ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Unicode Version ###
ကမ္ဘာကျော် အမေရိကန်ဖက်ရှင်ကုမ္ပဏီကြီး Calvin Klein ကို ပူးတွဲတည်ထောင်သူ ဘာရီ ကေ-ရှဝါ့ဇ်နှင့် ဇနီးဖြစ်သူ ရှရဲလ်တို့သည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဝက်ချက်စ်တာခရိုင်ရှိ ဧကပေါင်း ၇၄၀ ခန့် ကျယ်ဝန်းသော မြင်းခြံကြီးကို ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်တင်လာကြောင်း ဝေါစထရိဂျာနယ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။
Stonewall Farm ဟု အမည်ပေးထားသည့် မြင်းခြံကြီး၏ အကျယ်အဝန်းမှာ ဝက်ချက်စ်တာခရိုင်၏ အကြီးမားဆုံး ပုဂ္ဂလိကပိုင် အိမ်ခြံမြေများတွင် အပါအဝင်ဖြစ်သည်။
ဈေးကွက်ဝင်လာသည့် ခေါ်ဈေးအရ အဆိုပါခရိုင်တွင် ဈေးအကြီးဆုံးအိမ်ခြံမြေ ဖြစ်လာသည်။
Somers မြို့၊ Granite Springs ကျေးရွာတွင် တည်ရှိပြီး မြင်းခြံကြီးအတွင်း မြင်းကောင်ရေ ၄၀ ဆန့် မြင်းဇောင်းတစ်ခု၊ ၂၄ ကောင်ဆန့် မြင်းဇောင်း ၂ ခု၊ မြက်ခင်းပြေးလမ်း ၁ ခုနှင့် မြင်းစီးလမ်းများ ပါဝင်သည်။
ဘာရီတို့ ဇနီးမောင်နှံသည် အဆိုပါမြင်းခြံကြီးတွင် မြင်း ၆၅ ကောင်ခန့် မွေးမြူခဲ့ပြီး ယင်းတို့အနက်မှ အချို့မှာ ကင်တပ်ကီဒါဘီတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြဖူးသည်။
ဘာရီတို့ မိသားစု Stonewall မြင်းခြံကြီးကို ၁၉၇၉ ခုနှစ်အတွင်း ဝယ်ယူခဲ့စဉ်က အကျယ်အဝန်းမှာ ၆၇၃ ဧကသာရှိသေးပြီး ထိုစဉ်က ကန်ဒေါ်လာ ၃ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ကပ်လျက်မြေများကို ဆက်လက်ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ခြံဝန်းကြီးအတွင်း တည်ရှိသော ၄ ထပ် နေအိမ်ကို ၂၀၀၃ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ပျဉ်များထပ်ကာ ကာရံထားသည့် အဖြူရောင်မျက်နှာစာနှင့် သင်ပုန်းကျောက် အမိုးများရှိသည်။
နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၂၄၀၀၀ ခန့်ရှိပြီး အိပ်ခန်း ၈ ခန်း၊ ၂ ထပ်စာကြည့်တိုက်တစ်ခုနှင့် ပုလင်း ၂၂၀၀ ဆန့် ဝိုင်သိုလှောင်ခန်း တစ်ခုတို့လည်း ပါဝင်သည်။
နေအိမ်ပြင်ပတွင်ကား ဂျပန်ဟန် ပန်းဥယျာဉ်များ၊ လိပ်ပြာဥယျာဉ်တစ်ခု၊ အလျား ပေ ၆၀ ရှိသည့် ရေကန်ပါဝင်သော စတုရန်းပေ ၄၀၀၀ ရှိ အဆောက်အအုံ တစ်လုံး၊ spa ၊ အားကစားလေ့ကျင့်ရေးခန်းမနှင့် ချွေးထုတ်ခန်း ၁ ခုတို့ ပါဝင်သေးသည်။
၎င်းတို့ဇနီးမောင်နှံသည် ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာ ဘာဘရာတွင် နှစ်ဝက်ခန့် နေထိုင်လေ့ရှိပြီး ယင်းနောက် မြင်းပြိုင်ပွဲ ကာလများတွင် နယူးယောက်ပြည်နယ်၏ မြင်းပွဲအချက်အခြာဖြစ်သော ဆာရာတိုဂါတွင် လပေါင်းများစွာနေထိုင်လေ့ ရှိကြသည်။ ဘာရီသည် သူ၏ကလေးဘဝသူငယ်ချင်းဖြစ်သူ Calvin Klein နှင့်အတူ အဆိုပါဖက်ရှင်အမှတ်တံဆိပ်ကို ၁၉၆၈ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ၂၀၀၃ ခုနှစ်တွင် ၎င်းတို့၏ ကုမ္ပဏီကို ဖိလစ် ဗန် ဟူဆန်ထံ ကန်ဒေါ်လာ သန်း ၇၃၀ ဖြင့် ရောင်းချခဲ့သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
ကမၻာေက်ာ္ အေမရိကန္ဖက္ရွင္ကုမၸဏီၾကီး Calvin Klein ကို ပူးတြဲတည္ေထာင္သူက နယူးေယာက္ျပည္နယ္ရွိ ဧကေပါင္း ၇၄၀ ေက်ာ္ က်ယ္ဝန္းသည့္ ျမင္းေမြးျမဴေရးျခံၾကီးကို ကန္ေဒၚလာ သန္း ၁၀၀ ျဖင့္ အေရာင္းေစ်းကြက္တင္
ကမၻာေက်ာ္ အေမရိကန္ဖက္ရွင္ကုမၸဏီၾကီး Calvin Klein ကို ပူးတြဲတည္ေထာင္သူ ဘာရီ ေက-ရွဝါ့ဇ္ႏွင့္ ဇနီးျဖစ္သူ ရွရဲလ္တို႔သည္ အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ျပည္နယ္၊ ဝက္ခ်က္စ္တာခရိုင္ရွိ ဧကေပါင္း ၇၄၀ ခန္႔ က်ယ္ဝန္းေသာ ျမင္းျခံၾကီးကို ကန္ေဒၚလာ သန္း ၁၀၀ ျဖင့္ အေရာင္းေစ်းကြက္တင္လာေၾကာင္း ေဝါစထရိဂ်ာနယ္ သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။
Stonewall Farm ဟု အမည္ေပးထားသည့္ ျမင္းျခံၾကီး၏ အက်ယ္အဝန္းမွာ ဝက္ခ်က္စ္တာခရိုင္၏ အၾကီးမားဆံုး ပုဂၢလိကပိုင္ အိမ္ျခံေျမမ်ားတြင္ အပါအဝင္ျဖစ္သည္။
ေစ်းကြက္ဝင္လာသည့္ ေခၚေစ်းအရ အဆိုပါခရိုင္တြင္ ေစ်းအၾကီးဆံုးအိမ္ျခံေျမ ျဖစ္လာသည္။
Somers ျမိဳ႕၊ Granite Springs ေက်းရြာတြင္ တည္ရွိျပီး ျမင္းျခံၾကီးအတြင္း ျမင္းေကာင္ေရ ၄၀ ဆန္႔ ျမင္းေဇာင္းတစ္ခု၊ ၂၄ ေကာင္ဆန္႔ ျမင္းေဇာင္း ၂ ခု၊ ျမက္ခင္းေျပးလမ္း ၁ ခုႏွင့္ ျမင္းစီးလမ္းမ်ား ပါဝင္သည္။
ဘာရီတို႔ ဇနီးေမာင္ႏွံသည္ အဆိုပါျမင္းျခံၾကီးတြင္ ျမင္း ၆၅ ေကာင္ခန္႔ ေမြးျမဴခဲ့ျပီး ယင္းတုိ႔အနက္မွ အခ်ဳိ႕မွာ ကင္တပ္ကီဒါဘီတြင္ ဝင္ေရာက္ယွဥ္ျပိဳင္ခဲ့ၾကဖူးသည္။
ဘာရီတို႔ မိသားစု Stonewall ျမင္းျခံၾကီးကို ၁၉၇၉ ခုႏွစ္အတြင္း ဝယ္ယူခဲ့စဥ္က အက်ယ္အဝန္းမွာ ၆၇၃ ဧကသာရွိေသးျပီး ထိုစဥ္က ကန္ေဒၚလာ ၃ ဒသမ ၂၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။ ေနာက္ပိုင္းတြင္ ကပ္လ်က္ေျမမ်ားကို ဆက္လက္ဝယ္ယူခဲ့ျခင္း ျဖစ္သည္။
ျခံဝန္းၾကီးအတြင္း တည္ရွိေသာ ၄ ထပ္ ေနအိမ္ကို ၂၀၀၃ ခုႏွစ္တြင္ ေဆာက္လုပ္ျပီးစီးခဲ့ျပီး ပ်ဥ္မ်ားထပ္ကာ ကာရံထားသည့္ အျဖဴေရာင္မ်က္ႏွာစာႏွင့္ သင္ပုန္းေက်ာက္ အမိုးမ်ားရွိသည္။
ေနအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၂၄၀၀၀ ခန္႔ရွိျပီး အိပ္ခန္း ၈ ခန္း၊ ၂ ထပ္စာၾကည့္တိုက္တစ္ခုႏွင့္ ပုလင္း ၂၂၀၀ ဆန္႔ ဝိုင္သုိေလွာင္ခန္း တစ္ခုတို႔လည္း ပါဝင္သည္။
ေနအိမ္ျပင္ပတြင္ကား ဂ်ပန္ဟန္ ပန္းဥယ်ာဥ္မ်ား၊ လိပ္ျပာဥယ်ာဥ္တစ္ခု၊ အလ်ား ေပ ၆၀ ရွိသည့္ ေရကန္ပါဝင္ေသာ စတုရန္းေပ ၄၀၀၀ ရွိ အေဆာက္အအံု တစ္လံုး၊ spa ၊ အားကစားေလ့က်င့္ေရးခန္းမႏွင့္ ေခၽြးထုတ္ခန္း ၁ ခုတို႔ ပါဝင္ေသးသည္။ အဆိုပါျခံၾကီးတြင္ ကာလၾကာရွည္ ေနထိုင္ျဖစ္ျခင္းမရွိေသာေၾကာင့္ ျပန္လည္ေရာင္းခ်ျခင္းျဖစ္သည္ဟု ဆိုသည္။
၎တို႔ဇနီးေမာင္ႏွံသည္ ကယ္လီဖိုးနီးယားျပည္နယ္၊ ဆန္တာ ဘာဘရာတြင္ ႏွစ္ဝက္ခန္႔ ေနထိုင္ေလ့ရွိျပီး ယင္းေနာက္ ျမင္းျပိဳင္ပြဲ ကာလမ်ားတြင္ နယူးေယာက္ျပည္နယ္၏ ျမင္းပြဲအခ်က္အျခာျဖစ္ေသာ ဆာရာတိုဂါတြင္ လေပါင္းမ်ားစြာေနထိုင္ေလ့ ရွိၾကသည္။ ဘာရီသည္ သူ၏ကေလးဘဝသူငယ္ခ်င္းျဖစ္သူ Calvin Klein ႏွင့္အတူ အဆိုပါဖက္ရွင္အမွတ္တံဆိပ္ကို ၁၉၆၈ ခုႏွစ္တြင္ တည္ေထာင္ခဲ့ျခင္းျဖစ္သည္။
ယင္းေနာက္ ၂၀၀၃ ခုႏွစ္တြင္ ၎တို႔၏ ကုမၸဏီကို ဖိလစ္ ဗန္ ဟူဆန္ထံ ကန္ေဒၚလာ သန္း ၇၃၀ ျဖင့္ ေရာင္းခ်ခဲ့သည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com