ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Unicode Version ###
မြိတ်မြို့ တွင် ကျပ်သန်း ၈၀၀ ရင်းနှီးမြှုပ်နှံမည့် ဟိုတယ်လုပ်ငန်းလိုင်စင်တစ်ခုကို တနင်္သာရီတိုင်းဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးတွင် ခွင့်ပြုခဲ့သည်။
ထိုဟိုတယ်ကို မြိတ်မြို့ကမ်းနားလမ်းတွင် ယခုနှစ်အတွင်းတည်ဆောက်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းသိန်းကပြောသည်။
တနင်္သာရီတိုင်းဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးတွင် ခရီးသွားဝန်ဆောင်မှုကုမ္ပဏီလိုင်စင် သုံးခု အသစ်ချထားပေးသော်လည်း ခရီးသွားဝန်ဆောင်မှုကုမ္ပဏီ နှစ်ခုက လိုင်စင်ပြန်လည်အပ်နှံ့ခဲ့သည်။
အဆိုပါလိုင်စင် ပြန်အပ်သည် COVID - 19 ရောဂါ ကြောင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကျဆင်းနေသည်နှင့် မသက်ဆိုင်ကြောင်း ဦးဝင်းသိန်း ကပြောသည်။
မြိတ်ကျွန်းစုသည် ပြည်တွင်းပြည်ပ ခရီးသွားလာမှုများသည့် ခရီးစဉ် တခုဖြစ်လာပြီး နောက်ပိုင်းတွင်လည်း အဓိက ခရီးစဉ်ဒေသတခု ဖြစ်လာနိုင်သည့် အလားအလာအကောင်းဆုံး နေရာတခုလည်း ဖြစ်သည်။
လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီး သို့ ရင်းနှီးမြှုပ်နံှမှု ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ အထိ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်း ပေါင်း ၃၃၀၀ တန်ဖိုးရှိ ရေငံပုဇွန် မွေးမြူထုတ်လုပ်ရောင်းချရေး လုပ်ငန်း ၁ ခုသာ ဝင်ရောက်ထားကြောင်း DICA စာရင်းများတွင်ဖော်ပြထားသည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ၿမိတ္တြင္ က်ပ္ သန္း ၈၀၀ တန္ ဟိုတယ္တစ္လုံးေဆာက္လုပ္ခြင့္ရ
ၿမိတ္ၿမိဳ႕ တြင္ က်ပ္သန္း ၈၀၀ ရင္းႏွီးျမႇဳပ္ႏွံမည့္ ဟိုတယ္လုပ္ငန္းလိုင္စင္တစ္ခုကို တနသၤာရီတိုင္းေဒသဆိုင္ရာ ခရီးသြားလုပ္ငန္းေကာ္မတီအစည္းအေဝးတြင္ ခြင့္ျပဳခဲ့သည္။
ထိုဟိုတယ္ကို ၿမိတ္ၿမိဳ႕ကမ္းနားလမ္းတြင္ ယခုႏွစ္အတြင္းတည္ေဆာက္မည္ျဖစ္ေၾကာင္း တနသၤာရီတိုင္း ဟိုတယ္ႏွင့္ ခရီးသြားၫႊန္ၾကားမႈဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉး ဦးဝင္းသိန္းကေျပာသည္။
တနသၤာရီတိုင္းေဒသဆိုင္ရာခရီးသြားလုပ္ငန္းေကာ္မတီအစည္းအေဝးတြင္ ခရီးသြားဝန္ေဆာင္မႈကုမၸဏီလိုင္စင္ သုံးခု အသစ္ခ်ထားေပးေသာ္လည္း ခရီးသြားဝန္ေဆာင္မႈကုမၸဏီ ႏွစ္ခုက လိုင္စင္ျပန္လည္အပ္ႏွံ႕ခဲ့သည္။
အဆိုပါလိုင္စင္ ျပန္အပ္သည္ COVID - 19 ေရာဂါ ေၾကာင့္ ခရီးသြားဝန္ေဆာင္မႈလုပ္ငန္းက်ဆင္းေနသည္ႏွင့္ မသက္ဆိုင္ေၾကာင္း ဦးဝင္းသိန္း ကေျပာသည္။
ၿမိတ္ကြၽန္းစုသည္ ျပည္တြင္းျပည္ပ ခရီးသြားလာမႈမ်ားသည့္ ခရီးစဥ္ တခုျဖစ္လာၿပီး ေနာက္ပိုင္းတြင္လည္း အဓိက ခရီးစဥ္ေဒသတခု ျဖစ္လာႏိုင္သည့္ အလားအလာအေကာင္းဆုံး ေနရာတခုလည္း ျဖစ္သည္။
လက္ရွိတြင္ တနသၤာရီတိုင္းေဒသႀကီး သို႔ ရင္းႏွီးျမႇဳပ္နံွမႈ ၂၀၁၇ ခုႏွစ္ကေန ၂၀၁၉ အထိ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ က်ပ္သန္း ေပါင္း ၃၃၀၀ တန္ဖိုးရွိ ေရငံပုဇြန္ ေမြးျမဴထုတ္လုပ္ေရာင္းခ်ေရးလုပ္ငန္း ၁ ခုသာ ဝင္ေရာက္ထားေၾကာင္း DICA စာရင္းမ်ားတြင္ေဖာ္ျပထားသည္။
စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com