဲရမည်ဖြစ်ပြီး တရားသူကြီးက ပိုမိုများပြားသည့် ပြစ်ဒဏ်ကို ချမှတ်လိမ့်မည် ဖြစ်သည်။
- ရဲတပ်ဖွဲ့က လမ်းညွှန်မှုကို လိုက်နာရန် ငြင်းဆန်ပါက ဖမ်းဆီးနိုင်ခွင့်ရှိသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
ဗြိတိန်တွင် lockdown ချမှတ်ထားမှုကို မလိုက်နာသူများအား ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူမည်