ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Unicode Version ###
ဗဟိုဘဏ်ရဲ့ အတိုးနှုန်း၊ အပ်ငွေတွေအပေါ်ပေးတဲ့ အတိုးနှုန်းနဲ့ ချေးငွေတွေအပေါ်တောင်းခံတဲ့ အတိုးနှုန်းတွေကို ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ဗဟိုဘဏ်ကကြေညာလိုက်ပါတယ်။
ဗဟိုဘဏ်ရဲ့အတိုးနှုန်းကို တစ်နှစ် ၁၀ ရာခိုင်နှုန်းကောက်ခံခဲ့ရာကနေ လက်ရှိမှာတော့ ၉ ဒဿမ ၅ ရာခိုင်နှုန်း ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
ငွေစာရင်းအပ်ငွေ၊ ငွေစုလက်မှတ်နဲ့ အချိန်စေ့မှ ပေးရတဲ့ အပ်ငွေတွေအပေါ် တောင်းခံတဲ့ အတိုးနှုန်းကို ၈ ရာခိုင်နှုန်းမှ ၇ ဒဿမ ၅ ရာခိုင်နှုန်းနဲ့ ဘဏ်တွေက အာမခံပစ္စည်းရယူပြီး ထုတ်ချေးတဲ့ချေးငွေအတိုးနှုန်းကို ၁၃ ရာခိုင်နှုန်းမှ ၁၂ ဒဿမ ၅ ရာခိုင်နှုန်း၊ ၁၆ ရာခိုင်နှုန်းမှ ၁၅ ဒဿမ ၅ ရာခိုင်နှုန်းသို့ အသီးသီးလျော့ချခဲ့ပါတယ်။
ဒီလိုအတိုးနှုန်းပြင်ဆင်ချက်ဟာ လာမယ့်ဧပြီလ ၁ ရက်စတင်ပြီး အသက်ဝင်မှာဖြစ်ပါတယ်။
ဒါပေမယ့် ယခုလျော့ချပေးလိုက်တဲ့ အတိုးနှုန်းက အလွန်နည်းပါးပြီး လုပ်ငန်းလုပ်ကိုင်ဖို့မလွယ်ကူသေးသလို ထိရောက်မှုလည်း မရှိဘူးလို့ ကုန်သည်စက်မှုအသင်းချုပ် ဒုဥက္ကဌ ဒေါက်တာမောင်မောင်လေးကပြောပါတယ်။
ယခု လျော့ချပေးလိုက်တဲ့ အတိုးနှုန်းဟာအခြားနိုင်ငံတွေအတွက်တော့ ထိရောက်မှုရှိနိုင်ပြီး စာတွေ့မှာ အဆင်ပြေနိုင်ပေမယ့် လက်တွေ့မှာ လုပ်ကိုင်လို့မရဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ အတိုးနှုန်းက ကြီးမြင့်နေပြီး အခြားနိုင်ငံတွေလို အတိုးနှုန်းသက်သာမှုမရှိသေးဘူးလို့ သိရပါတယ်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ဗဟိုဘဏ္ရဲ႕အတိုးႏႈန္း ေလွ်ာ့ခ်မႈ ဧၿပီ (၁) ရက္ေန႔စတင္ၿပီ
ဗဟိုဘဏ္ရဲ႕ အတိုးႏႈန္း၊ အပ္ေငြေတြအေပၚေပးတဲ့ အတိုးႏႈန္းနဲ႔ ေခ်းေငြေတြအေပၚေတာင္းခံတဲ့ အတိုးႏႈန္းေတြကို ျပင္ဆင္သတ္မွတ္လိုက္ေၾကာင္း ဗဟိုဘဏ္ကေၾကညာလိုက္ပါတယ္။
ဗဟိုဘဏ္ရဲ႕အတိုးႏႈန္းကို တစ္ႏွစ္ ၁၀ ရာခိုင္ႏႈန္းေကာက္ခံခဲ့ရာကေန လက္ရွိမွာေတာ့ ၉ ဒႆမ ၅ ရာခိုင္ႏႈန္း ေျပာင္းလဲျပင္ဆင္သတ္မွတ္လိုက္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ထည့္သြင္းေဖာ္ျပထားပါတယ္။
ေငြစာရင္းအပ္ေငြ၊ ေငြစုလက္မွတ္နဲ႔ အခ်ိန္ေစ့မွ ေပးရတဲ့ အပ္ေငြေတြအေပၚ ေတာင္းခံတဲ့ အတိုးႏႈန္းကို ၈ ရာခိုင္ႏႈန္းမွ ၇ ဒႆမ ၅ ရာခိုင္ႏႈန္းနဲ႔ ဘဏ္ေတြက အာမခံပစၥည္းရယူၿပီး ထုတ္ေခ်းတဲ့ေခ်းေငြအတိုးႏႈန္းကို ၁၃ ရာခိုင္ႏႈန္းမွ ၁၂ ဒႆမ ၅ ရာခိုင္ႏႈန္း၊ ၁၆ ရာခိုင္ႏႈန္းမွ ၁၅ ဒႆမ ၅ ရာခိုင္ႏႈန္းသို႔ အသီးသီးေလ်ာ့ခ်ခဲ့ပါတယ္။
ဒီလိုအတိုးႏႈန္းျပင္ဆင္ခ်က္ဟာ လာမယ့္ဧၿပီလ ၁ ရက္စတင္ၿပီး အသက္ဝင္မွာျဖစ္ပါတယ္။
ဒါေပမယ့္ ယခုေလ်ာ့ခ်ေပးလိုက္တဲ့ အတိုးႏႈန္းက အလြန္နည္းပါးၿပီး လုပ္ငန္းလုပ္ကိုင္ဖို႔မလြယ္ကူေသးသလို ထိေရာက္မႈလည္း မရွိဘူးလို႔ ကုန္သည္စက္မႈအသင္းခ်ဳပ္ ဒုဥကၠဌ ေဒါက္တာေမာင္ေမာင္ေလးကေျပာပါတယ္။
ယခု ေလ်ာ့ခ်ေပးလိုက္တဲ့ အတိုးႏႈန္းဟာအျခားႏိုင္ငံေတြအတြက္ေတာ့ ထိေရာက္မႈရွိႏိုင္ၿပီး စာေတြ႕မွာ အဆင္ေျပႏိုင္ေပမယ့္ လက္ေတြ႕မွာ လုပ္ကိုင္လို႔မရဘူးလို႔ စီးပြားေရးလုပ္ငန္းရွင္ေတြကလည္း ဆိုပါတယ္။
ျမန္မာႏိုင္ငံမွာေတာ့ အတိုးႏႈန္းက ႀကီးျမင့္ေနၿပီး အျခားႏိုင္ငံေတြလို အတိုးႏႈန္းသက္သာမႈမရွိေသးဘူးလို႔ သိရပါတယ္။
ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com