ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Unicode Version ###
သေဆုံးခြင်းကို တားမြစ်သည့်ဥပဒေထုတ်ပြန်သည်မှာ ရူးနေခြင်းမဟုတ်လျှင် ပြက်လုံးတစ်ခုသာ ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။ သို့သော်..။
သေဆုံးခြင်းကို တင်းကြပ်စွာတားမြစ်မှုမျိုး ရှိခဲ့ပါသည်။
(ဂရိနိုင်ငံ)
ခရစ်တော်မပေါ်မီ ဘီစီ ၅၆၁ မှ ၅၂၇ အထိ အေသင်မြို့ပြနိုင်ငံကို အုပ်ချုပ်ခဲ့သူ ပိုင်ဆစ်စထရပ်တပ်စ်သည် အထွတ်အမြတ်ထားရာ ဒီလော့စ်ကျွန်းတွင် မြှုပ်နှံထားသည့် အလောင်းများကို ပြန်လည်တူးဖော်ရန်နှင့် သန့်ရှင်းပစ်ရန် အမိန့်ပေးခဲ့ဖူးသည်။
ပိုင်ဆစ် စထရပ်တပ်စ်သည် ဆေးလောက၏ ဖခင်ကြီးဟု တင်စားခံရသူ ဟစ်ပိုကရေးတီးစ်၏ သားဖြစ်၏။
မြင့်မြတ်သော မြေဟုသတ်မှတ်ထားသော ဒီလော့စ်ကျွန်းတွင် မည်သူ့ကိုမျှ သေဆုံးခွင့်၊ မွေးဖွားခွင့် မပေးချေ။
(ဂျပန်နိုင်ငံ)
နောင် ရာစုနှစ်ပေါင်း ၂၀ ခန့်အကြာ ကမ္ဘာ့တစ်ဘက်ခြမ်း ဂျပန်နိုင်ငံမှ အိဆုကူရှီမ အမည်ရှိကျွန်းသည် ဂျပန်လူမျိုးတို့ အထွတ်အမြတ်ထားရာ နေရာတစ်ခု ဖြစ်လာသည်။
အိဆုကူရှီမကျွန်း သန့်ရှင်းစင်ကြယ်စေရန်အတွက် လူသေများမြှုပ်နှံခြင်းတားမြစ်ထားပြီး အဆိုပါကျွန်းတွင် နေထိုင်သူ သက်ကြီးရွယ်အိုများနှင့် အပြင်းအထန် နာမကျန်းဖြစ်နေသူများကို ကျွန်းပေါ်မှ ထွက်ခွာစေသည်။
(နော်ဝေ)
ထို့အတူ အီကွေတာ၏ မြောက်ဘက် ၇၈ ဒီဂရီတွင် တည်ရှိကာ မြောက်ဝင်ရိုးစွန်းအနီးတွင် တည်ရှိသော နော်ဝေနိုင်ငံမှ မြို့ကလေးတစ်မြို့သည်လည်း သေဆုံးခွင့် ပိတ်ပင်ထားသော မြို့တစ်မြို့ ဖြစ်သည်။
“ခင်ဗျား ကျန်းမာရေး အခြေအနေ မကောင်းတော့ဘူးဆိုရင် ခင်ဗျားကို ကျွန်းပေါ်ကနေ နိုင်ငံကို ပြန်ပို့ခံရမှာဖြစ်ပါတယ်” ဟု နော်ဝေ သိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဂျန် ခရစ္စတီယန် မေယာက ပြောကြားသည်။
နော်ဝေနိုင်ငံရှိ လောင်းယာဗြန် အမည်ရှိ မြို့ကလေးသည် လူဦးရေ ၂၀၀၀ ခန့် နေထိုင်သည့်ဒေသကလေးဖြစ်ပြီး မြောက်ဝင်ရိုးစွန်းအလင်းများ (Northern Lights) ဟုခေါ်သည့် ညဉ့်သန်းခေါင်ယံတွင် မြို့ကလေးကောင်းကင်၌ ဆန်းကြယ်သည့် အလင်းများကို တွေ့မြင်ရသည့် နေရာဖြစ်သည်။
ရေခဲမှတ်အောက် အေးစက်သော မြေပြင်သည် အမြဲအေးခဲနေရာ ထိုဒေသတွင် နေထိုင်သူများအတွက်သာမက သေဆုံးသူများအတွက်ပင် သက်တောင့်သက်သာမရှိလှသည့်နေရာတစ်ခု ဖြစ်သည်။
၁၉၅၀ ပြည့်လွန်နှစ်များအတွင်း အလောင်းများသည် မြေပေါ်သို့ ပြန်ပေါ်လာရာ လူ့ခန္ဓာကိုယ်သည် သေဆုံးပြီးလျှင် ပုပ်သွားမြဲဖြစ်သော် လည်း ရေခဲမှတ်အောက် အအေးဓာတ်က အဆိုပါသဘာဝကို ဆန့်ကျင်လိုက်ပြီး အလောင်းများမှာ မူလပကတိအတိုင်း ရှိနေသည်ကို တွေ့ကြရသည်။ အဆိုပါအလောင်းများကို မတွေ့မီ ဆယ်စုနှစ်အနည်းငယ်ခန့်က စပိန်တုပ်ကွေးကပ်ရောဂါကြီး ကမ္ဘာတစ်ဝန်းပျံ့နှံ့ခဲ့ရာ ကမ္ဘာ့လူဦးရေ ၅ ပုံ ၁ ပုံခန့်အထိ ကူးစက်ခံရကာ သန်း ၁၀၀ ခန့် သေဆုံးခဲ့ကြရသည်။
(မှတ်ချက်- စပိန်တုပ်ကွေး H1N1 သည် ၁၉၁၈ ခုနှစ်က ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့လူဦးရေ သန်း ၅၀၀ ခန့် ကူးစက်ခံခဲ့ကြရသည်။ ထိုအချိန်က ကမ္ဘာ့လူဦးရေမှာ သန်း ၂၀၀၀ နီးပါးဖြစ်ရာ ကမ္ဘာ့လူဦးရေ၏ ၅ ပုံ ၁ ပုံ ကူးစက်ခံရခြင်း ဖြစ်သည်။ ရောဂါပြန့်ပွားသည့် ကာလမှာ ၁၉၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအထိ ဖြစ်သည်။)
လောင်းယာဗြန်မြို့ကလေးတွင်လည်း စပိန်တုပ်ကွေးဖြင့် သေဆုံးသူ ၁၀ ဦးကျော်ရှိခဲ့ပြီး ၎င်းတို့၏ အလောင်းများကို မြို့ကလေး၏ သင်္ချု ိင်းတွင် ၁၉၁၈ မှ ၁၉၂၀ အကြား မြှုပ်နှံထားခဲ့သည်။
ခရစ္စတီယန် မေယာက ပြောကြားရာတွင် မြေပြင်မှာ အမြဲအေးခဲနေသောကြောင့် လူ့ခန္ဓာကိုယ်များကို ပုပ်မသွားစေသည်သာမက ၎င်းတို့တွင် စွဲကပ်ခဲ့သည့် ရောဂါပိုးမွှားများကိုလည်း ပျက်စီးမသွားအောင် ထိန်းသိမ်းထားသကဲ့သို့ ဖြစ်နေကြောင်း ပြောကြားသည်။ သို့အတွက် အာဏာပိုင်တို့က အဆိုပါဒေသတွင် သေဆုံးခွင့် မပေးခြင်း၏ အကြောင်းရင်းတစ်ခုမှာလည်း အလောင်းများ ပြန်လည်ပေါ်ထွက်လာပါက ရောဂါများ ပြန့်နှံ့မှု မရှိစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် သုဿန်ကို ပိတ်သိမ်းလိုက်ပြီး ထိုဒေသတွင် လူသေမြှုပ်နှံခြင်းများ တားမြစ်သည့် ဥပဒေတစ်ရပ် ပြဌာန်းခဲ့သည်။
ထို့ကြောင့် လောင်းယာဗြန်မြို့ကလေးသည် လူများကို လာရောက်လည်ပတ်နေထိုင်ရန် ခွင့်ပြုသော်လည်း သေဆုံးခွင့်မပေးသော မြို့ကလေးအဖြစ် ကမ္ဘာပေါ်တွင် နာမည်ကျော်လေသည်။ ယင်းနောက်မှ စတင်ပြီး သေအံ့မူးမူးဖြစ်နေသူတို့ကို နော်ဝေပြည်မကြီးသို့ ပြန်လည်ပို့ဆောင်ပေးပြီး ပို့ဆောင်မှု အစဉ်ပြေချောမွေ့စေရန် နော်ဝေအစိုးရက အကူအညီပေးခဲ့သည်။
အကယ်၍ ရုတ်တရက်သေဆုံးမှုဖြစ်ပေါ်ပါကလည်း ထိုဒေသတွင် မြေမြှုပ်သဂြိဟ်ခွင့် ရရှိမည် မဟုတ်ချေ။
(အီတလီ)
နော်ဝေကဲ့သို့ မအေးလွန်းဘဲ ပိုမိုနွေးထွေးသည့် အီတလီနိုင်ငံတွင် အလယ်ခေတ် တောင်ခြေရွာကလေးတစ်ခုဖြစ်သော ဆယ်လီယာအမည်ရှိ ကျေးရွာကလေးတစ်ခုရှိသည်။
အဆိုပါ ဥပဒေအရ ဒေသခံများသည် မိမိကျန်းမာရေးကို ကိုယ်တိုင်ဂရုစိုက်ရန်နှင့် ကျန်းမာရေး ဆေးစစ်မှုများ ပုံမှန်ပြုလုပ်ရန် ညွှန်ကြားထားပြီး လိုက်နာရန် ပျက်ကွက်သူများကို ဒဏ်ငွေချမှတ်ခြင်းနှင့် အခွန်ကောက်ခံမှုများ ပြုလုပ်သည်ဟု ဆိုသည်။ သေမျိုးဖြစ်သော လူသားများကို မသေဆုံးရန် အုပ်ချုပ်သူတို့အနေဖြင့် မကာကွယ်နိုင်သော်လည်း သူ၏ အဓိကရည်ရွယ်ချက်မှာ သေခြင်းတရားကို ခုခံရန်နှင့် မြို့ကလေး၌ လူဦးရေကျဆင်းလာနေခြင်းကို ကာကွယ်ရန်ဖြစ်သည်ဟု ဇစ်ချီနယ်လာက ပြောကြားသည်။
(ပြင်သစ်)
ပြင်သစ်နိုင်ငံရှိ အချို့သော မြို့ငယ်ကလေးများတွင်မူ သင်္ချိုင်းမြေနေရာ ရှားပါးမှုကြောင့် လာရောက်လည်ပတ်သူများ၊ ထပ်မံရောက်ရှိလာသည့် လူသစ်များကို သေဆုံးခွင့်မပြုချေ။
သုဿာန်သစ်တစ်ခု ဆောက်လုပ်ပေးရန် အစိုးရကို တင်ပြတောင်းဆိုထားသော်လည်း အစိုးရထံမှ ထောက်ပံ့ကူညီမှု မရရှိခဲ့။ ထို့ကြောင့် အဆိုပါမြို့များက ၎င်းတို့ရင်ဆိုင်နေရသော အခက်အခဲကို လူအများသိရှိလာစေရန် ထူးဆန်းသည့် တားမြစ်ချက် ပြဌာန်းခဲ့ခြင်း ဖြစ်သည်။
နော်ဝေမှ လောင်းယာဗြန်မြို့ကလေးမှာမူ လူဦးရေ တိုးမြင့်လာရန်လည်း စိတ်မဝင်စား။ နောက်ထပ် သင်္ချိုင်းသစ်ကိုလည်း ဒေသခံတို့က မလိုလား။ လောင်းယာဗြန်မြို့ကလေး၏ ပြဿနာမှာ လူသေတို့မှ ပြန့်ပွားလာမည့် ရောဂါပိုးမွှားအန္တရာယ်သာ ဖြစ်သည်။
အဆိုပါ ပြဿနာကို သတိထားမိစေရန် ၁၉၅၀ ပြည့်လွန်ကာလများမှ စတင်ပြီး ထူးဆန်းသော ဥပဒေပြဌာန်းခဲ့ခြင်းဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် လူသေများမှ ရောဂါပြန့်ပွားနိုင်ကြောင်း သက်သေပြနိုင်ခဲ့သည်။
ထိုနှစ်အတွင်း သုတေသနပညာရှင်များက လောင်းယာဗြန်မြို့ကလေးသို့ ရောက်ရှိခဲ့ကာ သုဿာန်နေရာကို စစ်ဆေးခဲ့ကြ၏။ လူသေတို့၏ အလောင်းများမှ တစ်သျှူးများရယူပြီး စမ်းသပ်စစ်ဆေးကြည့်ရာ လူသားတို့အတွက် အန္တရာယ်များလှသည့် ဗိုင်းရပ်စ်ပိုးများ ရှင်သန်နေဆဲဖြစ်သည်ကို တွေ့ခဲ့ကြသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
ကမၻာေပၚက ေသဆံုးခြင့္မျပဳေသာ ထူးထူးဆန္းဆန္းျမိဳ႕မ်ား
ေသဆံုးျခင္းကို တားျမစ္သည့္ဥပေဒထုတ္ျပန္သည္မွာ ရူးေနျခင္းမဟုတ္လွ်င္ ျပက္လံုးတစ္ခုသာ ျဖစ္သည္ဟု ဆိုရမည္ ျဖစ္သည္။ သို႔ေသာ္..။
ေသဆံုးျခင္းကို တင္းၾကပ္စြာတားျမစ္မႈမ်ဳိး ရွိခဲ့ပါသည္။
(ဂရိႏိုင္ငံ)
ခရစ္ေတာ္မေပၚမီ ဘီစီ ၅၆၁ မွ ၅၂၇ အထိ ေအသင္ျမိဳ႕ျပႏိုင္ငံကို အုပ္ခ်ဳပ္ခဲ့သူ ပိုင္ဆစ္စထရပ္တပ္စ္သည္ အထြတ္အျမတ္ထားရာ ဒီေလာ့စ္ကၽြန္းတြင္ ျမွဳပ္ႏွံထားသည့္ အေလာင္းမ်ားကို ျပန္လည္တူးေဖာ္ရန္ႏွင့္ သန္႔ရွင္းပစ္ရန္ အမိန္႔ေပးခဲ့ဖူးသည္။
ပိုင္ဆစ္ စထရပ္တပ္စ္သည္ ေဆးေလာက၏ ဖခင္ၾကီးဟု တင္စားခံရသူ ဟစ္ပိုကေရးတီးစ္၏ သားျဖစ္၏။
ျမင့္ျမတ္ေသာ ေျမဟုသတ္မွတ္ထားေသာ ဒီေလာ့စ္ကၽြန္းတြင္ မည္သူ႔ကိုမွ် ေသဆံုးခြင့္၊ ေမြးဖြားခြင့္ မေပးေခ်။
(ဂ်ပန္ႏိုင္ငံ)
ေနာင္ ရာစုႏွစ္ေပါင္း ၂၀ ခန္႔အၾကာ ကမၻာ့တစ္ဘက္ျခမ္း ဂ်ပန္ႏိုင္ငံမွ အိဆုကူရွီမ အမည္ရွိကၽြန္းသည္ ဂ်ပန္လူမ်ဳိးတို႔ အထြတ္အျမတ္ထားရာ ေနရာတစ္ခု ျဖစ္လာသည္။
အိဆုကူရွီမကၽြန္း သန္႔ရွင္းစင္ၾကယ္ေစရန္အတြက္ လူေသမ်ားျမွဳပ္ႏွံျခင္းတားျမစ္ထားျပီး အဆိုပါကၽြန္းတြင္ ေနထုိင္သူ သက္ၾကီးရြယ္အိုမ်ားႏွင့္ အျပင္းအထန္ နာမက်န္းျဖစ္ေနသူမ်ားကို ကၽြန္းေပၚမွ ထြက္ခြာေစသည္။
(ေနာ္ေဝ)
ထို႔အတူ အီေကြတာ၏ ေျမာက္ဘက္ ၇၈ ဒီဂရီတြင္ တည္ရွိကာ ေျမာက္ဝင္ရိုးစြန္းအနီးတြင္ တည္ရွိေသာ ေနာ္ေဝႏိုင္ငံမွ ျမိဳ႕ကေလးတစ္ျမိဳ႕သည္လည္း ေသဆံုးခြင့္ ပိတ္ပင္ထားေသာ ျမိဳ႕တစ္ျမိဳ႕ ျဖစ္သည္။
“ခင္ဗ်ား က်န္းမာေရး အေျခအေန မေကာင္းေတာ့ဘူးဆိုရင္ ခင္ဗ်ားကို ကၽြန္းေပၚကေန ႏိုင္ငံကို ျပန္ပို႔ခံရမွာျဖစ္ပါတယ္” ဟု ေနာ္ေဝ သိပၸံႏွင့္ နည္းပညာတကၠသိုလ္မွ တြဲဖက္ပါေမာကၡ ဂ်န္ ခရစၥတီယန္ ေမယာက ေျပာၾကားသည္။
ေနာ္ေဝႏိုင္ငံရွိ ေလာင္းယာျဗန္ အမည္ရွိ ျမိဳ႕ကေလးသည္ လူဦးေရ ၂၀၀၀ ခန္႔ ေနထိုင္သည့္ေဒသကေလးျဖစ္ျပီး ေျမာက္ဝင္ရိုးစြန္းအလင္းမ်ား (Northern Lights) ဟုေခၚသည့္ ညဥ္႔သန္းေခါင္ယံတြင္ ျမိဳ႕ကေလးေကာင္းကင္၌ ဆန္းၾကယ္သည့္ အလင္းမ်ားကို ေတြ႔ျမင္ရသည့္ ေနရာျဖစ္သည္။
ေရခဲမွတ္ေအာက္ ေအးစက္ေသာ ေျမျပင္သည္ အျမဲေအးခဲေနရာ ထိုေဒသတြင္ ေနထုိင္သူမ်ားအတြက္သာမက ေသဆံုးသူမ်ားအတြက္ပင္ သက္ေတာင့္သက္သာမရွိလွသည့္ေနရာတစ္ခု ျဖစ္သည္။
၁၉၅၀ ျပည့္လြန္ႏွစ္မ်ားအတြင္း အေလာင္းမ်ားသည္ ေျမေပၚသို႔ ျပန္ေပၚလာရာ လူ႔ခႏၶာကိုယ္သည္ ေသဆံုးျပီးလွ်င္ ပုပ္သြားျမဲျဖစ္ေသာ္ လည္း ေရခဲမွတ္ေအာက္ အေအးဓာတ္က အဆိုပါသဘာဝကို ဆန္႔က်င္လိုက္ျပီး အေလာင္းမ်ားမွာ မူလပကတိအတိုင္း ရွိေနသည္ကို ေတြ႔ၾကရသည္။ အဆိုပါအေလာင္းမ်ားကို မေတြ႔မီ ဆယ္စုႏွစ္အနည္းငယ္ခန္႔က စပိန္တုပ္ေကြးကပ္ေရာဂါၾကီး ကမၻာတစ္ဝန္းပ်ံ႕ႏွံ႔ခဲ့ရာ ကမၻာ့လူဦးေရ ၅ ပံု ၁ ပံုခန္႔အထိ ကူးစက္ခံရကာ သန္း ၁၀၀ ခန္႔ ေသဆံုးခဲ့ၾကရသည္။
(မွတ္ခ်က္- စပိန္တုပ္ေကြး H1N1 သည္ ၁၉၁၈ ခုႏွစ္က ျဖစ္ပြားခဲ့ျပီး ကမၻာ့လူဦးေရ သန္း ၅၀၀ ခန္႔ ကူးစက္ခံခဲ့ၾကရသည္။ ထိုအခ်ိန္က ကမၻာ့လူဦးေရမွာ သန္း ၂၀၀၀ နီးပါးျဖစ္ရာ ကမၻာ့လူဦးေရ၏ ၅ ပံု ၁ ပံု ကူးစက္ခံရျခင္း ျဖစ္သည္။ ေရာဂါျပန္႔ပြားသည့္ ကာလမွာ ၁၉၁၈ ခုႏွစ္၊ ဇန္နဝါရီလမွ ၁၉၂၀ ျပည့္ႏွစ္၊ ဒီဇင္ဘာလအထိ ျဖစ္သည္။)
ေလာင္းယာျဗန္ျမိဳ႕ကေလးတြင္လည္း စပိန္တုပ္ေကြးျဖင့္ ေသဆံုးသူ ၁၀ ဦးေက်ာ္ရွိခဲ့ျပီး ၎တို႔၏ အေလာင္းမ်ားကို ျမိဳ႕ကေလး၏ သခ်ၤဳ ိင္းတြင္ ၁၉၁၈ မွ ၁၉၂၀ အၾကား ျမွဳပ္ႏွံထားခဲ့သည္။
ခရစၥတီယန္ ေမယာက ေျပာၾကားရာတြင္ ေျမျပင္မွာ အျမဲေအးခဲေနေသာေၾကာင့္ လူ႔ခႏၶာကိုယ္မ်ားကို ပုပ္မသြားေစသည္သာမက ၎တို႔တြင္ စြဲကပ္ခဲ့သည့္ ေရာဂါပိုးမႊားမ်ားကိုလည္း ပ်က္စီးမသြားေအာင္ ထိန္းသိမ္းထားသကဲ့သို႔ ျဖစ္ေနေၾကာင္း ေျပာၾကားသည္။ သို႔အတြက္ အာဏာပိုင္တို႔က အဆိုပါေဒသတြင္ ေသဆံုးခြင့္ မေပးျခင္း၏ အေၾကာင္းရင္းတစ္ခုမွာလည္း အေလာင္းမ်ား ျပန္လည္ေပၚထြက္လာပါက ေရာဂါမ်ား ျပန္႔ႏွံ႔မႈ မရွိေစရန္ ရည္ရြယ္ျခင္း ျဖစ္သည္။
ေနာက္ပိုင္းတြင္ သုႆန္ကို ပိတ္သိမ္းလိုက္ျပီး ထိုေဒသတြင္ လူေသျမွဳပ္ႏွံျခင္းမ်ား တားျမစ္သည့္ ဥပေဒတစ္ရပ္ ျပဌာန္းခဲ့သည္။
ထို႔ေၾကာင့္ ေလာင္းယာျဗန္ျမိဳ႕ကေလးသည္ လူမ်ားကို လာေရာက္လည္ပတ္ေနထုိင္ရန္ ခြင့္ျပဳေသာ္လည္း ေသဆံုးခြင့္မေပးေသာ ျမိဳ႕ကေလးအျဖစ္ ကမၻာေပၚတြင္ နာမည္ေက်ာ္ေလသည္။ ယင္းေနာက္မွ စတင္ျပီး ေသအံ့မူးမူးျဖစ္ေနသူတို႔ကို ေနာ္ေဝျပည္မၾကီးသို႔ ျပန္လည္ပို႔ေဆာင္ေပးျပီး ပို႔ေဆာင္မႈ အစဥ္ေျပေခ်ာေမြ႔ေစရန္ ေနာ္ေဝအစိုးရက အကူအညီေပးခဲ့သည္။
အကယ္၍ ရုတ္တရက္ေသဆံုးမႈျဖစ္ေပၚပါကလည္း ထိုေဒသတြင္ ေျမျမွဳပ္သျဂိဟ္ခြင့္ ရရွိမည္ မဟုတ္ေခ်။
(အီတလီ)
ေနာ္ေဝကဲ့သို႔ မေအးလြန္းဘဲ ပိုမိုေႏြးေထြးသည့္ အီတလီႏိုင္ငံတြင္ အလယ္ေခတ္ ေတာင္ေျခရြာကေလးတစ္ခုျဖစ္ေသာ ဆယ္လီယာအမည္ရွိ ေက်းရြာကေလးတစ္ခုရွိသည္။ ၂၀၁၅ ခုႏွစ္သတင္းမ်ားအရ အဆိုပါေဒသအုပ္ခ်ဳပ္သူ ဒါဗီဒီ ဇစ္ခ်ီနယ္လာက ေဒသခံမ်ားကို ဖ်ားနာခြင့္၊ ေသဆံုးခြင့္ မျပဳေသာ ေဒသတြင္း ဥပေဒအမိန္႔တစ္ရပ္ ထုတ္ျပန္ခဲ့သည္။
အဆိုပါ ဥပေဒအရ ေဒသခံမ်ားသည္ မိမိက်န္းမာေရးကို ကုိယ္တိုင္ဂရုစိုက္ရန္ႏွင့္ က်န္းမာေရး ေဆးစစ္မႈမ်ား ပံုမွန္ျပဳလုပ္ရန္ ညႊန္ၾကားထားျပီး လိုက္နာရန္ ပ်က္ကြက္သူမ်ားကို ဒဏ္ေငြခ်မွတ္ျခင္းႏွင့္ အခြန္ေကာက္ခံမႈမ်ား ျပဳလုပ္သည္ဟု ဆိုသည္။ ေသမ်ဳိးျဖစ္ေသာ လူသားမ်ားကို မေသဆံုးရန္ အုပ္ခ်ဳပ္သူတို႔အေနျဖင့္ မကာကြယ္ႏိုင္ေသာ္လည္း သူ၏ အဓိကရည္ရြယ္ခ်က္မွာ ေသျခင္းတရားကို ခုခံရန္ႏွင့္ ျမိဳ႕ကေလး၌ လူဦးေရက်ဆင္းလာေနျခင္းကို ကာကြယ္ရန္ျဖစ္သည္ဟု ဇစ္ခ်ီနယ္လာက ေျပာၾကားသည္။
(ျပင္သစ္)
ျပင္သစ္ႏိုင္ငံရွိ အခ်ဳိ႕ေသာ ျမိဳ႕ငယ္ကေလးမ်ားတြင္မူ သခၤ်ဳိင္းေျမေနရာ ရွားပါးမႈေၾကာင့္ လာေရာက္လည္ပတ္သူမ်ား၊ ထပ္မံေရာက္ရွိလာသည့္ လူသစ္မ်ားကို ေသဆံုးခြင့္မျပဳေခ်။
သုႆာန္သစ္တစ္ခု ေဆာက္လုပ္ေပးရန္ အစိုးရကို တင္ျပေတာင္းဆိုထားေသာ္လည္း အစိုးရထံမွ ေထာက္ပံ့ကူညီမႈ မရရွိခဲ့။ ထို႔ေၾကာင့္ အဆိုပါျမိဳ႕မ်ားက ၎တို႔ရင္ဆိုင္ေနရေသာ အခက္အခဲကို လူအမ်ားသိရွိလာေစရန္ ထူးဆန္းသည့္ တားျမစ္ခ်က္ ျပဌာန္းခဲ့ျခင္း ျဖစ္သည္။
ေနာ္ေဝမွ ေလာင္းယာျဗန္ျမိဳ႕ကေလးမွာမူ လူဦးေရ တိုးျမင့္လာရန္လည္း စိတ္မဝင္စား။ ေနာက္ထပ္ သခၤ်ဳိင္းသစ္ကိုလည္း ေဒသခံတို႔က မလိုလား။ ေလာင္းယာျဗန္ျမိဳ႕ကေလး၏ ျပႆနာမွာ လူေသတို႔မွ ျပန္႔ပြားလာမည့္ ေရာဂါပိုးမႊားအႏၱရာယ္သာ ျဖစ္သည္။
အဆိုပါ ျပႆနာကို သတိထားမိေစရန္ ၁၉၅၀ ျပည့္လြန္ကာလမ်ားမွ စတင္ျပီး ထူးဆန္းေသာ ဥပေဒျပဌာန္းခဲ့ျခင္းျဖစ္ျပီး ၁၉၉၈ ခုႏွစ္တြင္ လူေသမ်ားမွ ေရာဂါျပန္႔ပြားႏိုင္ေၾကာင္း သက္ေသျပႏိုင္ခဲ့သည္။
ထိုႏွစ္အတြင္း သုေတသနပညာရွင္မ်ားက ေလာင္းယာျဗန္ျမိဳ႕ကေလးသို႔ ေရာက္ရွိခဲ့ကာ သုႆာန္ေနရာကို စစ္ေဆးခဲ့ၾက၏။ လူေသတို႔၏ အေလာင္းမ်ားမွ တစ္သွ်ဴးမ်ားရယူျပီး စမ္းသပ္စစ္ေဆးၾကည့္ရာ လူသားတို႔အတြက္ အႏၱရာယ္မ်ားလွသည့္ ဗိုင္းရပ္စ္ပိုးမ်ား ရွင္သန္ေနဆဲျဖစ္သည္ကို ေတြ႔ခဲ့ၾကသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com