အင်္ဂလန်ဝန်ကြီးချုပ် အခြေစိုက်ရာ လန်ဒန်မြို့၊ ဒေါင်းနင်းလမ်း အမှတ် ၁၀ သို့ လော်ရီကားကြီးဆိုက်ရောက်လာ။ ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဆာဂျစ် ဂျာဗစ် မိသားစု အိမ်ပြောင်းကာ ဝန်ကြီးသစ် ရီရှီ ဆူးနက် ရွှေ့ပြောင်းလာမည်

အင်္ဂလန်ဝန်ကြီးချုပ် အခြေစိုက်ရာ လန်ဒန်မြို့၊ ဒေါင်းနင်းလမ်း အမှတ် ၁၀ သို့ လော်ရီကားကြီးဆိုက်ရောက်လာ။ ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဆာဂျစ် ဂျာဗစ် မိသားစု အိမ်ပြောင်းကာ ဝန်ကြီးသစ် ရီရှီ ဆူးနက် ရွှေ့ပြောင်းလာမည် - Property News in Myanmar from iMyanmarHouse.com
24 Mar 2020 12:55 pm တွင် တင်ခဲ့သည်
4705 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ဆာဂျစ် ဂျာဗစ်သည် ကွန်ဆာဗေးတစ်ပါတီဝင်ဖြစ်ပြီး လွှတ်တော်အမတ်အဖြစ် ၂၀၁၀ မှစတင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၂၀၁၈ မှ ၂၀၁၉ ခုနှစ်အထိ ပြည်ထဲရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ၂၀၁၉ မှ ၂၀၂၀ အထိ ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းရာတွင် ဆာဂျစ် ဂျာဗစ်၏ နေရာတွင် ရီရှီ ဆူးနက်က ဘဏ္ဍာရေးဝန်ကြီးအဖြစ် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှ စတင်ပြီး တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၂၀ ရက်တွင် အင်္ဂလန်ဝန်ကြီးချုပ်ရုံးစိုက်ရာ ဒေါင်းနင်းလမ်းသို့ နေအိမ်ရွှေ့ပြောင်းသည့် ဗန်ကားတစ်စင်းရောက်လာသည်။

ဘဏ္ဍာရေးဝန်ကြီး ဆာဂျစ် ဂျာဗစ်၏ ပစ္စည်းပစ္စယများ သယ်ထုတ်ရန်နှင့် ရာထူးဆက်ခံသူ ရီရှီ ဆူးနက် ရုံးစိုက်ရန် ဖြစ်သည်။

ဒေါင်းနင်းလမ်း၊ အမှတ် ၁၁ ရုံးရှေ့သို့ ကြီးမားလှသည့် လော်ရီကားကြီး ဆိုက်ရောက်လာပြီး ဘဏ္ဍာရေးဝန်ကြီးဟောင်းနှင့် မိသားစု ပြောင်းရွှေ့ရန် စီစဉ်ခဲ့သည်။

အဆိုပါ လော်ရီကားကြီးမှာ အိမ်ပြောင်းအိမ်ရွှေ့ကုမ္ပဏီတစ်ခုဖြစ်သော Bishop's Move မှဖြစ်၏။ မစ္စတာဂျာဗစ်သည် ဘဏ္ဍာရေးဝန်ကြီး အဖြစ် ခန့်ထားခံရစဉ်ကလည်း အဆိုပါကုမ္ပဏီမှ မော်တော်ကားဖြင့်ပင် ဒေါင်းနင်းလမ်း အမှတ် ၁၀ သို့ မိသားစု ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

စင်စစ်ကား ဒေါင်းနင်းလမ်း အမှတ် ၁၀ သည် အင်္ဂလန်ဝန်ကြီးချုပ် ရုံးစိုက်ရမည့်နှေရာဖြစ်၏။

သို့သော် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အိပ်ခန်း ၄ ခန်းပါဝင်ပြီး ပိုမိုကြီးမားကျယ်ဝန်းသည့် အမှတ် ၁၁ နေရာကို ရုံးခန်းအဖြစ် ရွေးချယ်လိုက်ပြီး သူ၏ ချစ်သူမိန်းကလေး ကာရီ ဆိုင်မွန်နှင့်အတူ ပြောင်းရွှေ့နေထိုင်ခဲ့သောကြောင့် မစ္စတာဂျာဗစ်နှင့် မိသားစုက ဒေါင်းနင်းလမ်း အမှတ် ၁၀ ၏ အပေါ်ထပ် အိပ်ခန်း ၂ ခန်းပါ အခန်းတွင် နေထိုင်ခဲ့ရခြင်း ဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီးသစ် ရီရှီ ဆူးနက်သည် ယော့ခ်ရှိုင်းယားခရိုင်၊ ရစ်ချ်မွန်းမြို့ မဲဆန္ဒနယ်မှ လွှတ်တော်အမတ်ဖြစ်ပြီး ယော့ခ်ရှိုင်းယား၏ မဟာရာဇာဟု တင်စားခေါ်ဝေါ်ခံရသူ ဖြစ်သည်။

ရီရှီ ဆူးနက်သည် အက်ရှာတာနှင့် လက်ထပ်ခဲ့ပြီး ကရစ်ရှနားနှင့် အနုရှ်ကာအမည်ရှိ သမီး ၂ ဦးထွန်းကားသည်။

မစ္စတာဂျာဗစ်မှာ ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ရုတ်တရက်ရာထူးမှ ထွက်ခွာသွားခြင်း ဖြစ်သည်။

ယခင်က ဒေါင်းနင်းလမ်း၊ အမှတ် ၁၀ သည် အင်္ဂလန်ဝန်ကြီးချုပ်၏ စံအိမ်၊ အခြေစိုက်ရုံးအဖြစ် ကမ္ဘာကျော်ခဲ့သော်လည်း ၁၉၉၇ ခုနှစ်မှစတင်ပြီး ဝန်ကြီးချုပ်များနှင့် ၎င်းတို့၏ မိသားစုများသည် အမှတ် ၁၁ တွင် နေထိုင်လာကြသည်။

ဝန်ကြီးချုပ် တိုနီဘလဲနဲ့ ဇနီးဖြစ်သူ ရှေရီ ဘလဲတို့က အိပ်ခန်း ၂ ခန်းသာပါသော အမှတ် ၁၀ ရုံးနေရာထက် ပိုမိုကျယ်ဝန်းသည် အမှတ် ၁၁ ကို ရွေးချယ်လိုက်ခြင်းမှ စတင်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက်ပိုင်း အဆိုပါ လမ်းကြောင်းအတိုင်းပင် နောက်ထပ်ဆက်ခံလာသော ဝန်ကြီးချုပ်များက လျှောက်လှမ်းခဲ့ကြ၏။

ဂေါ်ဒွန်ဘရောင်းနှင့် ဇနီးဖြစ်သူ ဆာရာ၊ ဒေးဗစ်ကင်မရွန်နှင့် ဆမန်သာကင်မရွန်တို့ စုံတွဲ၊ ၎င်းတို့၏ ကလေးများသည် ပိုမိုကျယ်ဝန်းသော အမှတ် ၁၁ တွင်သာ နေထိုင်ခဲ့ကြသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

### Zawgyi Version ###

အဂၤလန္ဝန္ၾကီးခ်ဳပ္ အေျခစိုက္ရာ လန္ဒန္ျမိဳ႕၊ ေဒါင္းနင္းလမ္း အမွတ္ ၁၀ သို႔ ေလာ္ရီကားၾကီးဆိုက္ေရာက္လာ။ ဘ႑ာေရး ဝန္ၾကီးေဟာင္း ဆာဂ်စ္ ဂ်ာဗစ္ မိသားစု အိမ္ေျပာင္းကာ ဝန္ၾကီးသစ္ ရီရွီ ဆူးနက္ ေရႊ႕ေျပာင္းလာမည္

ဆာဂ်စ္ ဂ်ာဗစ္သည္ ကြန္ဆာေဗးတစ္ပါတီဝင္ျဖစ္ျပီး လႊတ္ေတာ္အမတ္အျဖစ္ ၂၀၁၀ မွစတင္ တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္သည္။ ၂၀၁၈ မွ ၂၀၁၉ ခုႏွစ္အထိ ျပည္ထဲေရးဝန္ၾကီးအျဖစ္လည္းေကာင္း၊ ၂၀၁၉ မွ ၂၀၂၀ အထိ ဘ႑ာေရးဝန္ၾကီးအျဖစ္လည္းေကာင္း တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္သည္။

၂၀၂၀ ျပည့္ႏွစ္ အစိုးရအဖြဲ႔ ျပန္လည္ဖြဲ႔စည္းရာတြင္ ဆာဂ်စ္ ဂ်ာဗစ္၏ ေနရာတြင္ ရီရွီ ဆူးနက္က ဘ႑ာေရးဝန္ၾကီးအျဖစ္ ၂၀၂၀ ျပည့္ႏွစ္၊ ေဖေဖာ္ဝါရီလမွ စတင္ျပီး တာဝန္ထမ္းေဆာင္ခဲ့ျခင္း ျဖစ္သည္။

ေဖေဖာ္ဝါရီ ၂၀ ရက္တြင္ အဂၤလန္ဝန္ၾကီးခ်ဳပ္ရံုးစိုက္ရာ ေဒါင္းနင္းလမ္းသို႔ ေနအိမ္ေရႊ႕ေျပာင္းသည့္ ဗန္ကားတစ္စင္းေရာက္လာသည္။

ဘ႑ာေရးဝန္ၾကီး ဆာဂ်စ္ ဂ်ာဗစ္၏ ပစၥည္းပစၥယမ်ား သယ္ထုတ္ရန္ႏွင့္ ရာထူးဆက္ခံသူ ရီရွီ ဆူးနက္ ရံုးစိုက္ရန္ ျဖစ္သည္။

ေဒါင္းနင္းလမ္း၊ အမွတ္ ၁၁ ရံုးေရွ႕သို႔ ၾကီးမားလွသည့္ ေလာ္ရီကားၾကီး ဆိုက္ေရာက္လာျပီး ဘ႑ာေရးဝန္ၾကီးေဟာင္းႏွင့္ မိသားစု ေျပာင္းေရႊ႕ရန္ စီစဥ္ခဲ့သည္။

အဆိုပါ ေလာ္ရီကားၾကီးမွာ အိမ္ေျပာင္းအိမ္ေရႊ႕ကုမၸဏီတစ္ခုျဖစ္ေသာ Bishop's Move မွျဖစ္၏။ မစၥတာဂ်ာဗစ္သည္ ဘ႑ာေရးဝန္ၾကီး အျဖစ္ ခန္႔ထားခံရစဥ္ကလည္း အဆိုပါကုမၸဏီမွ ေမာ္ေတာ္ကားျဖင့္ပင္ ေဒါင္းနင္းလမ္း အမွတ္ ၁၀ သို႔ မိသားစု ေျပာင္းေရႊ႕ခဲ့ျခင္း ျဖစ္သည္။

စင္စစ္ကား ေဒါင္းနင္းလမ္း အမွတ္ ၁၀ သည္ အဂၤလန္ဝန္ၾကီးခ်ဳပ္ ရံုးစိုက္ရမည့္ေနွရာျဖစ္၏။

သို႔ေသာ္ ဝန္ၾကီးခ်ဳပ္ ေဘာရစ္ဂၽြန္ဆင္က အိပ္ခန္း ၄ ခန္းပါဝင္ျပီး ပိုမိုၾကီးမားက်ယ္ဝန္းသည့္ အမွတ္ ၁၁ ေနရာကို ရံုးခန္းအျဖစ္ ေရြးခ်ယ္လိုက္ျပီး သူ၏ ခ်စ္သူမိန္းကေလး ကာရီ ဆိုင္မြန္ႏွင့္အတူ ေျပာင္းေရႊ႕ေနထိုင္ခဲ့ေသာေၾကာင့္ မစၥတာဂ်ာဗစ္ႏွင့္ မိသားစုက ေဒါင္းနင္းလမ္း အမွတ္ ၁၀ ၏ အေပၚထပ္ အိပ္ခန္း ၂ ခန္းပါ အခန္းတြင္ ေနထုိင္ခဲ့ရျခင္း ျဖစ္သည္။

ဘ႑ာေရးဝန္ၾကီးသစ္ ရီရွီ ဆူးနက္သည္ ေယာ့ခ္ရႈိင္းယားခရိုင္၊ ရစ္ခ်္မြန္းျမိဳ႕ မဲဆႏၵနယ္မွ လႊတ္ေတာ္အမတ္ျဖစ္ျပီး ေယာ့ခ္ရႈိင္းယား၏ မဟာရာဇာဟု တင္စားေခၚေဝၚခံရသူ ျဖစ္သည္။

ရီရွီ ဆူးနက္သည္ အက္ရွာတာႏွင့္ လက္ထပ္ခဲ့ျပီး ကရစ္ရွနားႏွင့္ အႏုရွ္ကာအမည္ရွိ သမီး ၂ ဦးထြန္းကားသည္။

မစၥတာဂ်ာဗစ္မွာ ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္း ရုတ္တရက္ရာထူးမွ ထြက္ခြာသြားျခင္း ျဖစ္သည္။

ယခင္က ေဒါင္းနင္းလမ္း၊ အမွတ္ ၁၀ သည္ အဂၤလန္ဝန္ၾကီးခ်ဳပ္၏ စံအိမ္၊ အေျခစိုက္ရံုးအျဖစ္ ကမၻာေက်ာ္ခဲ့ေသာ္လည္း ၁၉၉၇ ခုႏွစ္မွစတင္ျပီး ဝန္ၾကီးခ်ဳပ္မ်ားႏွင့္ ၎တို႔၏ မိသားစုမ်ားသည္ အမွတ္ ၁၁ တြင္ ေနထုိင္လာၾကသည္။

ဝန္ၾကီးခ်ဳပ္ တိုနီဘလဲနဲ႔ ဇနီးျဖစ္သူ ေရွွရီ ဘလဲတို႔က အိပ္ခန္း ၂ ခန္းသာပါေသာ အမွတ္ ၁၀ ရံုးေနရာထက္ ပိုမိုက်ယ္ဝန္းသည္ အမွတ္ ၁၁ ကို ေရြးခ်ယ္လိုက္ျခင္းမွ စတင္ခဲ့ျခင္း ျဖစ္သည္။

ယင္းေနာက္ပိုင္း အဆိုပါ လမ္းေၾကာင္းအတိုင္းပင္ ေနာက္ထပ္ဆက္ခံလာေသာ ဝန္ၾကီးခ်ဳပ္မ်ားက ေလွ်ာက္လွမ္းခဲ့ၾက၏။

ေဂၚဒြန္ဘေရာင္းႏွင့္ ဇနီးျဖစ္သူ ဆာရာ၊ ေဒးဗစ္ကင္မရြန္ႏွင့္ ဆမန္သာကင္မရြန္တို႔ စံုတြဲ၊ ၎တုိ႔၏ ကေလးမ်ားသည္ ပိုမိုက်ယ္ဝန္းေသာ အမွတ္ ၁၁ တြင္သာ ေနထိုင္ခဲ့ၾကသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service