ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Unicode Version ###
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ကနေ ယခုလ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ တပတ်အတွင်းကုန်ကြမ်းယူကုန်ချောပေး CMP လုပ်ငန်းတွေအတွက် ကုန်ကြမ်းကားစီးရေ ၇၀ စီးခန့်အထိ တင်သွင်းခဲ့တယ်လို့ သတင်းရရှိပါတယ်။
ကုန်ကြမ်းတန်ဖိုးက အမေရိကန်ဒေါ်လာ ၃ သန်းခန့်အထိ တိုးမြင့်လာခဲ့တာလို့ သိရပါတယ်။
မတ်လ ၁၀ ရက်နေ့အထိ မှာတော့ ၁ ရက်ကို စီးရေ(၃၀)စီးခန့် သာတင်သွင်းနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
နှစ်စဉ် တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်ကာလတွေမှာ ကုန်သွယ်မှုလျော့နည်းလေ့ရှိပေမယ့် COVID-19 ရောဂါပိုး စတင်ကူးစက်မှုဖြစ်ပွားခြင်းနဲ့ ဆက်စပ်သွားတာကြောင့် ကုန်သွယ်မှု လုပ်ငန်းတွေ ရပ်ဆိုင်းသွားခဲ့ရတယ်လို့ ဆိုပါတယ်။
တရုတ်နှစ်သစ်ကူးကာလဖြစ်တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့မှာတော့ CMP ကုန်ကြမ်းတင်သွင်းမှုဟာ တစ်နေ့ကို ကားစီးရေ ၄၀ မှ ၅၀ အထိရှိခဲ့ပြီး ဇန်နဝါရီ ၂၇ နောက်ပိုင်းမှာတော့ ကား ၁ စီးကနေ ၃ စီးအထိပဲ ရှိပြီး အချို့ရက်တွေမှာတော့ တင်သွင်းမှုလုံးဝမရှိခဲ့ဘူးလို့ သိရပါတယ်။
ဒါ့အပြင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းတို့လည်း ကုန်သွယ်မှုလုပ်ငန်းတွေ ထိခိုက်လာခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် ဖေဖော်ဝါရီလ ၁၅ ရက်ကစတင်ပြီး တရုတ်နိုင်ငံအတွင်း ရောဂါပိုးကူးစက်မှု မရှိတဲ့ ပြည်နယ်တွေက ကုန်တင်ယာဉ်ကြီးတွေ ရွှေလီ၊ ကျယ်ဂေါင်မြို့တွေကို ဝင်ရောက်ခွင့်ရလာချိန်မှာတော့ CMP ကုန်ကြမ်းတင်သွင်းမှုမှာ တစ်နေ့ကို ကားစီးရေ ၅ စီး မှ ၇ စီးထိ စတင်တင်သွင်းလာနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မတ်လ ၁၇ ရက် ညပိုင်းကလည်း ပြည်တွင်းကအထည်ချုပ်လုပ်ငန်းတွေအတွက် အရေးတကြီး လိုအပ်နေတဲ့ တရုတ်နိုင်ငံက ကုန်ကြမ်းတွေ ကုန်တင်လေယာဉ်နဲ့ ရောက်ရှိလာခဲ့ပါသေးတယ်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
အထည္ခ်ဳပ္ေတြအတြက္ မူဆယ္ဂိတ္ကေန ကုန္ၾကမ္းကားေတြ ဝင္ေနၿပီ
မူဆယ္ (၁၀၅) မိုင္ ကုန္သြယ္ေရးဇုန္ကေန ယခုလ ၁၁ ရက္ေန႔ကေန ၁၇ ရက္ေန႔အထိ တပတ္အတြင္းကုန္ၾကမ္းယူကုန္ေခ်ာေပး CMP လုပ္ငန္းေတြအတြက္ ကုန္ၾကမ္းကားစီးေရ ၇၀ စီးခန႔္အထိ တင္သြင္းခဲ့တယ္လို႔ သတင္းရရွိပါတယ္။
ကုန္ၾကမ္းတန္ဖိုးက အေမရိကန္ေဒၚလာ ၃ သန္းခန႔္အထိ တိုးျမင့္လာခဲ့တာလို႔ သိရပါတယ္။
မတ္လ ၁၀ ရက္ေန႔အထိ မွာေတာ့ ၁ ရက္ကို စီးေရ(၃၀)စီးခန႔္ သာတင္သြင္းႏိုင္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
ႏွစ္စဥ္ တ႐ုတ္ႏွစ္သစ္ကူး ႐ုံးပိတ္ရက္ကာလေတြမွာ ကုန္သြယ္မႈေလ်ာ့နည္းေလ့ရွိေပမယ့္ COVID-19 ေရာဂါပိုး စတင္ကူးစက္မႈျဖစ္ပြားျခင္းနဲ႔ ဆက္စပ္သြားတာေၾကာင့္ ကုန္သြယ္မႈ လုပ္ငန္းေတြ ရပ္ဆိုင္းသြားခဲ့ရတယ္လို႔ ဆိုပါတယ္။
တ႐ုတ္ႏွစ္သစ္ကူးကာလျဖစ္တဲ့ ဇန္နဝါရီ ၂၄ ရက္ေန႔မွာေတာ့ CMP ကုန္ၾကမ္းတင္သြင္းမႈဟာ တစ္ေန႔ကို ကားစီးေရ ၄၀ မွ ၅၀ အထိရွိခဲ့ၿပီး ဇန္နဝါရီ ၂၇ ေနာက္ပိုင္းမွာေတာ့ ကား ၁ စီးကေန ၃ စီးအထိပဲ ရွိၿပီး အခ်ိဳ႕ရက္ေတြမွာေတာ့ တင္သြင္းမႈလုံးဝမရွိခဲ့ဘူးလို႔ သိရပါတယ္။
ဒါ့အျပင္ မူဆယ္၊ လြယ္ဂ်ယ္၊ ခ်င္းေ႐ႊေဟာ္နဲ႔ ကန္ပိုက္တီ ကုန္သြယ္ေရးစခန္းတို႔လည္း ကုန္သြယ္မႈလုပ္ငန္းေတြ ထိခိုက္လာခဲ့တယ္လို႔ သိရပါတယ္။
ဒါေပမယ့္ ေဖေဖာ္ဝါရီလ ၁၅ ရက္ကစတင္ၿပီး တ႐ုတ္ႏိုင္ငံအတြင္း ေရာဂါပိုးကူးစက္မႈ မရွိတဲ့ ျပည္နယ္ေတြက ကုန္တင္ယာဥ္ႀကီးေတြ ေ႐ႊလီ၊ က်ယ္ေဂါင္ၿမိဳ႕ေတြကို ဝင္ေရာက္ခြင့္ရလာခ်ိန္မွာေတာ့ CMP ကုန္ၾကမ္းတင္သြင္းမႈမွာ တစ္ေန႔ကို ကားစီးေရ ၅ စီး မွ ၇ စီးထိ စတင္တင္သြင္းလာႏိုင္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
မတ္လ ၁၇ ရက္ ညပိုင္းကလည္း ျပည္တြင္းကအထည္ခ်ဳပ္လုပ္ငန္းေတြအတြက္ အေရးတႀကီး လိုအပ္ေနတဲ့ တ႐ုတ္ႏိုင္ငံက ကုန္ၾကမ္းေတြ ကုန္တင္ေလယာဥ္နဲ႔ ေရာက္ရွိလာခဲ့ပါေသးတယ္။
ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com