ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Unicode Version ###
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲနေသော စက်မှုမြေကွက်အား နှစ်ရှည်ငှားရမ်းမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဖေဖေါ်ဝါရီ ၂၃ ရက်က ကြေညာထားသည်။
အဆိုပါ စီမံခွင့်ရသောမြေမှာ လှိုင်သာယာစက်မှုဇုန်၊အပိုင်း(၃)၊ဗန်းမော်အတွင်ဝန်လမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်၊မြေကွက်အမှတ် (၅၁)၊မြေဧရိယာ(၂ ဒသမ ၅)ဧကကို နှစ်ရှည်ငှာရမ်းမည်ဖြစ်ကြောင်းသိရသည်။
ပြည်တွင်ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်ရှင်များ အနေဖြင့် ယင်းမြေကွက်တွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်လိုပါက နှစ်စဉ် ငှားရမ်းခကို အမေရိကန်ဒေါ်လာဖြင့် ပေးသွင်းရမည်ဖြစ်ကြောင်း ကြေညာထားပြီး တင်ဒါစတင်ပေးသွင်းရက်မှာ ၂၃.၃.၂၀၂၀ နေ့ ဖြစ်ပြီး ၃၀.၄.၂၀၂၀ ရက်တွင် တင်ဒါပိတ်သိမ်းမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေး ကြေညာထားသည်။
ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###