ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Unicode Version ###
တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာတွေ ဆောက်လုပ်လိုတဲ့လုပ်ငန်းရှင်တွေကို ရန်ကုန်မြို့တော်စည်ပင်က အဆိုပြုလွှာတင်သွင်းဖို့ ဖိတ်ခေါ်လိုက်ပါပြီ။
မြန်မာနိုင်ငံသား တိုင်းရင်းသားများပိုင် ပြည်တွင်းကုမ္ပဏီတွေအနေနဲ့ စိတ်ဝင်စားတယ်ဆိုရင်တော့ အဆိုပြုလွှာတွေကို စည်ပင်ရဲ့တင်ဒါလက်ခံရေးနဲ့ စိစစ်ရေးကော်မတီက တင်သွင်းရမှာပါ။
အဆိုပြုလွှာကို ဒီလ ၃ ရက်နေ့ကနေ လကုန်အထိတင်သွင်းနိုင်မှာဖြစ်ပါတယ်။
တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာတွေ ကိုတော့ ရွှေပြည်သာ ၊ ဒဂုံမြို့သစ်တောင်ပိုင်းမှာရှိတဲ့ မြေကွက်တွေမှာ အကောင်အထည်ဖော်မှာပါ။
စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ အဆိုပြုလွှာကို ကျောက်တံတားမြို့နယ်၊ ၃၄ လမ်းနှင့် စည်ပင်လမ်းထောင့်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဆယ်ထပ်ရုံး၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)၊မှာ ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။
တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာတွေ အကောင်အထည်ဖော်မယ့်မြေကွက်သုံးနေရာဟာ ၁၀ ဧကကျော်ကျယ်ဝန်းပြီး အဆိုပြုလွှာတင်သွင်းလာတဲ့ ပေါ်မူတည်ပြီးမြေကွက်တွေကိုချထားပေးမှာဖြစ်ပါတယ်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ေ႐ႊျပည္သာနဲ႔ ေတာင္ဒဂုံ မွာ အိမ္ရာေဆာက္လိုတဲ့လုပ္ငန္းရွင္ေတြကို အဆိုျပဳလႊာေခၚယူေန
တန္ဖိုးနည္း၊ တန္ဖိုးမွ်တအိမ္ရာေတြ ေဆာက္လုပ္လိုတဲ့လုပ္ငန္းရွင္ေတြကို ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္က အဆိုျပဳလႊာတင္သြင္းဖို႔ ဖိတ္ေခၚလိုက္ပါၿပီ။
ျမန္မာႏိုင္ငံသား တိုင္းရင္းသားမ်ားပိုင္ ျပည္တြင္းကုမၸဏီေတြအေနနဲ႔ စိတ္ဝင္စားတယ္ဆိုရင္ေတာ့ အဆိုျပဳလႊာေတြကို စည္ပင္ရဲ႕တင္ဒါလက္ခံေရးနဲ႔ စိစစ္ေရးေကာ္မတီက တင္သြင္းရမွာပါ။
အဆိုျပဳလႊာကို ဒီလ ၃ ရက္ေန႔ကေန လကုန္အထိတင္သြင္းႏိုင္မွာျဖစ္ပါတယ္။
တန္ဖိုးနည္း၊ တန္ဖိုးမွ်တအိမ္ရာေတြ ကိုေတာ့ ေ႐ႊျပည္သာ ၊ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းမွာရွိတဲ့ ေျမကြက္ေတြမွာ အေကာင္အထည္ေဖာ္မွာပါ။
စိတ္ဝင္စားတဲ့ လုပ္ငန္းရွင္ေတြအေနနဲ႔ အဆိုျပဳလႊာကို ေက်ာက္တံတားၿမိဳ႕နယ္၊ ၃၄ လမ္းႏွင့္ စည္ပင္လမ္းေထာင့္ရွိ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ဆယ္ထပ္႐ုံး၊ အင္ဂ်င္နီယာဌာန (အေဆာက္အအုံ)၊မွာ ဝယ္ယူႏိုင္ၿပီလို႔ သိရပါတယ္။
တန္ဖိုးနည္း၊ တန္ဖိုးမွ်တအိမ္ရာေတြ အေကာင္အထည္ေဖာ္မယ့္ေျမကြက္သုံးေနရာဟာ ၁၀ ဧကေက်ာ္က်ယ္ဝန္းၿပီး အဆိုျပဳလႊာတင္သြင္းလာတဲ့ ေပၚမူတည္ၿပီးေျမကြက္ေတြကိုခ်ထားေပးမွာျဖစ္ပါတယ္။
ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com