ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Unicode Version ###
အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာတည်ဆောက်ရေးအတွက် မြေသန့်မင်္ဂလာအခမ်းအနားကို နေပြည်တော်ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်း တောင်ဘက် မြို့မဈေးနှင့် ဝဏ္ဏသိဒ္ဓိအဆင့်မြင့် အားကစားကွင်းကြားရှိ အဆိုပါအိမ်ရာတည်ဆောက်မည့် မြေဧက(၂၇၀)ပေါ်တွင် မတ်လ ၁၉ ရက်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပင့်ဖိတ်ထားသောသံဃာတော်အရှင်သူမြတ်များက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးအတွက် ပရိတ်တရားတော်နှင့် ကမ္မဝါစာများရွတ်ဖတ် သရဇ္ဈာယ်ပေးခဲ့ကြောင်းသိရသည်။
ထို့နောက် အိမ်ရာဆောက်လုပ်မည့် မြေနေရာများသို့ တာဝန်ရှိသူများမှ ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ကျောက်များကို လိုက်လံပက်ဖျန်းခဲ့ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သိရှိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာတည်ဆောက်ရေး မြေသန့်မင်္ဂလာပြုလုပ်